What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၉ခုနှစ်မှာ ဈေးအကြီးဆုံးလက်ကိုင်အိတ်(၁၀)လုံး

၂၀၁၉ခုနှစ်မှာ ဈေးအကြီးဆုံးလက်ကိုင်အိတ်(၁၀)လုံး financesonline.com

Textile ကနေ လက်ကိုင်အိတ်တွေကိုမှကြိုက်တတ်တဲ့ ယောင်းတို့အတွက် ၂၀၁၉ခုနှစ်ရဲ့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး လက်ကိုင်အိတ်(၁၀)လုံးကို ပြောပြပေးချင်ပါတယ်နော်။

(၁၀) Hermes Birkin’s Blue Crocodile handbag($150000)

 ဒီအိတ်ရဲ့တန်ဖိုးမြင့်တတ်လာတဲ့ အကြောင်းအရင်းကတော့ ဆန်းပါတယ်။ မင်းသမီးတစ်ဦးဖြစ်တဲ့ Jane Birkin ဆိုတဲ့သူမဟာ ဒီအိတ်ကိုဝယ်ယူခဲ့ပြီး အပြန်မှာ ကံမကောင်းစွာ လေယာဉ်ပျက်ကျမှု ဖြစ်ပွားတာနဲ့ ပတ်သတ်၍ ဒီအိတ်ရဲ့တန်ဖိုးဟာလည်း မြင့်တတ်ခဲ့ပါတယ်ရှင့်။

 

10

 

 

 

(၉) Hermes 30cm Birkin Bag (the Shiny Rouge H Porous Crocodile)($203150)

ဒီအိတ်ဟာဆိုရင်ဖြင့် မိကျောင်းသာရေကို အသုံးပြုပြီး အနီရောင်ကာလာနှင့်ပြုလုပ်ထားပါတယ်။ ဒီအိတ်ကို တက္ကဆက်ပြည်နယ် ကပြုလုပ်တဲ့ လေးလံပွဲတစ်ခုမှာ လူတစ်ဦးက ဝယ်ယူထားပြီး နှစ်ပေါင်းများစွာ ဈေးအကြီးဆုံးအိတ်စာရင်းထဲမှာ ဖော်ပြခြင်းခဲ့ခံရပါတယ်။

 

9

9 1

 

(၈)Hermes Birkin’s Studded Fuchsia Diamond handbag ($222,000)

ဒီအိတ်ကို စိန်နှင့်ရွှေတို့ဖြင့်ပြုလုပ်ထားပြီး ၁၈ကာရက်ရှိပါတယ်။ ဒီအိတ်ကို ၂၀၁၅ခုနှစ်တွင် Hong Kongက လေလံဆွဲပွဲတစ်ခုမှာ ဒေါ်လာ၁.၇၂သန်းထိမြင့်တတ်ခဲ့ပါတယ်ရှင့်။

 

8

 

 


(၇) Diamond Forever Channel Handbag ($261,000)

 Chanelက အိတ်တိုင်းဟာ သူတို့ရဲ့ အမှတ်တံဆိပ်နဲ့အတူ ရိုးရှင်းပြီး လှပနေတတ်ပါတယ်။

ဒီအိတ်ကိုတော့ မိကျောင်းသားရေနှင့် ၃.၅၆ကာရက်ရှိစိန်ပွင့်ပေါင်း ၃၃၄ပွင့်ကျော်တို့ဖြင့်ပြုလုပ်ထားပြီး  လက်ကိုင်အိတ်ရဲ့သိုင်းကြိုးကတော့ ၁၈ကာရက်ရှိပါတယ်။

ဈေးကြီးပြီး ပစ္စည်းရှားပါးမူတွေကြောင့် အိတ်၁၃လုံးပဲထုတ်ထားပါတယ်ရှင့်။

 

7

 

 

(၆) Himalaya Birkin’s Crocodile Niloticus Handbag ($379,000)

ဒီအိတ်ကို မိကျောင်းသားရေနဲ့လုပ်ထားသလို့ အရည်အသွေးကောင်းရန် ဆေးဆိုးတဲ့လုပ်ငန်းစဉ်တစ်ခုတည်းကိုပဲ အချိန်ပေါင်းများစွာ ယူထားရတဲ့အတွက်ကြောင့် တန်ဖိုးမှာကြီးနေရခြင်းပါ။ ဒီအိတ်မှာ ၁၈ကာရက်ရှိ စိန်ပွင့်ပေါင်း၂၄၀ကျော် တန်ဖိုးပါဝင်နေပါတယ်။ အခု ဒီအိတ်ကို ၂၀၁၆ခုနှစ်မှာ Hong Kong က Christies မှာ ဒေါ်လာ၃သိန်းကျော်ဖြင့် ရောင်းချခဲ့ပါတယ်။

 

6

6 1

 


(၅)Cleopatra Lana Marks Clutch ($400,000)

ဒီလက်ကိုင်အိတ်ဟာ  red carpet ပွဲတွေမှာ celebrity တို့ရဲ့အကြိုက်များဆုံးပစ္စည်းတစ်ခုဖြစ်နေပါတယ်နော်။ Lana Marks ကထုတ်ထားတဲ့  Cleopatra Clutch အိတ်ရဲ့တန်ဖိုးဟာ ဒေါ်လာ၁သိန်းကနေ ၄သိန်းအထိရှိနေပါတယ်။

