What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားညိုသူတွေအတွက်အလိုက်ဖက်ဆုံးအင်္ကျီအရောင်များ

အသားညိုသူတွေအတွက်အလိုက်ဖက်ဆုံးအင်္ကျီအရောင်များ google

အသားညိုသူတွေအတွက်အလိုက်ဖက်ဆုံးအင်္ကျီအရောင်များ
အသားရောင်ညိုတဲ့သူတွေဟာ အသားဖြူတဲ့သူဆိုရင်ဘာမဆိုဝတ်လို့လှတယ်လို့ထင်ကြပါတယ်…။တကယ်တော့အသားအရောင်နဲ့မဆိုင်ပါဘူး…

မိမိကိုယ်ကိုသာယုံကြည်ချက်ရှိပြီး ကိုယ့်ကိုကိုယ်လက်ခံနိုင်ရင် ဘာဝတ်ဝတ် လှပါတယ်…။ဒါပေမဲ့ ယုံကြည်ချက်နည်းနေတဲ့ပျိုမေတို့အတွက်ဘာအရောင်ဝတ်ရင်လိုက်ဖက်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်…။

နွေးနွေးထွေးထွေးနဲ့စမတ်ကျကျပုံစံပေါက်ချင်တယ်ဆိုရင်တော့ အညိုရင့်ရောင်၊ ကြံစိမ်းရောင်၊ မျှင်ငပိရောင်နဲ့အပြာရင့်ရောင်တွေဝတ်တာအကောင်းဆုံးပါ။

အဲ့လိုအရောင်တွေကိုအသားညိုတဲ့သူတွေဝတ်လိုက်တဲ့အခါမှာ ပုံမှန်ခါတိုင်းမရွေးချယ်ဘဲဝတ်တာတွေထက်ပိုပြီးစမတ်ကျနွေးထွေးတဲ့ ပုံစံဖြစ်သွားမှာပါ…။

ဒါအပြင်အဝါရောင်လည်းဝတ်လို့ရပါတယ်…။ဒါပေမဲ့အဝါရောင်လို့ဆိုတဲ့နေရာမှာ အဝါတောက်တောက်ကြီးမဟုတ်ဘဲ ရွှေလိုမျိုးဘက်ကို သွားတဲ့အရောင်ပါ…။

ခပ်မိုက်မိုက်စတိုင်ကျကျအရောင်ကိုမှရွေးချယ်ဝတ်ချင်တယ်ဆိုရင်တော့ အပြာနုရောင်လေးတွေ ကြက်သွေးရောင် ခရမ်းနုရောင် စတဲ့အနုဘက်ကိုသွားတဲ့အရောင်လေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါ…။

အရောင်နုတွေဟာ အသားဖြူသူရော ညိုသူရောကိုပါလိုက်ဖက်စေပါတယ်…။ဒ့ါအပြင်အစိမ်းရင့်ရောင်တို့ မီးခိုးရောင်တို့ဝတ်ရင်လည်းလိုက်ဖက်ပါတယ်…။

လိုက်ဖက်တဲ့ကာလာတွေကအများကြီးပါ…။ယုံကြည်မှုရှိရှိဝတ်ဖို့ပဲလိုပါတော့တယ်နော်…။လူတိုင်းမှာသူ့အလှနဲ့သူရှိတာကြောင့် အသားအရောင်ဆိုတဲ့ဟာကြီးကို ဖျောက်ထားလိုက်ပါတော့နော်…။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အသားေရာင္ညိဳတဲ့သူေတြဟာ အသားျဖဴတဲ့သူဆိုရင္ဘာမဆိုဝတ္လို႔လွတယ္လို႔ထင္ၾကပါတယ္…။

 

တကယ္ေတာ့အသားအေရာင္နဲ႔မဆိုင္ပါဘူး…။မိမိကိုယ္ကိုသာယုံၾကည္ခ်က္ရွိၿပီး ကိုယ့္ကိုကိုယ္လက္ခံႏိုင္ရင္ ဘာဝတ္ဝတ္ လွပါတယ္…။

ဒါေပမဲ့ ယုံၾကည္ခ်က္နည္းေနတဲ့ပ်ိဳေမတို႔အတြက္ဘာအေရာင္ဝတ္ရင္လိုက္ဖက္မလဲဆိုတာကို မွ်ေဝေပးလိုက္ပါတယ္…။

ေႏြးေႏြးေထြးေထြးနဲ႔စမတ္က်က်ပုံစံေပါက္ခ်င္တယ္ဆိုရင္ေတာ့ အညိဳရင့္ေရာင္၊ ႀကံစိမ္းေရာင္၊ မွ်င္ငပိေရာင္နဲ႔အျပာရင့္ေရာင္ေတြဝတ္တာအေကာင္းဆုံးပါ။

အဲ့လိုအေရာင္ေတြကိုအသားညိဳတဲ့သူေတြဝတ္လိုက္တဲ့အခါမွာ ပုံမွန္ခါတိုင္းမေ႐ြးခ်ယ္ဘဲဝတ္တာေတြထက္ပိုၿပီးစမတ္က်ေႏြးေထြးတဲ့ ပုံစံျဖစ္သြားမွာပါ…။

ဒါအျပင္အဝါေရာင္လည္းဝတ္လို႔ရပါတယ္…။ဒါေပမဲ့အဝါေရာင္လို႔ဆိုတဲ့ေနရာမွာ အဝါေတာက္ေတာက္ႀကီးမဟုတ္ဘဲ ေ႐ႊလိုမ်ိဳးဘက္ကို သြားတဲ့အေရာင္ပါ…။

ခပ္မိုက္မိုက္စတိုင္က်က်အေရာင္ကိုမွေ႐ြးခ်ယ္ဝတ္ခ်င္တယ္ဆိုရင္ေတာ့ အျပာႏုေရာင္ေလးေတြ ၾကက္ေသြးေရာင္ ခရမ္းႏုေရာင္ စတဲ့အႏုဘက္ကိုသြားတဲ့အေရာင္ေလးေတြကို ေ႐ြးခ်ယ္ဝတ္ဆင္သင့္ပါ…။

အေရာင္ႏုေတြဟာ အသားျဖဴသူေရာ ညိဳသူေရာကိုပါလိုက္ဖက္ေစပါတယ္…။

ဒ့ါအျပင္အစိမ္းရင့္ေရာင္တို႔ မီးခိုးေရာင္တို႔ဝတ္ရင္လည္းလိုက္ဖက္ပါတယ္…။လိုက္ဖက္တဲ့ကာလာေတြကအမ်ားႀကီးပါ…။

ယုံၾကည္မႈရွိရွိဝတ္ဖို႔ပဲလိုပါေတာ့တယ္ေနာ္…။လူတိုင္းမွာသူ႔အလွနဲ႔သူရွိတာေၾကာင့္ အသားအေရာင္ဆိုတဲ့ဟာႀကီးကို ေဖ်ာက္ထားလိုက္ပါေတာ့ေနာ္…။

 

Credit:marry

Myanmar Textile and Garment Directory

သူတို့လို လှပစွာ ချုပ်ဖို့ ဖက်ရှင်ဒီဇိုင်နာတွေကို သိချင်တယ်ဆိုရင်တော့ဒါလေးကို နှိပ်လိုက်ပါနော်

 

Read 2200 times
Rate this item
(0 votes)
Tagged under