What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးများ၏ အသွင်အပြင်ကို ကြည့်ရဆိုးစေမည့် အချက်များ

မိန်းကလေးများ၏ အသွင်အပြင်ကို ကြည့်ရဆိုးစေမည့် အချက်များ google

မိန်းကလေးများ၏ အသွင်အပြင်ကို ကြည့်ရဆိုးစေမည့် အချက်များ


ယေဘုယျအားဖြင့် အမျိုးသမီးများသည် အခြားသူများထက် ပို၍စတိုင်ကျလှပစေရန်အတွက် အရာရာတိုင်းကို အားစိုက်ထုတ်လေ့ရှိပါတယ်။
 သို့သော်လည်း တခါတရံအချိန်များတွင် မိမိကြိုးစားလိုက်သည့်အရာများက အဆိုးဖက်ကိုရောက်သွားတတ်သည့်အခါများလည်း ရှိနိုင်သောကြောင့် မိမိ၏ကိုယ်ဟန်အမူအယာကို ကြည့်ရဆိုးစေမည့် အချက်များကို ရှောင်ရှားနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။

 ထို့အတွက် မိန်းကလေးများ အထူးရှောင်ကြဉ်သင့်သည့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပုံမှန်အားဖြင့် Sunscreen လိမ်းခြယ်သည့်အခါမှာ မျက်နှာကိုသာ လိမ်းခြယ်လေ့ရှိတတ်ကြပါတယ်။ 
ထိုသို့ပြုလုပ်ခြင်းက မျက်နှာတစ်ခုတည်းကိုသာ ခရမ်းလွန်ရောင်ခြည်များမှ ကာကွယ်နိုင်မှာဖြစ်ပြီး သင့်ရဲ့လှပနူးညံ့သည့် လက်ကလေးများကိုတော့ ကာကွယ်မပေးနိုင်သောကြောင့် အမည်းစက်များဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ ခြေထောက်ချိတ်ထိုင်ခြင်းက ဆိုးရွားသည့်အပြုအမူမဟုတ်သော်ငြားလည်း ကိုယ်ခန္ဓာအောက်ပိုင်းရှိ သွေးလည်ပတ်မှုအပေါ်သက်ရောက်မှုရှိနိုင်သည့်အတွက် ဆင်ခြင်သင့်ပါတယ်။

၃။ ရေချိုးခေါင်းလျှော်ပြီးနောက် ချက်ချင်းဆိုသလို ဘီးဖြီးခြင်းသည် ဆံသားများကျိုးကြေပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အတွက် ထိုသို့ပြုလုပ်ခြင်းကို လုံးဝရပ်တန့်ရမှာဖြစ်ပါတယ်။

၄။ ပုံစံစတိုင်အမျိုးမျိုးဖြင့် ဆံပင်စည်းခြင်းက သင့်ကိုပိုမိုလှပစေမှာဖြစ်သော်လည်း အလွန်အကျူးပြုလုပ်မိပါက ဆံပင်အခွဲရာပျောက်သွား၍ နောက်ဆက်တွဲအနေဖြင့် ထိပ်ပြောင်ခြင်းအထိဖြစ်ပေါ်လာနိုင်ပါတယ်။

၅။ မျက်ခုံးမွှေးနှုတ်ပြီးနောက် ချက်ချင်းမိတ်ကပ်လိမ်းခြယ်ခြင်းသည် ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်မှုအခွင့်အလမ်းများပြားစေနိုင်သည့်အတွက် ရှောင်ရှားစေလိုပါတယ်။

၆။ ချွေးပေါက်ပိတ်စေနိုင်သည့် ပေါင်ဒါအမှုန့်များကို မျက်နှာပြောင်အပေါ်သို့ တိုက်ရိုက်လိမ်းပေးခြင်းထက် အဆီများကိုဖယ်ရှားရန် ဆီစုပ်စက္ကူကို အသုံးပြုပေးခြင်းက ပိုမိုကောင်းမွန်သည့်နည်းလမ်းဖြစ်ပါတယ်။

၇။ အမှန်တကယ်လိုအပ်သည့် ပစ္စည်းများအပြင် အခြားမလိုအပ်သောအရာများကိုပါ ပိုက်ဆံအိတ်အတွင်း စုပေါင်းသယ်ယူခြင်းက သင့်အသွင်အပြင်ကို ဆိုးရွားစေသလို ဝန်ထုပ်ဝန်ပိုးလည်းဖြစ်စေနိုင်ပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ေယဘုယ်အားျဖင့္ အမ်ိဳးသမီးမ်ားသည္ အျခားသူမ်ားထက္ ပို၍စတိုင္က်လွပေစရန္အတြက္ အရာရာတုိင္းကို အားစိုက္ထုတ္ေလ့ရွိပါတယ္။

