What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝမ်းဗိုက်မှာရှိနေတဲ့ အဆီပိုတွေကို ဖုံးကွယ်ပေးနိုင်မယ့် ဖက်ရှင်လမ်းညွှန်(၉)ခု

အမျိုးသမီးအများစုဟာ အဝတ်အစား ဝတ်ဆင်လိုက်တဲ့အခါ သူတို့ရဲ့ ဗိုက်မှာ အဆီပိုတွေထွက်ပြီး ကြည့်ရစိုးမှာကို စိုးရိမ်တတ်ကြတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီလို အဆီပိုတွေထွက်နေတာကို ဖုံးကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေရှိပါတယ်။ ကဲဒါဆို ဘယ်လို ဖက်ရှင်မျိုးတွေက သင့်ရဲ့ဝမ်းဗိုက်သားကို ဖုံးကွယ်ပေးမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်အစားကို ရွေးချယ်ပါ

Choose loose clothes over tight ones. min
ရိုးရှင်းတဲ့ အရောင်ဟာ သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ အမှောင်ဘက်သန်းတဲ့ အရောင်တွေက သင့်ကိုကြည့်ကောင်းစေမှာ မဟုတ်ပါဘူး။ အဝါနုရောင် ၊ ခရင်မ်ရောင် ၊ စိမ်းဝါနု နှင့် ပန်းရောင်ဖျော့ဖျော့တွေကို ဝတ်ဆင်နိုင်ပါတယ်။

၂။ ဒေါင်လိုက်အစင်းတွေကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့

Pay attention to clothes with vertical stripes. min
ဒေါင်လိုက်ပုံစံအစင်းတွေက သင့်ကို အရပ်ရှည်တယ်လို့ ထင်စေပြီး ဝတ်ဆင်ရာမှာလည်း ခန္ဓာကိုယ်ကွက်တိဖြစ်စေတယ်။ ဒါပေမဲ့ အစင်းကြောင်းတွေရဲ့ အကျယ်ပမာဏနှုန်းကိုလည်း ထည့်စဉ်းသင့်ပါတယ်။ အဆင်းကြောင်းကြီးတာတွေဟာ အမြင်အာရုံမှာ သင့်ခန္ဓာကိုယ်ကို ကြီးစေတယ်လို့ ထင်စေရတာကြောင့် အစင်းကြောင်းသေးတဲ့ အင်္ကျီတွေကိုဘဲ ရွေးချယ်စေချင်ပါတယ်။

၃။ ဒူးနား (သို့) maxi dress လိုမျိုး အင်္ကျီကို ရွေးချယ်ပါ

Choose clothes a little longer than the knee or maxi length. min
ပန်းပွင့်ဒီဇိုင်းကြီးကြီးပုံစံတွေကို ရွေးချယ်ခြင်းဟာ အကောင်းဆုံးပါပဲ။

fat min

အင်္ကျီကျပ်ကျပ် အဝတ်အစားတွေကို ဝတ်ဆင်ခြင်းဟာ သင့်ရဲ့အဆီပိုထွက်နေတဲ့ နေရာကို မီးမောင်းထိုးပြပါလိမ့်မယ်။ ဒီလိုမျိုးဖုံးကွယ်ဖို့ ကြိုးစားမယ်ဆိုရင် အောင်မြင်မှာမဟုတ်ပါဘူး။

green min

ဝမ်းဗိုက်ကို ဖုံးကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အစက်အပြောက်ပုံစံမဟုတ်တဲ့ ပြောင်ဒီဇိုင်းတွေကို ရွေးချယ်နိုင်ပါတယ်။

သင့်ကို ပုံပန်းသဏ္ဍန် ပျက်စေနိုင်တဲ့ ဖက်ရှင်အမှားများ

၎။ ဘလောက်စ်အင်္ကျီ နှင့် ရှပ်အင်္ကျီများကို အရောင်တစ်ရောင်ထဲဘဲ သုံးပါ။

 Use one color blouses and shirts. min
အရောင်တစ်မျိုးထဲသာ ပါဝင်တဲ့ ဘလောက်စ် နှင့် ရှပ်အကျီတွေဟာ ရုံးတွင်းဝတ်ဆင်ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ weekend လို ရက်တွေမှာလည်း ရွေးချယ်မယ်ဆိုရင် အကောင်းဆုံးပဲနော်။

