What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ကမ္ဘောဒီးယား၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့က အ၀တ်အထည်ထုတ်လုပ်မှုလုပ်ငန်းမှာ အပြောင်းအလဲတွေကို အများဆုံးရရှိရန် ကြိုးစားနေကြသော အာရှနိုင်ငံများတွင်ပါဝင်ကြောင်း Fitch Solutionsရဲ့ ဇူလိုင် ၁၃ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။တရုတ်က အ၀တ်အထည်ထုတ်လုပ်မှုလုပ်ငန်းတွေကို လျှော့ချပြီး value chainကို ဆက်လက်မြှင့်တင်ရန်ကြိုးပမ်းနေသဖြင့် အိမ်နီးချင်းနိုင်ငံတွေက လူဦးရေတိုးပွားလာခြင်းနှင့်အလုပ်သမားကုန်ကျစရိတ်နည်းခြင်းတို့ကြောင့် ၎င်းဒေသတွေမှာ ကြီးထွားမှု အလားအလာကောင်းတွေရှိနေတယ် လို့ အစီရင်ခံစာကဆိုထားပါတယ်။

 

ထိုနိုင်ငံတွေအပြင် ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းပေးသွင်းသူများအဖြစ် တိုးချဲ့ရန်နှင့်မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာ စျေးကွက်ဝေစုကို တရုတ်ရဲ့ကုန်ကျစရိတ်နဲ့ မြှင့်တင်ရန်အလားအလာတွေရှိပါတယ်။ဗီယက်နမ်က လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေမှာ ပါ ၀င်မှု များလာခြင်းနှင့်အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး စစ်ပွဲအတွင်း ပိုမိုခိုင်မာလာခြင်းတို့ကြောင့် အထည်ချုပ်ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်တွေ ပြောင်းလဲခြင်းကနေပြီး အဓိက အကျိုးခံစားခွင့်တွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

ကုန်သွယ်ရေးစစ်ပွဲအတွင်း ဗီယက်နမ်ရဲ့ အထည်အလိပ်တင်ပို့မှုက ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အထည်အလိပ်တင်ပို့မှုရဲ့ ၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း Fitch Solutions ရဲ့ခန့်မှန်းချက်များအရ သိရပါတယ်။ဒါပေမယ့် ဗီယက်နမ်အနေနဲ့ value chainကို မြှင့်တင်ပြီး ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ အခြားအိမ်နီးချင်းတွေကလည်း အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါတယ်။

 

၂၀၁၉ ခုနှစ်မှာ ကမ္ဘောဒီးယားက ကမ္ဘာ့အ၀တ်အထည်တင်ပို့မှုဈေးကွက်ရဲ့ ၁.၄ ရာခိုင်နှုန်းသာရှိသော်လည်း ၎င်းရဲ့အ၀တ်အထည်ထုတ်လုပ်မှုကဏ္ဍက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၁၃ ရာနှုန်းဖြင့်တိုးတက်ခဲ့ပါတယ်။အထည်အလိပ်ကဏ္ဍမှာ နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုကို အပြည့်အဝ ခံစားခွင့်ရထားခြင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်းကို ဆက်လက်ထောက်ပံ့နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဗီယက်နမ်ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းတွေကို အသုံးပြုခြင်းက ကမ္ဘောဒီးယားကို တရုတ်နိုင်ငံမှကုန်ကြမ်းများသယ်ယူပို့ဆောင်ခြင်းနှင့်တင်ပို့ခြင်းတို့အတွက် အထောက်အကူပြုနေပါတယ်။

 

မြန်မာနိုင်ငံက တန်ဖိုးနည်း၊အရည်အသွေးနိမ့်တဲ့ အခြေခံအဝတ်အထည်တွေထုတ်လုပ်မှုမှာ ခိုင်မာတဲ့ကြီးထွားမှုကို ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဒါ့အပြင် ပင်လယ်ဆိပ်ကမ်း များစွာက ဒေသ အတွင်းမှာရှိတဲ့ ပို့ဆောင်ရေးတွေကို ဈေးအသက်သာဆုံးနှုန်းဖြင့် လွယ်ကူသက်သာစေပါတယ်။