 

 သို႕ေသာ္လည္း တခါတရံအခ်ိန္မ်ားတြင္ မိမိႀကိဳးစားလုိက္သည့္အရာမ်ားက အဆိုးဖက္ကိုေရာက္သြားတတ္သည့္အခါမ်ားလည္း ရွိႏိုင္ေသာေႀကာင့္ မိမိ၏ကိုယ္ဟန္အမူအယာကို ႀကည့္ရဆိုးေစမည့္ အခ်က္မ်ားကို ေရွာင္ရွားႏုိင္ဖုိ႕ အင္မတန္မွအေရးႀကီးပါတယ္။

 ထုိ႕အတြက္ မိန္းကေလးမ်ား အထူးေရွာင္ႀကဥ္သင့္သည့္ အခ်က္ (၇) ခ်က္ကို ေဖာ္ျပေပးလိုက္ရပါတယ္။

 

၁။ ပံုမွန္အားျဖင့္ Sunscreen လိမ္းျခယ္သည့္အခါမွာ မ်က္ႏွာကိုသာ လိမ္းျခယ္ေလ့ရွိတတ္ႀကပါတယ္။
ထုိသုိ႕ျပဳလုပ္ျခင္းက မ်က္နွာတစ္ခုတည္းကိုသာ ခရမ္းလြန္ေရာင္ျခည္မ်ားမွ ကာကြယ္ႏိုင္မွာျဖစ္ၿပီး သင့္ရဲ႕လွပႏူးညံ့သည့္ လက္ကေလးမ်ားကိုေတာ့ ကာကြယ္မေပးႏိုင္ေသာေႀကာင့္ အမည္းစက္မ်ားျဖစ္ေပၚလာႏိုင္ပါတယ္။

 

၂။ ေျခေထာက္ခ်ိတ္ထိုင္ျခင္းက ဆိုးရြားသည့္အျပဳအမူမဟုတ္ေသာ္ျငားလည္း ကိုယ္ခႏၶာေအာက္ပိုင္းရွိ ေသြးလည္ပတ္မႈအေပၚသက္ေရာက္မႈရွိႏိုင္သည့္အတြက္ ဆင္ျခင္သင့္ပါတယ္။

 

၃။ ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ဘီးၿဖီးျခင္းသည္ ဆံသားမ်ားက်ိဳးေႀကပ်က္စီးမႈကို ျဖစ္ေပၚေစသည့္အတြက္ ထုိသုိ႕ျပဳလုပ္ျခင္းကို လုံး၀ရပ္တန္႕ရမွာျဖစ္ပါတယ္။

 

၄။ ပံုစံစတိုင္အမ်ိဳးမ်ိဳးျဖင့္ ဆံပင္စည္းျခင္းက သင့္ကိုပိုမိုလွပေစမွာျဖစ္ေသာ္လည္း အလြန္အက်ဴးျပဳလုပ္မိပါက ဆံပင္အခြဲရာေပ်ာက္သြား၍ ေနာက္ဆက္တြဲအေနျဖင့္ ထိပ္ေျပာင္ျခင္းအထိျဖစ္ေပၚလာႏိုင္ပါတယ္။

 

၅။ မ်က္ခံုးေမႊးႏႈတ္ၿပီးေနာက္ ခ်က္ခ်င္းမိတ္ကပ္လိမ္းျခယ္ျခင္းသည္ ဘက္တီးရီးယားပိုးမ်ား ၀င္ေရာက္ႏိုင္မႈအခြင့္အလမ္းမ်ားျပားေစႏိုင္သည့္အတြက္ ေရွာင္ရွားေစလိုပါတယ္။

 

၆။ ေခၽြးေပါက္ပိတ္ေစႏိုင္သည့္ ေပါင္ဒါအမႈန္႕မ်ားကို မ်က္ႏွာေျပာင္အေပၚသုိ႕ တုိက္ရိုက္လိမ္းေပးျခင္းထက္ အဆီမ်ားကိုဖယ္ရွားရန္ ဆီစုပ္စကၠဴကို အသံုးျပဳေပးျခင္းက ပိုမိုေကာင္းမြန္သည့္နည္းလမ္းျဖစ္ပါတယ္။

 

၇။ အမွန္တကယ္လိုအပ္သည့္ ပစၥည္းမ်ားအျပင္ အျခားမလိုအပ္ေသာအရာမ်ားကိုပါ ပိုက္ဆံအိတ္အတြင္း စုေပါင္းသယ္ယူျခင္းက သင့္အသြင္အျပင္ကုိ ဆိုးရြားေစသလို ၀န္ထုပ္၀န္ပိုးလည္းျဖစ္ေစႏိုင္ပါတယ္။

 

Credit : MyStyle

 
Read 2751 times
Rate this item
(0 votes)
Tagged under