What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှုပ်ပွနေတဲ့ အ၀တ်ဗီရိုကို ရှင်းလင်းပစ်နိုင်မယ့် လျှို့ဝှက်ချက် (၆) ခု

ရှုပ်ပွနေတဲ့ အ၀တ်ဗီရိုကို ရှင်းလင်းပစ်နိုင်မယ့် လျှို့ဝှက်ချက် (၆) ခု google

အ၀တ်အစားတွေ ရှင်းမယ်၊ ရှင်းမယ်နဲ့ မရှင်းဖြစ်ခဲ့တဲ့ ဗီရိုကို ဒီတစ်ပတ်အားလပ်ရက်မှာ ရှင်းလင်းရေးလုပ်ဖို့ အချိန်ပေးလိုက်ပါ။ ဒီလို ရှင်းတဲ့အခါ လိုတာတွေ ချန်ထားပြီး၊

မလိုတာတွေ ၀ဲပစ်လိုက်ဖို့တော့ လိုအပ်တာပေါ့။ ကိုယ်မ၀တ်တော့မယ့် အ၀တ်အစားတွေအတွက် မိဘမဲ့ကလေးတွေကို လှူမယ်ဆိုရင်လည်း အိတ်နဲ့သပ်သပ်ခွဲထားပြီး လှူဖို့စီစဉ်ပါ။ ဒါဆိုရင် ဗီရိုကို စရှင်းလိုက်ကြရအောင်။ ဗီရို ရှင်းတော့မယ်ဆို အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေ ကိုယ့်ကိုကိုယ်မေးပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းသွားရုံပါပဲ။

(၁) ဒီအ၀တ်အစားကို နှစ်သက်သေးရဲ့လား
ဒီအ၀တ်အစားကို နှစ်သက်သေးတယ် ကြိုက်သေးတယ် ဆိုရင်တော့ ခေါက်ပြီးသိမ်းလိုက်ပါ။ မကြိုက်တော့ဘူးဆိုရင်တော့ ပစ်သင့်တန်ပစ်၊ ပေးသင့်တန်ပေး၊ လှူမယ်ဆိုလည်း လှူလိုက်ပါ။ သိပ်မကြိုက်ပေမယ့် ၀တ်ဖြစ်ဦးမယ်ထင်တယ်ဆိုပြီး စိတ်ကို နှစ်ခွမထားပါနဲ့။ မ၀တ်ဖြစ်လို့ပဲ ခုလိုပစ်ထားတာပဲလေ။ ဆုံးဖြတ်ပြီး လုပ်သင့်တာကို လုပ်ပါ။

(၂) အ၀တ်အစားက စွန်းထင်းနေပြီလား။

စွန်းထင်းနေပြီဆိုရင်တော့ ဒါကို ဘယ်လိုလျှော်ဖွတ်လို့ရမလဲ၊ အစွန်းချွတ်ဆေးနဲ့ ချွတ်ပစ်လို့ရနိုင်မလဲ စဉ်းစားပါ။ မရတော့ဘူးဆိုရင်တော့ သင့်ဗီရိုထဲမှာ ဆက်မထားသင့်တော့ပါဘူး။

(၃) အရောင်တွေဖျော့တော့နေပြီလား။

အရောင်တွေဖျော့တော့နေပြီဆိုရင် ပစ်လိုက်တော့မှာလား၊ ပေးလိုက်တော့မှာလား။ အိမ်မှာဝတ်လို့ရဦးမလား၊ ကိုယ်ဝတ်ချင်တဲ့ ဖက်ရှင်မျိုးရော ဟုတ်သေးရဲ့လား ဆုံးဖြတ်လိုက်ပါ။

(၄) အစုတ်ရာလေး၊ အပေါက်ကလေးတွေ ရှိနေပြီလား။

ကြိုက်ရက်သားနဲ့ ခုနလို နည်းနည်းစုတ်နေတာ၊ ပေါက်နေတာဆိုရင် အပ်ချုပ်ဆရာနဲ့တိုင်ပင်ပြီး ပြန်ပြင်လို့ရမလားစဉ်းစားပါ။ မဟုတ်ရင်တော့ ၀တ်ဖို့ မစဉ်းစားပါနဲ့တော့။

(၅) သင့်ခန္ဓာကိုယ်နဲ့ တော်သေးရဲ့လား။

စဉ်းစားရမယ့်အချက် နှစ်ချက်ရှိပါတယ်။ သင်ပိန်သွားပြီး အ၀တ်အစားက ပိုကြီးနေတာဆို ထားချင်ရင်သိမ်းထားနိုင်ပါသေးတယ်။ အဲ့ဒီလို မဟုတ်ပဲ အင်္ကျီ၊ စကတ်၊ ဘောင်းဘီစတာတွေက ၀တ်လို့ သေးသွားသလိုမျိုး ဖြစ်ရင်တော့ စွန့်လွှတ်လိုက်တာ ပိုမှန်ပါလိမ့်မယ်။

(၆) ဒီအ၀တ်အစားကို ဘယ်တုန်းက ၀တ်ခဲ့တာလဲ။

ဒီတစ်နှစ်အတွင်း ၀တ်ခဲ့သေးတယ်ဆိုရင် သိမ်းထားချင် သိမ်းထားလိုက်ပါ။ ဒါဟာ ဒီအ၀တ်အစားကို သင်သဘောကျနေသေးသလို ၀တ်ဖြစ်ဖို့ အခြေအနေလည်း ရှိပါသေးတယ်။ ဒီအ၀တ်အစားကို မ၀တ်ဖြစ်တာ တစ်နှစ်ကျော်နေပြီဆိုရင်တော့ သင်ဒီဖက်ရှင်ကို မနှစ်သက်တော့တာ၊ ၀တ်ဖို့အာရုံမလာတော့တာ စသဖြင့် ဖြစ်နိုင်တာမို့ သူများကို ပေးပစ်တာ၊ လှူတာမျိုးတွေ လုပ်ဖို့အကြံပေးချင်ပါတယ်။

Credit : Trend Myanmar

Myanmar Textile and Garment

Read 1270 times
Rate this item
(1 Vote)
Tagged under