What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဖက်ရှင် မဂွမ်းဖို့ သတိထားသင့်တဲ့အရာအချို့
1.Excessive Glitter
2.knockoff brand
3.Clashing Prints
4.wearing fine jewelry
5.Uncomfortable Shoes
6.Ignoring ur size
Unicode ဖြင့်ဖတ်ရန်
ဖက်ရှင်နဲ့ပတ်သက်ရင် ပြောခဲ့ဖူးသလိုပဲ ဘောင်မရှိပါဘူး။မိမိစိတ်ကူးအတိုင်း လွတ်လပ်စွာ ကွဲထွက်ဝတ်ဆင်ခွင့်ရှှိပါတယ်။ဒါပေမယ့် ဒီလိုအတွဲအစပ်တွေကြား အလန်းဆုံးဖက်ရှင်ဆိုတဲ့ ဦးတည်ချက်မရောက်ပဲ ဂွမ်းမသွားဖို့ အနည်းငယ်သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ။
1.Excessive Glitter
တဖိတ်ဖိတ်တလက်လက်နဲ့အတုဒီဇိုင်းတွေဟာ သိပ်အပေါစားဆန်တာကြောင့် ပုံမှန်ထက်ပိုပြီးလွန်ကျူးးစွာ ရွေးချယ်အသုံးပြု၊ဝယ်ယူခြင်းကို ရှောင်သင့်ပါတယ်။
2.knockoff brand
ကိုယ့်စိတ်ကြိုက်ဝယ်သုံးချင်လို့ replicaဆိုတဲ့ အစားထိုးbrandတွေကို ဝယ်သုံးတယ်ဆိုပေမယ့် အစစ်မသုံးနိုင်ခင် သိသာလွန်းနေတဲ့brandအတုတွေဝယ်သုံးမယ့်အစား brandမဟုတ်တဲ့ ခပ်ကောင်းကောင်းအမျိုးအစားပဲ ဝယ်သုံးလိုက်ပါ။
3.Clashing Prints
ဒီလိုပုံရိုက်သားတွေဝတ်ဆင်တဲ့အခါမျိုးမှာလည်း ဝတ်ထားတဲ့အောက်ကဘောင်းဘီဒီဇိုင်းနဲ့အစင်းကြားအကျီင်္က ဘလိုမှအဆက်အစပ်မရှိမအပ်စပ်နေတာကြောင့် ဂွမ်းနေတဲ့ဘက်ကိုပဲ ဦးတည်သွားပါတယ်။ဒါကြောင့် သေချာစွာ တွဲစပ်ဝတ်ဆင်ပါ။
4.wearing fine jewelry
တန်ဖိုးကြီးတဲ့ရတနာထည်တွေကို အပြုံလိုက်ဝတ်ဆင်ထားခြင်းကလည်း ဖက်ရှင်ကိုဂွမ်းစေပါတယ်။ပေါ့ပေါ့ပါးပါးရိုးရိုးရှင်းရှင်း တစ်မျိုးတည်း၊တစ်ခုတည်းနဲ့တင် သင့်သွင်ပြင်ကို ခန့်ထည်စတိုင်ကျစေသော ရတနာထည်များကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
5.Uncomfortable Shoes
ဒေါက်မြင့်ဖိနပ်တွေဟာ သင့်ခြေလှမ်းတွေကိုပိုဝံ့ကြွားစေ၊ပိုမိန်းမဆန်စေတယ်ဆိုပေမယ့် နေရာဒေသတိုင်းနဲ့တော့ ကိုက်ညီမှုမရှိပါဘူး။သင်ဝတ်ဆင်ထားတဲ့ဖိနပ်ဟာ သင့်ယုံကြည်ချက်ပဲဖြစ်တာကြောင့် နေရာဒေသပေါ်မူတည်ပြီး လိုက်ဖက်အောင်၊သက်တောင့်သက်သာရှိအောင် ရွေးချယ်ဝတ်ဆင်ဖို့တော့ လိုပါလိမ့်မယ်။
6.Ignoring ur size
sizeအရွယ်အစားအမျိုးမျိုးရှိပြီး သင်ဝတ်နေကျsizeတစ်ခုက တံဆိပ်တိုင်း ထိုsizeအတိုင်းကိုက်နေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ဒါပေမယ့် ကိုယ်နဲ့လျော်ညီကိုက်ညီတဲ့ အဝတ်အစားမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။အဆန်းထွင်လွန်းအားကြီးပြီး ရှိရင်းစွဲမိမိခန္ဓာကိုယ်အလှအပပါ ဂွမ်းသွားတာမျိုးတော့ အဖြစ်မခံပါနဲ့။
Read 1388 times
Rate this item
(1 Vote)