What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံ‌တွေ့နေရသော မြန်မာနိုင်ငံသား များအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ထပ်မံပို့ဆောင်

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ဂျော်ဒန်နိုင်ငံရှိ Rich Pine ၊ Century Miracle နှင့် Camel and Vegaစသည့် ကုမ္ပဏီများ တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ် သမား(၁၇၁)ဉီးအား မြန်မာသံရုံး၊တဲလ်အဗီးမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International –MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၂၅-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၃:၅၀) အချိန်တွင်စတင်ပျံသန်း ထွက်ခွာခဲ့ပြီဖြစ်ပါသည်။


ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင် ပေးခဲ့ရာ ၂၆-၇-၂၀၂၀ ရက်နေ့၊ နံနက်(၀၄:၄၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။


မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် Century Miracle ကုမ္ပဏီ တွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၁၆၉)+ ( ရင်ခွင်ပိုက် ၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၁) ဦး လိုက်ပါသွားကြပါသည်။

 

အထက်ပါ မြန်မာနိုင်ငံသားများ အနက်မှ (၂၀) ဦးသည် နိုင်ငံကူး လက်မှတ်သက်တမ်းများ ကျော်လွန်နေကြသည့်အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန် နိုင်ရေးထောက်ရှု၍ မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို အချိန်မီထုတ် ပေးခဲ့ပြီး ရင်ခွင်ပိုက်ကလေးငယ်အတွက်ကိုလည်း မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခဲ့ပါသည်။


ယခင် ဆောင်ပါး >> ဂျော်ဒန်နိုင်ငံ အထည်ချုပ်ကဏ္ဍမှ မြန်မာလုပ်သား ၁၄၀ ဦး ပြန်လည်ရောက်ရှိ <<< ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ပြည်ပ နိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံး များနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တတိယအကြိမ် အဖြစ် ၃၀-၇-၂၀၂၀ ရက်နေ့တွင် ထပ်မံခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Read 781 times
Rate this item
(1 Vote)
Tagged under