What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များကို လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၏ ပြောကြားချက်အရ သိရသည်။ 

 

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံ အသီးသီးမှ အထည်ချုပ်အော်ဒါအသစ်များ  အဆက်မပြတ် လက်ခံရရှိနေပြီး လက်ရှိတွင် ပိုလန်နိုင်ငံမှ အော်ဒါအသစ်များကို ပြည်တွင်းရှိ အထည်ချုပ်စက်ရုံပေါင်း ၁၀၀ နီးပါး၌ လက်ခံချုပ်ပေးနေရပြီး တခြားပြည်ပနိုင်ငံများမှ နာမည်ရတံဆိပ်များနှင့် တံဆိပ်အသစ်များကိုလည်း ချုပ်ပေးရန်  အော်ဒါအသစ်များ ရရှိထားသည်။

 

Advertisement

Click Here > Baho Pipe

 

“ လက်ရှိမှာ ပိုလန်နိုင်ငံကနေ အထည်ချုပ်အော်ဒါအသစ်တွေ အများကြီး ရထားပါတယ်။ အဲဒီအော်ဒါတွေကို ပြည်တွင်းက အထည်ချုပ်စက်ရုံပေါင်း (၁၀၀) နီးပါးလောက်မှာ ချုပ်ပေးနေရတယ်။  အရင်က အပ်ကြတဲ့  တံဆိပ်တော်တော်များများလည်း ဆက်ချုပ်ပေးနေရတယ်။ တံဆိပ်အသစ်တွေလည်း အော်ဒါရလို့  ချုပ်ပေးနေရပါတယ်။ ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ 

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ဖော်ဆောင်ရာတွင် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နေပြီး အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်သည်ဟု ဆိုသည်။ 

 

လက်ရှိ ပြည်တွင်း၌ အထည်ချုပ်စက်ရုံပေါင်း (၅၀၀) နီးပါး လုပ်ကိုင် လည်ပတ်နေပြီး ထိုအထည်ချုပ်စက်ရုံများတွင်  လုပ်ကိုင်လျက်ရှိသော စုစုပေါင်း အလုပ်သမားဦးရေမှာ ငါးသိန်းဝန်းကျင် ရှိကြောင်း သိရသည်။

Published in Industry News

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ဒီဇင်ဘာလ ၈၊ ၉၊ ၁၀ ရက်တို့တွင် Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်သွားမည် ဖြစ်သည်။

 

အဆိုပါပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ် လုပ်ငန်းရှင်အသင်းများ ဖြစ်သော Korea Garment Association in Myanmar (KOGAM), Japan Garment Manufacturers Association in Myanmar (JGMA), Hong Kong Myanmar Manufacturers' Association Limited - HKMMA  တို့ကလည်း ပံ့ပိုး ကူညီပေးထားသည်။

 

Advertisement 

Click Here > Asia Power Quality Electric 

 

တရုတ်နိုင်ငံမှ အမှတ်တံဆိပ် (၂၅) ခု၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ (၁၀၀) ကျော်၏ ထုတ်ကုန်များကို ပြသသွားမည် ဖြစ်ပြီး Made in Myanmar ထုတ်ကုန်များ ဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ်ဖိနပ်နှင့် အိတ်များကိုလည်း ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်းနှင့် မိတ်ဆက်ခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်သည့်အတွက် ယင်း မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကြီးသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှု လေ့လာကြရန်လည်း အသင်းများက ဖိတ်ခေါ်ထားသည်။

 

ပြပွဲကျင်းပမည့် အစီအစဉ်

ရက်စွဲ -  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈၊ ၉၊ ၁၀) ရက် 

နေရာ - YCC, Yangon Convention Center (Inya Lake Compound) 

အချိန်  - မနက် (၉) နာရီမှစ၍ 

 

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲသို့ လာရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်သည်။

> https://china-myanmargarmentexpo2023.powerglobal.com.mm/form

 

ဆက်သွယ်ရန်

+95 9 45004 5003 

This email address is being protected from spambots. You need JavaScript enabled to view it.

Published in Events & Exhibitions

အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံရေးအတွက် ကိုရီးယားအထည်ချုပ်လုပ်ငန်း၊ ချည်ထည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် တိုးချဲ့ ရင်းနှီးမြှုပ်နှံမည့် ကိုရီးယား အထည်ချုပ်လုပ်ငန်း Panko Corporation မှ လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ် အဖွဲ့ဝင်များ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌက… 

  • ပြည်တွင်း၌ လာရောက် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင်များကို လုပ်ရကိုင်ရ လွယ်ကူစေမည့် အခြေအနေများကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ 
  • လက်ရှိတွင် နိုင်ငံတော်ဘက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့်ကာလ ဖြစ်ကြောင်း
  • အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုမှာ သိရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်း
  • အထူးသဖြင့် အထည်ချုပ်လုပ်ခြင်းအပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်မည် ဆိုသည့်အတွက် မိမိတို့နိုင်ငံအနေနှင့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း 
  • စီးပွားရေး လုပ်ကိုင်ရာတွင် အကျိုးအမြတ် ရရှိလိုခြင်း တစ်ခုထဲသာမက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Advertisement

Click Here > Asia Pacific Inspection Agency

 

ကိုရီးယားနိုင်ငံ Panko Corporation ဥက္ကဌ Mr.Youngjoo Choi က မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကာ ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း စသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ 

 

ယခု လာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာနှင့် အတွေ့အကြုံများစွာ ရှိပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်သူများက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အထည်ချုပ်စက်ရုံများ တိုးချဲ့ တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးကြသည်။

 

ကိုရီးယားနိုင်ငံ Panko Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင် တည်ထောင်ကာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်၍ ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိသည်။

Published in Industry News

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသော

Published in Local Industry

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံမှု မရှိစေရန်  သတိပေး နှိုးဆော်ပန်ကြားချက်

Published in Local Industry

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေး ကြီးအနီးတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့ နံနက်ပိုင်း၌ နှာခေါင်းစည်း(၂၀၀၀)အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

Published in Local Industry

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ တိုက်တွန်းချက်အရ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ရန် တိုက်တွန်းအသိပေးအပ်ပါတယ်။

Published in Local Industry

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MYANMAR GARMENT MANUFACTURERS ASSOCIATION) မှ Coronavirus Disease 2019 (COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမှု သတိပေးချက်များရှိလာသဖြင့် အသင်းဝင်စက်ရုံများသို့ အသိပေး နှိုးဆော်ခြင်း။

Published in Local Industry

COVID-19 ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသော မြန်မာ့အထည်ချုပ်လုပ်သားတွေကို ဥရောပသမဂ္ဂ (EU) အရေးပေါ်ရံပုံငွေ 'Myan Ku' မှတစ်ဆင့် ယူရို ၅ သန်း (၇.၉ ဘီလီယံ MMK)တန်ဖိုးရှိတဲ့ ငွေကြေးအကူအညီတွေနဲ့ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

Published in Local Industry

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ဂျော်ဒန်နိုင်ငံရှိ Rich Pine ၊ Century Miracle နှင့် Camel and Vegaစသည့် ကုမ္ပဏီများ တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ် သမား(၁၇၁)ဉီးအား မြန်မာသံရုံး၊တဲလ်အဗီးမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International –MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၂၅-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၃:၅၀) အချိန်တွင်စတင်ပျံသန်း ထွက်ခွာခဲ့ပြီဖြစ်ပါသည်။

Published in Local Industry
Page 1 of 60

Search Articles