What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်များ google
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးမှာပဲ ပြတ်ပြတ်သားသား ဦးဆောင်နိုင်တာ မဟုတ်ပဲ ဖက်ရှင်ကျအောင် ဝတ်ဆင်တတ်လွန်းသူ
တစ်ယောက်လို့လဲ နာမည်ကြီးပါတယ်။ ဈေးသိပ်မကြီးတဲ့ အဝတ်အစားတွေတောင် သူမရဲ့ ခန္ဓာကိုယ်ပေါ်ရောက်ရင် ခမ်းနားထည်ဝါသွားတာကို အကုန်လုံး သိကြမှာပါ။ အဝတ်အစားတင် စတိုင်ကျကျ ဝတ်ဆင်တတ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဝတ်အစားနဲ့ လိုက်ဖက်တဲ ပန်းတွေ၊ ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဆွဲကြိုးတွေကိုလဲ ရွေးချယ်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။သူမဝတ်ဆင်လိုက်တဲ့ အဝတ်အစား ဖက်ရှင်တွေကို လိုက်ပြီး ဝတ်ဆင်ချင်ကြတဲ့ အမျိုးသမီးတွေလဲ မနည်းပါဘူး။
 
 as2
 
အမျိုးသမီးတွေကြားထဲမှာ သူမရဲ့ ဖက်ရှင်တွေ ရေပန်းစားရခြင်း အကြောင်းရင်းကတော့ နိုင်ငံရပ်ခြားက အစည်းအဝေးတွေ၊ အခမ်းအနားတွေမှာတောင် မြန်မာဆန်ဆန်ဖက်ရှင်တွေကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး မြန်မာမှု၊ မြန်မာဟန်ကို ကမ္ဘာသိအောင် လုပ်ပြနိုင်တဲ့ ပထမဦးဆုံးသော မြန်မာအမျိုးသမီးတစ်ယောက် ဖြစ်လို့ပါ။ ထူးခြားတဲ့အချက်တစ်ချက်က သူမဝတ်ဆင်တဲ့ ဖက်ရှင်တွေက ရိုးရှင်းတဲ့ ဝတ်စုံတွေပါ။ တိုင်းရင်းသားအဆင်၊ ရိုးရာဆင်တွေကို အမြဲ ဝတ်ဆင်တာကိုလဲ သတိထားမိကြမှာပါ။ တွဲဖက်ဝတ်ဆင်တဲ့ ပန်း၊ ပုဝါ၊ ဆွဲကြိုး၊ နားကပ်တွေက လိုက်ဖက်ညီလွန်းတဲ့အတွက်လဲ သဘောကျတဲ့သူအများအပြား ရှိပါတယ်။
 
as3
 
တစ်ချို့အမျိုးသမီးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဝတ်တဲ့ ဒီဇိုင်းနဲ့တူတဲ့ ထမီအဆင်တွေကို လာရောက် ဝယ်ယူကြတယ်လို့ သိရပါတယ်။ ဒေါ်စုအတွက်ချုပ်မယ့် အဝတ်အစားအစတွေကို ဗိုလ်ချုပ်ဈေးမှာ ဒီဇိုင်နာတွေက လာဝယ်လေ့ရှိတယ်လို့ အထည်ဆိုင်ဝန်ထမ်းတွေဆီက သိရပါတယ်။
 
as4
 
ဒေါ်အောင်ဆန်းစုကြည် သဘောကျ နှစ်ခြိုက်တဲ့ အဆင်လေးတွေကတော့ ရိုးရိုးရင်ဖုံးပြောင်အင်္ကျီ တွေရယ် အောက်ပိုင်း ရက်ကန်း ချိတ်ထမီလေးတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဈေးက အထည်ဆိုင် ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ချုပ်တဲ့ပုံစံက မြန်မာဆန်ဆန် ပုံစံတွေ များတယ်။ ဒီဇိုင်နာတွေကတော့ မြန်မာဒီဇိုင်နာတွေပဲ ဖြစ်ပြီး အမျိုးသားရော အမျိုးသမီး ဒီဇိုင်နာရော ရှိတယ် လို့လဲ သူမက ဆက်လက်ပြောပြပါတယ်။
 
 as5
 
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြတဲ့အတွက် အင်္ကျီတွေ ထမီတွေ ဆွဲကြိုးတွေ လက်ကောက်တွေ လက်ဆောင် ပေးတဲ့လူတွေလဲ ရှိပါတယ်။ လက်ဆောင်ပေးဖူးတဲ့သူတွေထဲမှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောင်မြင်နေတဲ့ မြန်မာနိုင်ငံသား ဒီဇိုင်နာ ရှီဘူရဇာနည်လဲ ပါဝင်တယ်လို့ သိရပါတယ်။ သူကိုယ်တိုင် ဒီဇိုင်းဆွဲတဲ့ ဝတ်စုံတွေထဲက အထည် ၆၀ လောက်ကို ဒေါ်စုကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
 as7
 
သူအဓိကသုံးတဲ့အရောင်တွေက မြန်မာပြည်က ပန်းတွေရဲ့ အရောင်ဖြစ်ဖြစ် ရာသီဥတုအလိုက် ပြောင်းလဲနေတဲ့ အရောင်တွေပဲ ဖြစ်ဖြစ်၊ အဲဒီကရတဲ့ ခံစားချက်ကို ယူပြီးတော့ ဒီဇိုင်းတွေထွင်ခဲ့ပြီးတော့ သူ့ရဲ့ ဒီဇိုင်းတွေကို ကြည့်လိုက်ရင် မြန်မာရဲ့ရင်ဖုံးနဲ့ တူတာတွေ၊ ခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာ ဖြစ်တာတွေများတယ်။ ဥပမာ လုံချည်နဲ့တူတာမျိုးတွေ၊ ကိုယ်ခန္ဓာကို သိပ်မကျဉ်းကျပ်စေတဲ့ ဒီဇိုင်းတွေများပါတယ်။ သူ ချုပ်တဲ့ ဒီဇိုင်းတွေဟာ မြန်မာပြည်က အင်္ကျီတွေ၊ တိုက်ပုံတို့၊ လုံချည်တို့လိုပဲ ဝတ်ရတာ လွတ်လပ်တယ်၊ လုံးဝ စိတ်ကျဉ်းကျပ်တာမရှိဘူး လို့ ရှိဘူရဇာနည် က ပြောပါတယ်။
 
Source: Ayarwady
Read 3915 times
Rate this item
(1 Vote)
Tagged under