၅။ခပ်ပွပွ top၊ တီရှပ်နှင့် ခါးရှည် အင်္ကျီလက်ပြတ်တွေကို ဝတ်ဆင်ပါ

Wear loose tops T shirts and tunics. min
သင့်ရဲ့ဝမ်းဗိုက်ကို မပြချင်ဘူးဆိုရင် ချောင်ချောင်ကျိကျိ ဖြစ်စေမယ့် top မျိုးကို ရွေးချယ်သင့်တယ်။ အရမ်းကြီးလွန်းတဲ့ အင်္ကျီတွေကို မဝတ်ဆင်ဖို့လည်း အရေးကြီးပါတယ်။ ဒီအမှားကြောင့် သင့်ခန္ဓာကိုယ်ကို ပိုကြီးမားစေတယ်လို့ ထင်နိုင်ပါတယ်။

Wear loose tops T shirts and tunics1 min

Jacket အင်္ကျီကို ဖွင့်ပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။

၆။ ဒဲ့ဆင်းသွားတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ပါ

The rise of the pants min

The rise of the pants min 1
ဒဲ့ပုံစံဆင်းသွားတဲ့ ဘောင်းဘီတွေဟာ သင့်ရဲ့ ခါးကနေ တင်ပါးအထိ ချောမွေ့ပြေပြစ်စေပါလိမ့်မယ်။ ထူတဲ့ အထည်သားနဲ့ ပြုလုပ်ထားတဲ့ classic ဆန်တဲ့ အနက်ရောင် ဒါမှမဟုတ် အမှောင်ဘက်သန်းတဲ့အရောင်တွေကို ဝတ်ဆင်ဖို့ အကောင်းဆုံးအခြေခံပါပဲ။

၇။ Low-rise Jean တွေကို ဝတ်ဆင်ဖို့ မမေ့သင့်ဘူး

low rise jean min
High rise ဂျင်းတွေက သင့်အတွက် အကောင်းဆုံးပါပဲ။ သို့သော် ခါးပတ်ရွေးချယ်တဲ့အခါ အထူးသတိထားသင့်ပါတယ်။ ကြီးလွန်းတဲ့ ခါးပတ်ပုံစံတွေဟာ သင့်ရဲ့ ဝမ်းဗိုက်နေရာကို ဆွဲဆောင်မှုမရှိဘဲ ဖျက်ဆီးစေပါလိမ့်မယ်။ ဒါက သင်လိုချင်တဲ့အရာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ်။

၈။ စကပ်

Wear skirts min
အရောင်မှောင်ပြီး အထည်သား ထူထူနဲ့ ပြုလုပ်ထားတဲ့ pencil skirt ကို ဒေါက်မြင့်ဖိနပ်နဲ့ တွဲဖက်မယ်ဆိုရင် အဆီပိုတွေထွက်နေတဲ့နေရာကို ဖုံးကွယ်ပေးတာကြောင့် သင့်အတွက် လျှို့ဝှက်ချက်ကောင်းတစ်ခုပါပဲ။

Wear skirts1 min

စကပ်ကားကားတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒီလို ရွေးချယ်တဲ့အခါ အရောင်လင်းမယ့် စကပ်မျိုးကို ရွေးချယ်သင့်ပါတယ်နော်။

၉။ Cardigan

Wear cardigans min

Wear cardigans1 min
Cardigan ကို ဆင်မြန်းဖို့ အကောင်းဆုံးပါပဲ။ Pant ၊ ဂျင်း ၊ စကပ် ၊ dress တွေနဲ့ ပေါင်းစပ် ဝတ်ဆင်နိုင်ပါတယ်။ ခန္ဓာကိုယ် ဖြောင့်မတ်မှုရှိစေရန် ဒေါင်လိုက်လိုင်းတွေနဲ့ ဖန်တီးလိုက်ပါ။ အိတ်ကပ်ကြီးကြီးပါတဲ့ Cardigan က ရွေးချယ်ဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သင့်ကို ပိုကြီးတယ်လို့ ထင်စေနိုင်လို့ပါ။

 

Author:TDA

Read 3417 times
Rate this item
(1 Vote)