Site is under maintenance!

What's new



ဆွဲဆောင်မှုရှိတဲ့ ယောကျာင်္းတစ်ယောက်ဖြစ်စေမယ့် နည်းလမ်း ၇ မျိုး

ဆွဲဆောင်မှုရှိတဲ့ ယောကျာင်္းတစ်ယောက်ဖြစ်စေမယ့် နည်းလမ်း ၇ မျိုး facebook

ဆွဲဆောင်မှုရှိခြင်းဟာ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။တစ်ခါတစ်လေ ရုပ်ချောတဲ့သူတောင် ဆွဲဆောင်အားကောင်းတဲ့အထဲမှာ မပါတတ်ပါဘူး။ မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားဆိုတာ အခုပြောမယ့် အချက်တွေနဲ့ ပြည့်စုံတဲ့သူဖြစ်တတ်ပါတယ်။


(၁)အသံနေအသံထားကောင်းခြင်း
မျက်နှာအသွင်ပြင် ခန့်ညားတာလိုပဲ ဆွဲအားကောင်းတဲ့ အသံတွေဟာ တစ်ဖက်လူကို တိမ်းညွတ်လာစေနိုင်ပါတယ်။ လေယူလေသိမ်း ကောင်းမွန်ပြီး သြဇာပါတဲ့ အမျိုးသားတွေဟာ ယုံကြည်အားကိုးချင်စရာလို့ အများက ယူဆတတ်ပါတယ်။

1
(၂)တည်ငြိမ်အေးချမ်းခြင်း

ပြဿနာ အခက်အခဲတွေနဲ့ တွေ့ချိန်မှာ ပျာယာခပ်မနေဘဲ တည်ငြိမ်သူဟာလည်း ထူးခြားတဲ့သူအဖြစ်  အများရဲ့အသိအမှတ်ပြုမှုခံရတတ်ပါတယ်။စိတ်အေးချမ်းအောင်နေတတ်သူဟာ ကိုယ်အမှုယာ၊နှုတ်အမှုအယာလည်း တည်ကြည်နေတာကြောင့် သူနဲ့ဆုံသူတိုင်းကိုပါ ငြိမ်သက်အေးဆေးစေနိုင်တဲ့အစွမ်းရှိပါတယ်။

2


(၃)ကိုယ်နံ့ကောင်းအောင် ဂရုစိုက်ခြင်း
အနံ့အသက်ကလည်း လူတစ်ယောက်ရဲ့Attractionပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ လူတွေအများကြီးနဲ့ ဆက်ဆံတွေ့ကြုံနေရသူတွေမှာ ကိုယ်နံ့ကောင်းအောင် အများကြီး ဂရုစိုက်ဖို့လိုပါတယ်။

3

(၄)အဝတ်အစား ဝတ်တတ်ခြင်း
 ဆွဲဆောင်မှုရှိဖို့ တန်ဖိုးကြီး အဝတ်အစားမျိုး ဝတ်စရာမလိုပါဘူး။ယောင်္ကျားတစ်ယောက်ဟာ သပ်သပ်ရပ်ရပ် ဝတ်စားတတ်ရင်ကို လူကြားထဲမှာ ထင်ရှားနေတတ်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာတဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး သင့်တင့်တဲ့ အဝတ်အစားဝတ်တာဟာ ကိုယ့်စတိုင်အတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်စိတ် မြင့်မားစေပါတယ်။

4

(၅)ကြင်နာမှု ပြပါ

နှုးညံ့ကြင်နာတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ခြင်းဟာ ယောင်္ကျားတစ်ယောက်အတွက် အကောင်းဆုံးပုံရိပ်ကို ဖော်ပြရာ ရောက်သလို အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာလည်း လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်လို ပုံပေါ်စေနိုင်ပါတယ်။

5

 

(၆)ကိုယ်နေဟန်ထား

ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လက်တွေခြေတွေကို သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်တာ သွားလာ လှုပ်ရှားတာလုပ်သင့်ပါတယ်။ Body Language ပုံစံအရ လွတ်လပ်ပွင့်လင်းတဲ့ Open Typeဖြစ်နေတဲ့သူဟာ ရုပ်မချောတောင် ကြည့်ကောင်းနေမှာပါ။

6

 

(၇)ယောင်္ကျားဆန်ဆန်နေပါ
ယောင်္ကျားတစ်ယောက်ဖြစ်လို့ မုတ်ဆိတ်၊နှုတ်ခမ်းမွှေးလိုမျိုး ယောင်္ကျားလက္ခဏာတွေ ကိုယ့်မှာ ရှိလာပါလိမ့်မယ်။ ဒါတွေကို သပ်သပ်ရပ်ရပ် ကြည့်ပျော် ရှုပျော်ဖြစ်အောင်တော့ ပြုပြင်ပေးရမှာ ဖြစ်ပေမယ့် အလွန်အကျွံ အလှပြင်တာမျိုး မလုပ်သင့်ပါဘူး။
Gym လေး ဘာလေးသွား၊ ကိုယ်ကာယပိုင်းမှာ တောင့်တင်းသန်မာအောင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်အဖြစ် လူကြားသူကြားထဲမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိရှိနေနိုင်မှာ ဖြစ်ပါတယ်။

7

 

ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအမျိုးသားတွေက ဆွဲဆောင်မှုရှိနေလဲဆိုတာ ဒီအချက်တွေနဲ့ ကြည့်ကြည်လိုက်ပါနော်

Source: Kwee

Myanmar Textile and Garment Directory

Read 625 times
Rate this item
(0 votes)