What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ကမ္ဘာ့ဈေးအကြီးဆုံးဦးထုပ်များ
ကမ္ဘာ့ဈေးအကြီးဆုံးဦးထုပ်များ Facebook
ပူပြင်းတဲ့ နွေရာသီမှာဆိုရင် ဦးထုပ်တစ်လုံးကတော့ မဖြစ်မနေလိုအပ်ပါတယ်။
 ဦးထုပ်တွေက ဦးခေါင်းကို နေပူဒဏ်မှ ကာကွယ်ပေးတဲ့ ပြင် ဖက်ရှင် Accessories ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။
အမျိုးသားအများစု ဟာ ဦးထုပ်ဝတ်ဆင်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။
ဦးထုပ်ခပ်မိုက်မိုက်လေးတွေကိုဝယ်ယူ စုဆောင်းတတ်ကြတဲ့ ဝါသနာကလည်း အမျိုးသားအများစုမှာရှိတတ်ကြပါတယ်။
ဒါကြောင့် ဦးထုပ် ခပ်မိုက်မိုက်လေးတွေကို စုဆောင်းတတ်တဲ့ ဘော်ဒါတွေအတွက် ကမ္ဘာ့ဈေးအကြီးဆုံး ဦးထုပ်လေးတွေကို ဗဟုသုတ အနေနဲ့
တင်ပြပေးလိုက်ပါတယ်နော်။
1. The Pope’s Tiara – $10 Million
hat1
ဒီဦးထုပ်ကတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဦးထုပ်လေးတစ်လုံးပါ။
ဒီဦးထုပ်ရဲ့ မူရင်းပိုင်ရှင်ကတော့ Pope ရဟန်း မင်းကြီးတစ်ပါးဖြစ်တဲ့ Pope Paul VI က (၁၉၆၃) ခုနှစ်မှာနောက်ဆုံးဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
ရှားပါးတဲ့ကျောက်မျက်ရတနာတွေနဲ့စီခြယ်ကာ ပြုလုပ်ထားတာဖြစ်ပြီး သူရဲ့တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၁၀ မီလီယံပဲဖြစ်ပါတယ်။
2.Chapeau d’Amour – $2.7 Million
hat2
ဒီဦးထုပ် ရဲ့ ပုံစံလေးကတော့ ကမ္ဘာပေါ်မှာ နောက်တစ်ခုထပ်မရှိလောက်အောင်ကို တော်တော်လေး ဆန်းသစ်ပါတယ်။
ပလက်တီနမ်ချည်မျှင်တွေ ၊ စိန်တွေအပြင် အခြားတန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားပြီး သူရဲ့တန်ဖိုးကတော့
ဒေါ်လာ ၂.၇ မီလီယံရှိပါတယ်။
3. Money Hat-$1.2 Million
hat3
ဒီ ဦးထုပ်လေးရဲ့ နာမည်ကတော့ Money hat ပဲဖြစ်ပါတယ်။
ဦးထုပ်လေးကိုတော့ ဒေါ်လာ ၁၀ တန်တွေနဲ့ ဖန်တီးထားတာဖြစ်ပြီး ကောက်ရိုးတွေနဲ့ ရက်လုပ်ထားတာပါ။
ဒီဦးထုပ်လေးကိုတော့ ၁၉၇၂ ကဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး သူရဲ့ တန်ဖိုးလေးကတော့ ဒေါ်လာ ၁.၂ မီလီယံရှိပါတယ်။
4.“ Deep Blue Sea ” – $200,000
hat4
ဒီ ဦးထုပ်လေးကတော့ ထူးဆန်းတဲ့ ကျောက်မျက်ရတနာလေးတွေနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
အဲ့ဒါကတော့ Opal လို့ခေါ်တဲ့ အရောင်ပြောင်းတတ်တဲ့ ကျောက်မျက်ရတနာ လေးတွေနဲ့ သြစတြေးလျချည်ထည်တစ်မျိုးတို့ကို
ပေါင်းစပ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒါပြင့်ငွေထည်တွေနဲ့ ရွှေ(၁၈) ကာရက်ကိုထည့်သွင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ ဖန်တီးချုပ်လုပ်ခဲ့တာဖြစ်ပြီး တန်ဖိုးကတော့အမေရိကန်ဒေါ်လာ ၂ သိန်းပဲဖြစ်ပါတယ်။
5.“ Princess Beatrice Royal Wedding Hat ” – $134,000
hat5
ဦးထုပ်ကို အမြတ်တနိုးဆောင်းတတ်ကြတဲ့သူအများစုကတော့ အနောက်နိုင်ငံက တော်ဝင်မိသားစု တွေပဲဖြစ်ပါတယ်။
ဒီဦးထုပ်လေးကလည်း ဗြိတိန်ရဲ့ တော်ဝင်မင်းသမီးတစ်ဦးဖြစ်တဲ့ Princess Beatriceက မင်းသား William ရဲ့ မင်္ဂလာပွဲမှာဝတ်ဆင်ခဲ့တာပဲ
ဖြစ်ပါတယ်။ ဦးထုပ်ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၃၄၀၀၀ ပဲဖြစ်ပါတယ်။
Ref : Most Famous List
ဦးထုပ်ဆိုင် ၁၃၄ ဆိုင်ကိုရှာရန် နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ဦးထုပ်တွေက ဦးခေါင်းကို နေပူဒဏ်မှ ကာကွယ်ပေးတဲ့ ပြင်တဲ့ ဖက်ရှင် Assessoriy ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီဦးထုပ် လိုက်တဲ့ ပုံစံလေးကတော့ ကမ္ဘာမှာ နောက်တစ်ခုထပ်မရှိလောက်အောင်ကို တော်တော်လေး ဆန်းသစ်ပါတယ်။
 ဒေါ်လာ ၂.၇ မီိလီယံရှိပါတယ်။
3. Money Hat-$1.2 Million
4.“ Deep Blue Sea ” – $200,000
ဒီ ဦးထုပ်လေးကတော့ ထူးဆန်းတဲ့ ကျောက်မျက်ရတနာလေးတဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
အဲ့ဒါကတော့ Opal လို့ခေါ်တဲ့ အရောင်ပြောင်းတတ်တဲ့ ကျောက်မျက်ရတနာ လေးတွေနဲ့ သြစတြေးလျချည်ထည်တစ်မျိုးတို့နဲ့
Ref : Most Famous List
ဦးထုပျဆိုင် ၁၃၄ ဆိုင်ကိုရှာရန် နှိပ်ပါ။
Myanmar Textile and Garment Dorectory
Read 1882 times
Rate this item
(0 votes)
Tagged under