What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေအတွက် ပိုပြီး ပိန်သွယ်တယ်လို့ ထင်ရအောင် ကူညီပေးမယ့် နည်းလမ်းကောင်းများ

ကိုယ်ကိုယ်တိုင် ပြီးပြည့်စုံတဲ့ ပုံသဏ္ဍန်အနေအထားတစ်ခုကိုရဖို့အတွက် အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ မလွယ်လှပါဘူး။ ဒါပင်မဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းဖို့လိုအပ်တာကြောင့် ဒါတွေကိုပြုလုပ်ဖို့ မိနစ် အနည်းငယ်လောက်တော့လိုအပ်ပါတယ်။

ဒီလို အချိန်အခါမျိုးမှာ ချက်ချင်းဆိုသလို သင့်ကို အလွန်ကြည့်ကောင်းအောင် ကူညီပေးဖို့အတွက် ထိရောက်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

(၁)သက်တောင့်သက်သာရှိတဲ့ ဖိနပ်ကို ရွေးချယ်ပါ

1
သင့်ရဲ့ခန္ဓာကိုယ် ပိန်သွယ်ဖို့နဲ့ ခြေချောင်းလေးတွေ ရှည်သဖွယ်ထင်ရစေဖို့ သင့်ရဲ့ အသားအရည်နဲ့ ဆင်တူတဲ့ ဖိနပ်မျိုးကို ဝတ်ဆင်သင့်ပါတယ်။ အဝါနုရောင်၊ သနပ်ခါးရောင်၊ အညိုရောင်တွေဟာ သင့်ရဲ့ခြေတံကို ပိုရှည်တယ်လို့ ထင်ရမှာပါ။ တကယ်လို့ ဘောင်းဘီရှည် ဒါမှမဟုတ် ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ဆင်မယ်ဆိုရင် သင်ဝတ်ထားတဲ့အင်္ကျီအရောင်နဲ့ ဆင်တူတဲ့ ဖိနပ်ကို ရွေးချယ်ပါ။ ဒီနည်းလမ်းလေးဟာ သင့်ရဲ့ခြေတံကို အနည်းငယ်ရှည်သွားတယ်လို့ ထင်ရစေပါတယ်။ ကြိုးသိုင်းဒေါက်တွေဟာ သင့်ရဲ့ခြေတံတိုတယ်လို့ ထင်ရတာမို့ မရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

(၂)သေးလွန်းသော သို့မဟုတ် ကြီးလွန်းသော အဝတ်အစားတွေကို ရှောင်ရှားပါ

2
သေးတဲ့အင်္ကျီ ဒါမှမဟုတ် ကြီးတဲ့အင်္ကျီ တွေကို မဝယ်ပါနဲ့။ အဲ့လို အဝတ်အစားတွေဟာ သင့်ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပါလိမ့်မယ်။ လူအများအာရုံမှာ ဝစေတယ်လို့ထင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဝတ်ဆင်လိုက်တဲ့အခါ ကွက်တိဖြစ်နေမယ့် အဝတ်အစားတွေဟာ သင့်ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ပေးပြီး ပိန်သွယ်တယ်လို့ ထင်စေမှာပါ။

(၃)သင့်ရဲ့ကျေပြင်ကို မတ်မတ် ထားပါ

3
ကောင်းတဲ့ကိုယ်နေဟန်ထားတွေဟာ အမျိုးသမီးတိုင်းကို ကြည့်ကောင်းစေနိုင်ပြီး သင်တို့ရဲ့ခါးကိုလည်း သေးငယ်စေတယ်လို့ ထင်ရမှာပါ။ ပျော့တိပျော့ခွေနေခြင်းဟာ မကောင်းတဲ့ အလေ့အထဖြစ်ပြီး သင့်ကို ပုစေတယ်လို့ ထင်ရစေတယ်။ ဒါတွေဟာ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ သင့်ရဲ့တင်ပါးကို သေးစေတယ်လို့ ထင်ရဖို့ ကျောပြင်ကိုမတ်မတ်ထားပါ။