 

Ref:The Business Times

Published in Industry News

ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း အခြေခံ အပ်ချုပ်စက်အကြောင်း ပြောပြပြီးတော့ အပ်ချုပ်စက်မှာ သုံးစွဲတဲ့ အပ်တွေအကြောင်း ပြောပြချင်ပါတယ်။

Published in Training

သူမဟာ ယောင်္ကျား၊မိန်းမမရွေး ချစ်နေကြတဲ့ အဆိုတော် ပန်းရောင်ခြယ်ပါ။ သူမရဲ့ အပြောလေးတွေကလည်းချစ်စရာကောင်း သလို မျက်နှာလေးကလည်း ချစ်စရာကောင်းသူတစ်ယောက်ပါ။

Published in Celebrities

မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ ရှုတိုင်းယဉ် ဆင်တိုင်းလှဝတ်စားဆင်ယင်ထုံးဖွဲ့မူပြပွဲ မှာ ဒီဇိုင်နာ သျှတ္တရရဲ့ ချိတ်မြန်မာဝတ်စုံဒီဇိုင်းတွေဟာဆိုရင် ပရိသတ်ကြီးရဲ့ အားပေးမူရရှိခဲ့ပါတယ်နော်။

Published in Designers

သိုးမွှေးဆိုတာနဲ့ အနွေးထည်ကြီးပဲ ချုပ်ဖို့ မစဉ်းစားပါနဲ့ တခြားချုပ်လို့ ရတာတွေလည်း ရှိပါတယ်နော်။ မီးမီးလေးအတွက်ချုပ်ပေးလည်း ရပါတယ်။

Published in Outfit

အိမ်မှာရှိတဲ့ အဝတ်တွေကို ဘယ်လိုနေရာထားသင့်လဲဆိုတာ လူတိုင်းသိထားသင့်ပါတယ်။ အဝတ်အစားတွေကလူတွေလှပအောင်လုပ်ပေးနိုင်ရုံအပြင် ကျန်းမားရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Published in Tips

katy perry ကို တော့ မသိတဲ့သူနည်းလောက်ပါတယ်။ သူမရဲ့ သီချင်းတွေကြောင့် အောင်မြင်သလို တမူထူးခြားတဲ့ ပွဲတတ်ဖက်ရှင်တွေကြောင့်လည်း လူသိများကြပါတယ်။

Published in Celebrities

ဂီတပွဲတော်တစ်ခုလုပ်တယ်ဆိုရင် ဘယ်idol က ဘယ်လိုစတိုင်လ်မျိုးပွဲထွက်လာမလားဆိုတာ သိချင်ကြတာပါ။ ပွဲပြီးရင် ဘယ်idol ရဲ့ဒီဇိုင်းက ဘယ်လိုမိုက်တာဆိုပြီး ပြောကြတာပါ။

Published in Celebrities

ဒီနေ့မှာတော့ textileကနေ မေမေတို့ရဲ့ ချစ်သမီးလေးတွေကိုလဲချုပ်ပေးလို့ရအောင် နောက်ကြိုးချည်လေးကို ပြောပြပေးချင်ပါတယ်နော်

Published in Training

မြန်မာဝတ်စုံချုပ်ချင်သူများအတွက် ချုပ်ပုံစဉ်းစားရတာက အခက်အခဲဖြစ်မယ်လို့ထင်ပါတယ်။ အပ်ချုပ်ဆိုင်အပ်ပြီးဆိုရင်လည်း သူများနဲ့ မတူပဲ လှပြီး ဆန်းနေချင်တာ မိန်းကလေးရဲ့စိတ်ပါ။

Published in Traditional Dress
Page 2 of 60

Search Articles