What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ရွေးချယ်မယ့် ဝတ်စုံနဲ့ ဖိနပ်အရောင်ကို ဘယ်လို လိုက်ဖက်အောင် ရွေးချယ်မလဲ

သင်ရွေးချယ်မယ့် ဝတ်စုံနဲ့ ဖိနပ်အရောင်ကို ဘယ်လို လိုက်ဖက်အောင် ရွေးချယ်မလဲ google

ပြီးပြည့်စုံတဲ့ outfit ရဖို့ မတူကွဲပြားတဲ့ အရာတွေနဲ့ ပေါင်းစပ်ဖန်တီးရတာဟာ တကယ့်ကို ခက်ခဲစေပါတယ်။ အဲ့ဒီထဲမှာမှ ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားနဲ့ ဖိနပ်ကို လိုက်ဖက်အောင် တွဲစပ်ဖို့ လိုပါတယ်။

outfit နဲ့ ဖိနပ်အရောင်တွေကို တွဲဖက်ညီစေမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပေးချင်ပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်...

၁။ အဖြူရောင်

White pants min

အဖြူရောင်ဟာ အရာအားလုံးနဲ့ လိုက်ဖက်သင့်လျော်တဲ့ အခြေခံအရောင် ဖြစ်ပါတယ်။ သို့သော် office dress (သို့) ပုံမှန်ထသွားထလာ ဝတ်ဆင်တဲ့ outfit တွေမှာ အဖြူရောင်ကို အနက်ရောင်ဖိနပ်နဲ့ တွဲဖက်ခြင်းဟာ မကိုက်ညီပါဘူး။ အပေါစားဆန်တဲ့ ပုံပေါက်စေပါတယ်။

၂။ မီးခိုးရောင်

Gray pants min

ဒီအရောင်ကို ဘယ်လို ဖိနပ်အရောင်မျိုးနဲ့မဆို ရောစပ်ဖန်တီး လို့ရပါတယ်။ သင်နှစ်သက်တဲ့ဖိနပ်နဲ့ ဘယ်လို outfit မျိုးကို ရွေးချယ်ရမှန်းမသိတဲ့အခါမှာ တကယ့်ကို အဆင်ပြေစေပါတယ်။ သင့်ကို စတိုင်ကျစေပါလိမ့်မယ်။

၃။ အနက်ရောင်

Black pants min

အနက်ရောင်ဟာ ဘယ်အရာနဲ့မဆို ကိုက်ညီမှု ရှိတဲ့ အရောင်ဖြစ်တယ်။ ဒါပေမယ့် အားလုံးနဲ့တော့ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အနက်ရောင်နဲ့ အဖြူရောင်ဖိနပ်က ကိုက်ညီမှုမရှိပါဘူး။ ဒီလိုကိုက်ညီမှုမရှိတဲ့ အထဲမှာ အညိုရောင်လည်း ပါဝင်ပါတယ်။ တကယ်လို့ စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးကြည့်ချင်တယ်ဆိုရင် အရောင်တောက်တောက်တွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပါပဲ။

၎။ အသားရောင်

Beige nude pant min

ဒီလို အရောင်နုနုတွေကို ဝတ်ဆင်တဲ့အခါ အရောင်လင်းတာ (သို့) အရောင်တောက်တောက်များကို ရွေးချယ်ပါ။ အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ မကြိုးစားပါနဲ့။ ဆန့်ကျင်ဘက်ဖြစ်ပြီး လိုက်ဖက်မှုရှိမှာ မဟုတ်ပါဘူး။

ဂျင်းဘောင်းဘီဟောင်းတွေကို အသစ်ဖြစ်အောင် ဘယ်လိုပြုပြင်မလဲ

၅။ အညိုနုရောင်

Light brown pants min

အနက်ရောင် နှင့် မီးခိုးရောင်ဟာ ဒီအရောင်နဲ့ လိုက်ဖက်မှုမရှိပါဘူး။ အစိမ်းရောင် (သို့) အနီရင့်ရင့်အရောင်များနဲ့ ပေါင်းစပ်ဖို့ ကြိုးစားပါ။

၆။ အညိုရင့်ရောင်

Dark brown pants min

ဒီအရောင်ဟာ ကိုက်ညီဖို့ အခက်အခဲဆုံး အရောင်ဖြစ်တယ်။ အနက်၊ မီးခိုး၊ အနီ၊ ခရမ်းတို့နဲ့ မတွဲဖက်ပါနဲ့။ အစိမ်းရောင်နှင့် အပြာရင့်ရောင်တို့ဟာ ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ ပုံစံအသစ်သစ်တွေနဲ့ သင့်ကို ကြည့်ကောင်းစေမှာ အမှန်ပါပဲနော်။

၇။ အပြာရောင်

Blue pants min

အရောင်တောက်တောက် (သို့) အရောင်ရင့်ရင့်ဘဲဖြစ်ဖြစ် ဘယ်လိုဖိနပ်အရောင်မျိုးနဲ့မဆို တွဲဖက်နိုင်ပါတယ်။

၈။ အစိမ်း ၊ သံလွင် ၊ ကာကီရောင်

Green olive khaki min

သင့်ရဲ့ outfit ကို လုံးဝဖျက်ဆီးစေနိုင်တဲ့ အရောင်ကတော့ အစိမ်းရောင်ဘဲ ဖြစ်ပါတယ်။ သင့်ကိုယ်ပိုင်စတိုင်ကို ပေါင်းစပ်ပြီး ရှာဖွေ စမ်းသပ်ပါ။

၉။ အနီရင့်ရောင်

Burgundy and its shades min

အနီရင့်ရောင်ဟာ ခရမ်းရောင်နဲ့ အညိုရင့်ရောင် ကလွဲပြီး အခြားအရောင်များနဲ့ ကိုက်ညီမှုရှိပါလိမ့်မယ်။ သင့်ရဲ့သွင်ပြင်ကို တောက်ပစေဖို့အတွက် အစိမ်းရောင် (သို့) အပြာရောင်ဖိနပ်နဲ့ ဝတ်ဆင်ဖို့ ကြိုးစားပါ။ ပေါ့ပေါ့ပါးပါး ပုံစံကို ရွေးချယ်မယ်ဆိုရင်တော့ မီးခိုးရောင်နဲ့ တွဲဖက်ပေါင်းစပ်သင့်ပါတယ်။

 

Author:TDA

Read 5045 times
Rate this item
(1 Vote)