(၄)Contouring ပြုလုပ်နည်း အခြေခံကို လေ့လာပါ

4
contouring လုပ်ခြင်းဟာ သင့်ရဲ့မျက်နှာကို သွယ်စေတယ်ထင်ရပြီး မေးနှစ်ထပ် ဖြစ်နေတာကိုလည်း ဖုံးကွယ်နိုင်ပါတယ်။ အမှောင်နဲ့အလင်းဘက်သွားတဲ့ ခြယ်သမှုတွေကို ဘယ်လိုမှန်ကန်စွာ ပြုလုပ်ရမလဲဆိုတာ လေ့လာဖို့ လိုအပ်တယ်။ ဘယ်လိုအရာတွေကို ဖုံးကွယ်ချင်ပြီး ဘယ်လို အရာတွေကို ထင်ရှားပေါ်လွင်စေခြင်လဲဆိုတဲ့ အဓိက နည်းလမ်းတွေကို မှတ်သားထားရမယ်။ ဒါဟာ အရေးကြီးတဲ့အချက်ပါပဲ။

(၅)မှန်ကန်တဲ့ အဝတ်အထည်ကို ရွေးချယ်ပါ

5
အသားကြမ်းတဲ့ပစ္စည်း သို့မဟုတ် အဝတ်အထည်တွေကို မဝယ်ပါနဲ့။ လေးထောင့်ကွက်ပုံစံ ဒီဇိုင်းတွေကို ရှောင်ကြဉ်ပါ။ အပြစ်အနာဆာတွေကို ဖုံးအုပ်ပေးဖို့ အသားချောပြီး ပျော့တဲ့ အဝတ်အထည်တွေကို ရွေးချယ်ပေးပါ။

(၆)မှန်ကန် အသုံးအဆောင်ပစ္စည်းတွေကို ရွေးချယ်ဝတ်ဆင်ပါ

6
တင်းကျပ်တဲ့လည်စည်းနှင့် လည်ထောင်အင်္ကျီတွေက သင့်ရဲ့ရုပ်သွင်ကို ခြုံငုံကြည့်လိုက်ရင် ပိုပြီး ဝန်ပိစေပါတယ်။ လည်စည်းပုဝါ ဝတ်မဲ့ အစား ခါးပတ်ပတ်တာ ဒါမှမဟုတ် အင်္ကျီစကို ဘောင်းဘီထဲထည့်ဝတ်တာတို့ဟာ သင့်ကို ပိုပြီး ကြည့်ကောင်းစေမှာပါ။ လည်ဝိုင်းပုံစံ သို့မဟုတ် ဗွီပုံစံလည်ပင်းဒီဇိုင်းက အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါ့အပြင် အရွယ်အစားကြီးပြီး ရှည်တဲ့ လည်ဆွဲတွေကို မဝတ်ဆင်ပဲနဲ့ နားကပ်သေးသေးလေးတစ်စုံတာ ပန်လိုက်ရင် သင့်ရဲ့ရုပ်သွင်ကို ပိုပြီးပြည့်စုံသွားနိုင်ပါလိမ့်မယ်။

(၇)ခန္ဓာကိုယ်ပေါ်လွင်စေတဲ့အင်္ကျီကို ဝတ်ဆင်ပါ

7
ခန္ဓာကိုယ်ပေါ်လွင်စေတဲ့ အင်္ကျီတွေဟာ သင့်ကို ပိုပိန်တယ်လို့ထင်ရစေတာကြောင့် ဒါဟာအမျိုးသမီးတွေအတွက်တော့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေသာမက တင်ပါးနှင့် ဝမ်းဗိုက်ကို ဖုံးကွယ်ချင်တဲ့ အမျိုးသမီးတွေအတွက်လည်းပဲ အထောက်အကူဖြစ်စေပါတယ်။ သို့သော် ဒီလို ခန္ဓာကိုယ်ပေါ်လွင်စေတဲ့ အင်္ကျီတွေကို မကြာခဏမဝတ်ပါနဲ့။ အရေးကြီးပွဲတွေမှသာ ရွေးချယ်ဝတ်ဆင်ပါ။

 

Author:TDA

Read 8155 times
Rate this item
(1 Vote)