What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ကြည့်ကောင်းစေမယ့် အဝတ်အစား ပေါင်းစပ်ရွေးချယ်မှု နည်းလမ်းကောင်းတွေ

ယနေ့ခေတ် အမျိုးသမီးတွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့ ကန့်သတ်ပြီး ဝတ်ဆင်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ သို့သော်လည်း လိုက်ဖက်မှု ရှိပြီး မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းနောက်ကို လိုက်ဖို့ ကြိုးစားနေတယ်ဆိုရင် အခြေခံ ပေါင်းစပ်မှုတွေကိုလည်း မမေ့လျော့သင့်ပါဘူး။ ဒါကြောင့် အဝတ်အစားတွေကို ဘယ်လို ပေါင်းစပ်ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

1. sneaker + midi စကပ်

Thigh high boots with a below the knee skirt min

ဘွတ်ဖိနပ်အရှည်ကို ဒူးအောက်နားလောက်ရှိတဲ့ စကပ်နှင့် တွဲဖက်ဝတ်ဆင်ခြင်းဟာ သင့်ခြေထောက်ကို ပိုတိုစေတယ်လို့ ထင်နိုင်ပါတယ်။ အဲ့ဒီအစား ankle boot (သို့) sneaker နဲ့ ဝတ်ဆင်ခြင်းဟာ အလိုက်ဖက်ဆုံးပါပဲ။ ဘွတ်ဖိနပ်အရှည်ကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စကပ်ရှည်အစား ခါးမြင့်စကပ်တွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

2. ရိုးရှင်းစွာ ဝတ်ဆင်ခြင်း

Thigh high boots with clothes covered in details min

အဝတ်အစားပေါ်မှာ အများကြီး ရှုတ်ယှက်ခက်အောင် တန်ဆာဆင်ထားခြင်းဟာ ဈေးပေါတဲ့သွင်ပြင်ဆောင်စေတယ်။ အရောင်လင်းတဲ့ ဘွတ်ဖိနပ်အရှည်ဝတ်ဆင်ထားမယ်ဆိုရင် တခြားအလှဆင်စရာမလိုအပ်ပါဘူး။ ဒါကြောင့် အဝတ်အစားဝတ်ဆင်ရာမှာ ပုံမှန်ထက် လွန်ကဲပြီး အလှဆင်တာတွေကို ရှောင်ကြဉ်ဖို့ ကြိုးစားပါ။

3. စကပ်ရှည် + ဂျာကင်တို

Maxi skirts with elongated coats min

စကပ်ရှည်တွေကို ကုတ်အင်္ကျီအရှည်နဲ့ တွဲဖက်ခြင်းက သင့်ရဲ ပုံရိပ်နှင့် လှပကြော့ရှင်းမှုကို ရရှိမှာမဟုတ်ပါဘူး။ စတိုင်ကျချင်ရင်တော့ ဂျာကင်တိုတွေ ၊ ခေါင်းစွပ်အင်္ကျီတွေနဲ့ ပေါင်းစပ် ဝတ်ဆင်လိုက်ပါ။ ကုတ်အင်္ကျီအရှည်နဲ့ သင့်လျော်လိုက်ဖက်တာကတော့ ဂျင်းဘောင်းဘီတွေပဲ ဖြစ်ပါတယ်။

4. Party Dress + Pump

A cocktail dress with boots ankle boots min

ပါတီ dress များကို ဘယ်လို ပွဲအခမ်းအနားမဆို ဝတ်ဆင်နိုင်ပေမယ့် ankle boot နဲ့ ပေါင်းစပ်ခြင်းဟာ လုံးဝ မသင့်လျော်ပါဘူး။ အခမ်းအနားပွဲတွေအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ pump ဖိနပ်တွေဘဲဖြစ်တယ်။

ပုံမှန်ဝတ်နေကျ အဝတ်အစားတွေကို စတိုင်ကျကျနဲ့ ပုံစံသစ် ပြောင်းလဲဝတ်ဆင်နိုင်မယ့် နည်းလမ်းများ

5.Culottes + ဒေါက်မြင့်ကြိုးသိုင်းဖိနပ်

Culottes with sneakers min

ဘောင်းဘီအကားအပွတွေကို sneaker နဲ့ တွဲဖက်ခြင်းဟာ သင့်ရဲ့ခြေထောက်တွေကို ပိုတိုသလို ထင်ရစေတယ်။ အဲ့လို ဝတ်ဆင်မယ့်အစား ဒေါက်မြင့်ကြိုးသိုင်းဖိနပ်တွေနဲ့ ဝတ်ဆင်ခြင်းဟာ စမတ်ကျပြီး ကြည့်ကောင်းစေပါတယ်။ အရပ်ပိုရှည်တယ်လို့ ထင်ရအောင် ဘောင်းဘီ နှင့် ဖိနပ်တွေကို အရောင်လင်းတာ ရွေးချယ်ပါ။

6. Blazer + midi skirt

A long cardigan with a fluffy midi skirt min

ဆွယ်တာအင်္ကျီအပါး နဲ့ အမွေးပွပွ midi စကပ်ကို ပေါင်းစပ်တွဲဖက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်ကို ပေါ်လွင်လှပစေမှာ မဟုတ်ပါဘူး။ blazer ကုတ်ကို ခါးပတ်နဲ့ ဝတ်ဆင်ခြင်းဟာ ပြီးပြည့်စုံပြီး သင့်ခါးကိုလည်း ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

 

Author:TDA

Read 7378 times
Rate this item
(2 votes)