Site is under maintenance!

What's new



ဖိနပ် အကြောင်း သိကောင်းစရာများ

ဖိနပ် အကြောင်း သိကောင်းစရာများ google

မင်္ဂလာပါရှင်..  ဒီနေ့ပြောချင်တာကတော့ ဖိနပ်နဲ့ သက်ဆိုင်တဲ့ သိကောင်းစရာတွေပဲ ဖြစ်ပါတယ်။

ဖိနပ်လှလှလေးတွေကို သဘောမကျတဲ့ မိန်းကလေး မရှိသလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ အဲ့လို ဖိနပ် လှလှလေးတွေကို ကြိုက်နှစ်သက်လို့ စီးရာကနေ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ အဲ့လို အခက်အခဲတွေကို အခု ပြောပြမယ့် အချက်ကလေးတွေကို လုပ်ဆောင်ပြီး ပြေလည်အောင် ဖြေရှင်းကြည့်ပါအုံးနော်။

(၁) Leather ဖိနပ်ကျပ်နေရင် ခြေအိပ်ဝတ်ပြီး dryer နဲ့မှုတ်ပေးပါ။

1

 

(၂) ရှေ့ပိတ်ဒေါက်မစီးခင် ခြေခလယ်နဲ့ခြေသူကြွယ်ကို ပုံပါအတိုင်းတိတ်နဲ့ပူးကပ်ပေးခြင်းအားဖြင့် ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။

2

 

(၃) ခြေထောက်က ချွေးတွေစုတ်ယူပေးဖို့အတွက် panty liners ကို ဖိနပ်ထဲထည့်ထားပါ။

3

 

(၄) ချော်တတ်တဲ့ဖိနပ်တွေအတွက် sand paper နဲ့ဖိနပ်အောက်ကိုပွတ်ပေးပါ။

4

 

(၅) ဖိနပ်အဖြူတွေမှာပေနေတာတွေကို လက်သဲဖျက်ဆေးနဲ့ဖြတ်ပေးပါ။

6

 

(၆) ရေစိုနေတဲ့ ဖိနပ်ထဲကို သတင်းစာစက္ကူတွေ ထည့်ပေးရင် အခြောက်မြန်စေပါတယ်။

8

 

(၇) ဖိနပ်ထဲကို ပိတ်စနွေးနွေးလေးထည့်စီးပေးရင် ခြေထောက်နွေးစေပါတယ်။

9

 

(၈) တနေကုန် ဒေါက်စီးပြီးရင် ညောင်းနေတဲ့ခြေထောက်တွေကို tennis ball နဲ့ လှိမ့်ပြီးနင်းပေးပါ။

10

 

(၉) ဆိုဒါမှုန့်တွေကို ဖိနပ်ထဲ ထည့်ပေးရင် အနံ့အသက်တွေ ပျောက်စေပါတယ်။

11

 

(၁၀) ပိတ်စဒေါက်တွေမှာ ပေနေတဲ့အညစ်ကြေးတွေ မပျောက်နိုင်ရင် လက်သဲခြစ်တံလေးနဲ့ ပွတ်ပေးပါ။

12

 

(၁၁) မပြေးခင် အိမ်သော့ ကားသော့တွေကိုဖိနပ်ကြိုးမှာ ခိုင်ခိုင်လေး တွဲချီထားလို့လဲရပါတယ်။

13

Read: ရေပန်းစားနေရင်တောင် မဝတ်သင့်တဲ့ အတွဲအစပ်များ

Source: ဖက်ရှင် နှင့် ဘဝ

Myanmar Textile and Garment Directory

Read 255 times
Rate this item
(1 Vote)