မြန်မာနိုင်ငံရဲ့ အပြုံးအလှဆုံးမင်းသမီးလေး အေးမြတ်သူကတော့ အပြုံးမှာတော့ ဘယ်မင်းသမီးမှ လိုက်မမှီနိုင်အောင် နှစ်လိုဖွယ်ပြုံးတတ်သူလေးပါ။
သူမကတော့ ယခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ အသက် ၃၃ နှစ်ပြည့်ခဲ့တာပါ။ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပလွန်းသူတစ်ယောက်လဲ ဖြစ်ပါတယ်။
Read: ကော်ဇော်နီ လျှောက်လမ်းပေါ်က အမိုက်စား အနုပညာရှင်များရဲ့ ပုံရိပ်
မြန်မာဝတ်စုံတွေနဲ့သာ အများဆုံးမြင်တွေ့နေရတဲ့ အေးမြတ်သူက သူမရဲ့ အသက်အရွယ်နဲ့ တည်ငြိမ်မှုကြောင့် မြန်မာဝတ်စုံတွေ ဝတ်ဖြစ်တာပါလို့ ပြောပါတယ်။
မြန်မာဝတ်စုံကို ကြိုက်နှစ်သက်ရတဲ့အကြောင်းရင်းတွေကတော့ မိန်းမတစ်ယောက်ကို ရိုးရှင်းပြီး လှပစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ် လို့ သူမက ပြောပါတယ်။
ဒါကြောင့်မို့လဲ မြန်မာဝတ်စုံလေးတွေကို နှစ်ခြိုက်စွာ ဝတ်ဆင်နေတာပါ တဲ့ရှင်။
ဒီနေ့မှာတော့ မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ အေးမြတ်သူရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို Textile ပရိသတ်ကြီးအတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
နောက်နေ့တွေမှာလဲ ဘယ်မင်းသမီးရဲ့ ဘယ်လိုဖက်ရှင်တွေကို တင်ပေးမလဲဆိုတာ ဆက်လက်စောင့်မျှော်အားပေးပေးကြပါအုံးရှင်။
Myanmar Textile and Garment Directory