ဒီအိတ်ရဲ့ ဈေးကွာရချင်းမှာ အိတ်ရဲ့ ရှာပါးပစ္စည်း၊ အရောင်ကာလာ၊ ဒီဇိုင်းတွေကြောင့် ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် တရုတ်မင်းသမီးနှင့်အဆိုတော်  Li Bingbing ဟာ အမေရိကန် မိကျောင်းသားရေနဲ့ပြုလုပ်ထားပြီး ၄၀ကာရက်ရှိ အဖြူရောင်စိန်ပွင့် ၁၆၀၀တို့ဖြင့်ဖန်တီးထားသော တန်ဖိုးအကြီးဆုံး Cleopatra Cluth အိတ်ကိုပိုင်ဆိုင်ထားပါတယ်။ အိတ်မှာပါရှိတဲ့ Li Binfbing နာမည်ကို ပန်းရောင်စိန်ပွင့်ကို အသုံးပြုကာရေးသားထားပါတယ်။

 

5

5 1

 

(၄)Hermes Chaine d’Ancre Bag ($1,400,000)

ဒီလက်ကိုင်အိတ်မှာဆိုရင် ပုံတွင်ပြထားသည့်အတိုင်း စိန်ပွင့်ပေါင်း ၁၁၆၀ပွင့်နှင့်အတူ ကျောက်ဆူးကြိုးပုံစံတွေနဲ့ ခက်ခက်ခဲခဲ ဒီဇိုင်းဖော်ထားတာကို မြင်တွေ့ရမှာပါ။

အဲ့လို ဒီဇိုင်းကြောင့် ရှုပ်ထွေးနေတဲ့ ထောင်ပုံစံလေးနဲ့တူနေပါတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အသုံးပြုထားတဲ့အတွက်ကြောင့် သူရဲ့ တန်ဖိုးဟာ မြင့်မားနေရခြင်းပါ။

 

4

 

 

(၃) Ginza Tanaka Birkin Hermes Handbag ($1,400,000)

ဤ Birkinလက်ကိုင်အိတ်ဟာ  ယောင်းကိုယ်တိုင် အိတ်မှာပါတဲ့အဆင်တန်ဆာ ကို ဖြုတ်လိုတပ်လို့ရတဲ့ အစိတ်အပိုင်းတွေပါရှိထားပါတယ်။ ဒီ

လက်ကိုင်ရဲ့ဒီဇိုင်းဟာ ဂျပန်နိုင်ငံသား Ginza Tanakaရဲ့ လက်ရာပဲဖြစ်ပြီး အိတ်ရဲ့ အပြင်ဘက်မှာ စိန်ပွင့်ပေါင်း ၂၀၀၀နှင့် ရင်ထိုးအဖြစ်ဝတ်ဆင်နိုင်သော ၈ကာရက်ရှိ သစ်တော်သီးပုံစံတစ်ခု အိတ်ရဲ့အလည်မှာ ပါရှိတဲ့အတွက်ကြောင့် ယောင်းဟာ လက်ဝက်ရတနာ ဝတ်မလာခဲ့ဘူးဆိုရင်တောင် အဲ့ဒီအိတ်ကနေ ဖြုတ်ပြီး ဝတ်လို့ရပါတယ်နော်။

 

3

3 1

 


(၂)Hermes Rose Gold Kelly Handbag ($2,000,000)

 ယောင်းသာ  ဒီပစ္စည်းနဲ့ ပွဲတတ်ခွင့်ရခဲ့မယ်ဆိုရင် တခြားလက်ဝတ်ရတနာတွေ ဝတ်စရာမလိုဘဲ ဒီပစ္စည်းနဲ့ဘဲ လူအများကြားမှာ ပေါ်လွင်နေပါလိမ့်မယ်။

ဒီလက်ကိုင်အိတ်ဟာ Pierce Hardy က ရတနာဒီဇိုင်းပညာရှင်တို့နဲ့ ပူပေါင်းပြီး ဆွဲဆောင်မှုရှိသော ရွှေရောင်အထက်တန်းစားအိတ်ကို မိကျောင်းသားနဲ့ တစ်ထပ်တည်းတူအောင် ဖန်တီးပြုလုပ်ထားပါတယ်။

ဤအိတ်ကို စိန်ပွင့်ပေါင်း ၁၁၆၀ပွင့်နှင့် ၂နှစ်ကြာ ဖန်တီးထားတာပါ။

 

2

 

 

(၁)The Mouawad 1001 Nights Diamond Purse ($3,800,000)

Mouawad ကထုတ်လိုက်တဲ့the Nights Diamond Purse Mouawad’s 1001 လက်ကိုင်အိတ်ဟာ မူလတန်ဖိုး ဒေါ်လာ ၃.၈သန်းရှိပြီး ၂၀၁၁ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးလက်ကိုင်အိတ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလက်ကိုင်အိတ်ကို အဝါရောင်စိန် ၁၀၅ ပွင့်၊ ပန်းရောင်စိန် ၅၆ပွင့် နှင့် အဖြူရောင်စိန် ၄၃၅၆ပွင့် စုစုပေါင်း စိန်ပွင့်ပေါင်း ၄၅၁၇ပွင့်တို့နှင့်ဖန်တီးထားပါတယ်။

 

1

1 1

 

အားလုံးအတွက် ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

ref : financesonline.com

Myanmar Textile and Garment Directory

Read 1643 times
Rate this item
(0 votes)
Tagged under