What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လက်မောင်းကြီးတဲ့ မိန်းကလေးတွေအတွက် ဖက်ရှင် နည်းလမ်းကောင်းများ

လက်မောင်းကြီးတဲ့ အမျိုးသမီးလေးတွေရဲ့ ဒုက္ခကတော့ အင်္ကျီလက်တိုဝတ်တိုင်း စိတ်မသက်မသာနဲ့ ပေါ့ပေါ့ပါးပါး မနေနိုင်ခြင်းပါပဲ။ မိမိရဲ့အရှိအတိုင်း ခန္ဓ္ဓာကိုယ်ကို ဘယ်လိုပဲ အကောင်းမြင်စိတ်နဲ့ ယုံကြည်လက်ခံထားလည်း ဖက်ရှင်ကျ ကျ ၀တ်ဆင်ချင်တဲ့အခါ ကိုယ်တိုင်သိရှိနေတဲ့ ပြစ်ချက်တစ်ခုအပေါ်ပဲ စိတ်ရောက်နေပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ် ပါတယ်။

ဒါကြောင့် လက်မောင်းတုတ်တုတ်လေးတွေ ပိုင်ဆိုင်ထားတဲ့ ပျိုမေတို့အတွက် ဖက်ရှင်ကျကျ ၀တ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ဖုံးအုပ်ထားပါ။

8
ဒါကတော့ လက်မောင်းတုတ်တဲ့ အမျိုးသမီးလေးတိုင်း သိရှိပြီးသား ၀တ်ဆင်နည်းတစ်ခုပါ။ သို့ပေမယ့်လည်း အပြင်ဘက် မှာ ရာသီဥတုအေးနေပြီး သင့်မှာလည်း ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် သိပ်အလုပ်ဖြစ်တဲ့နည်း ဖြစ်တာကြောင့် အပေါ် ထပ်အင်္ကျီလှလှလေးတွေသာ ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

off-shoulder လေးတွေ ၀တ်ဆင်ပါ။

7
လက်မောင်းထိပ်လေးတွေကို မြင်ရစေတဲ့ off-shoulder ဒီဇိုင်းလေးတွေဟာ သင်နဲ့ အံကိုက်ပဲ ဖြစ်ပါတယ်။ သင့်လက် မောင်းတွေကို မထင်ပေါ်စေချင်တာနဲ့ပဲ လက်မောင်းပေါ်တဲ့အင်္ကျီ မ၀တ်ဆင်ရဘူးလို့ တစ်ထစ်ချ သတ်မှတ်မထားပါနဲ့။ ဒါကြောင့် လက်မောင်းထိ လျှောကျနေတဲ့ အင်္ကျီ သို့မဟုတ် ဂါဝန်ဒီဇိုင်းလေးတွေနဲ့ နတ်ဘုရားမလေးအသွင် ၀တ်ဆင် လိုက်ပါ။

သင်နဲ့ကွက်တိဖြစ်စေမယ့် ဘရာလှလှလေးကို ရွေးချယ်ပါ။

6
ကွက်တိဖြစ်ပြီး လှပတဲ့ ဘရာကို ၀တ်ဆင်ခြင်းအားဖြင့် သင့်လက်မောင်းကို ပိုပိန်သွားသယောင်လည်း မထင်ရစေသလို၊ ကြွက်သားတွေနဲ့ ကျစ်လျစ်တောင့်တင်းသယောင်လည်း မဖြစ်စေနိုင်ပါဘူး။ သို့ပေမယ့် သင့်ဘရာဟာ သင်နဲ့ကွက်တိ လိုက်လျောညီထွေ ဖြစ်နေတဲ့အခါ သင့်အပေါ်ပိုင်းတစ်ခုလုံးကို ကြည့်ကောင်းသွားစေနိုင်ပါတယ်။

သင်နဲ့လိုက်ဖက်တဲ့ လည်ပင်းပေါက်ကို ရွေးချယ်ပါ။

4
အမိုက်စား လည်ပင်းပေါက်ဟာ သင့်ရဲ့ကျန်နေရာက ပြဿနာတွေအားလုံးရဲ့ အာရုံစူးစိုက်မှုကို ဆွဲခေါ်နိုင်ပါတယ်။ သင့်ရဲ့ သွင်ပြင်ဟန်ပန်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်သလို သင့်ကိုပိုပြီး လှပကာ ယုံကြည်မှု ရှိစေနိုင်ပါတယ်။

လက်မောင်းကနေ အာရုံလွှဲပါ။

2
သင်ဝတ်စားဆင်ယင်တဲ့အခါ လူအများက အာရုံစူးစိုက်ရစေတဲ့ နေရာတစ်နေရာ ဖြစ်ပေါ်ပါတယ်။ ထိုနေရာဟာ မိမိအသားပေး ကြည့်ရှုစေလိုတဲ့ နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်မကြည့်စေချင်တဲ့ လက်မောင်းနေရာကို အာရုံမစိုက်စေဖို့အတွက် အခြားသော သင်နှစ်သက်သဘောကျတဲ့ နေရာတစ်ခုခုကို အာရုံစူးစိုက်အောင် လွှဲပြောင်းပေး နိုင်ပါတယ်။ ဆွဲဆောင်မှုရှိစေတဲ့ အ၀တ်အစားဖက်ရှင်၊ မျက်စိကျစေနိုင်မယ့် အဆင်ဒီဇိုင်း၊ အပျံစား cutting နဲ့ ဂါဝန်၊ သို့မဟုတ် သင့်အမှတ်အသား ဖြစ်စေတဲ့ မွှေးရနံ့တစ်ခုခု စတဲ့ သင်စိတ်ကူးမိတဲ့ အရာတွေနဲ့ အာရုံလွှဲနိုင်ပါတယ်။

သေးနုတ်တဲ့ အဆင်လေးတွေကို ရွေးချယ်ပါ။

5
အဆင်တွေ၊ အကွက်တွေဟာ သင်အာရုံလွှဲလိုတဲ့ နေရာကို အတိအကျ ဆွဲဆောင်မှုပေးစေတဲ့ မရှိမဖြစ် ရွေးချယ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဆင်၊အကွက် အနုတ်ကလေးတွေနဲ့ လက်တိုလေးတွေကို ၀တ်ဆင်ကြည့်ခြင်းအား ဖြင့် သင့်ကိုလည်း ဆွဲဆောင်မှုရှိစေပြီး သင့်လက်မောင်လေးတွေကိုလည်း အနည်းငယ် ပြသဖြစ်စေဖို့ ယုံကြည်မှု ရှိလာစေပါလိမ့်မယ်။

 

Source:mingalarbar

Read 6578 times
Rate this item
(1 Vote)
Tagged under