What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျ လှပချင်သူ ပျိုမေတို့အတွက် နည်းလမ်းကောင်းများ

မွေးရာပါ စတိုင်ကျလှပနေသူရယ်လို့တော့ မရှိပါဘူး။စတိုင်ကျလှပသူတစ်ယောက် ဖြစ်ချင်ရင် လုပ်ယူလို့ရပါတယ်။ အဲ့ဒီအတွက် နည်လမ်းကောင်း တစ်ချို့ အကြံပြုပေးချင်ပါတယ်။


(၁)အသုံးအဆောင်ပစ္စည်းများ
ကိုယ့်ရဲ့လက်ရှိရှိရင်းဆွဲ ပုံစံကို တကယ်ပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အရောင်စုံ တောက်ပတဲ့ အသုံးအဆောင်ပစ္စည်း (accessories)များကို ရွေးချယ်အသုံးပြုပေးဖို့လိုပါတယ်။အ၀တ်ဗီဒိုထဲမှာ ပုံမှန်ဝတ်နေကျအရောင်တွေနဲ့ပဲထပ်နေတယ် ဆိုရင်တော့ နောက်ပိုင်းမှာ အရောင်စုံအ၀တ်အစားတွေကို ၀ယ်ယူပေးဖို့ အကြံပြုချင်ပါတယ်။


(၂)မိမိနဲ့လိုက်ဖက်တာတွေကို ရွေးချယ်ဝယ်ယူပါ
ဒီနေ့ဖက်ရှင်ရေစီးကြောင်းမှာ ဘာတွေခေတ်စားနေတယ်။ဘယ်လိုအ၀တ်အစားတွေ နာမည်ကြီးနေလဲဆိုတာတွေကို ခဏမေ့ထားလိုက်ပါ။လူတိုင်းမှာ မတူတဲ့ခန္ဓာကိုယ် body shapes တွေရှိပါတယ်။ဒါကြောင့်နာမည်ကြီးနေတဲ့အ၀တ်အစား ဒီဇိုင်းဆိုတာထက် မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အရာကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။


(၃)ဖုံးကွယ်မထားပါနဲ့
နာမည်ကြီးအနုပညာရှင်တွေကို ကြည့်လိုက်ပါ။အများစုဟာ သူတို့ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုကို ဖော်ထားတတ်ကြပါ တယ်။ဒါကြောင့် သင့်ကိုယ်ခန္ဓာပေါ်မှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးပါလဲ..?မိမိကိုယ်ပေါ်မှာ အကြိုက်ဆုံးအစိတ် အပိုင်းက ပခုံးဆိုရင် ပခုံးကို ဖော်လိုက်ပါ။ စကပ်အတိုဝတ်ပြီး ခြေထောက်ကို ပြဖို့မလိုပါဘူး။ပြတာတွေ အရမ်းများရင် အဓိက ကိုယ်ပြချင်တဲ့အရာကို သူများတွေ သတိထားမိတော့မှာ မဟုတ်လို့ပါ။


(၄)shopping ထွက်ချိန်မှာ စိတ်ကို ထိန်းချုပ်ထားတာမျိုးမလုပ်ပါနဲ့
Shopping ထွက်ရင်း ကိုယ်ကြိုက်တဲ့ အ၀တ်အစား တစ်ခုကိုမြင်လိုက်ပြီဆိုပါတော့.ဒီဝတ်စုံလေးက ကြည့်လို့ကောင်း လိုက်တာ ဒါပေမယ့် ငါနဲ့လိုက်မှာမဟုတ်လောက်ပါဘူး ဆိုတဲ့ စိတ်မျိုးလုံးဝမ၀င်ပါနဲ့။စမ်းဝတ်ကြည့်ပါ။ကြိုးစားကြည့်ပါ။ အနည်းဆုံးတော့ အ၀တ်လဲခန်းထဲကိုဝင် စမ်းဝတ်ကြည့်ပြီးမှ လိုက်၊မလိုက်ကို ဆုံးဖြတ်ပါ။


(၅)အရောင်တွေကို မကြောက်ပါနဲ့
အ၀တ်အစားဗီဒိုထဲမှာ အရောင်စုံ ရှိလေ ကောင်းလေပါပဲ။ဒါကြောင့်အရောင်တွေကို ရှောင်တာမျိုး မလုပ်စေချင်ပါဘူး။ ၀တ်နေကျအရောင်တွေကိုပဲ အထပ်ထပ်အခါခါ ၀တ်နေမယ့်အစား အရောင်စုံ ရွေးချယ်ဝယ်ယူ ၀တ်ဆင်ပေးပါလို့ အကြံပြုပါ ရစေ။


(၆)အသက်အရွယ်ဆိုတာကို အမြဲတမ်း ထည့်မစဉ်စားပါနဲ့
ငါ့အသက်ငါ့အရွယ်နဲ့ဒါမျိုးလိုက်ပါ့မလား၊၀တ်လို့သင့်တော်ပါ့မလား စသဖြင့် Shopping ထွက်တိုင်း တွေးမိနေတဲ့ ဒီလိုအတွေးကို တခါတရံမှာ မေ့ဖျောက်ထားပေးပါ။တခါတလေမှာတော့ အသက်အရွယ်ဆိုတဲ့အရာကြီးက ဖက်ရှင်ကျ သူတစ်ယောက်အဖြစ်ပြောင်းလဲရာမှာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

source:shwemom

Read 1465 times
Rate this item
(0 votes)