What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ တစ်ဦးတွင် ရှိရမည့် အရည်အချင်း ၁၀မျိုး

ဖက်ရှင်ဒီဇိုင်နာ တစ်ဦးတွင် ရှိရမည့် အရည်အချင်း ၁၀မျိုး google

ဒီနေ့မှာတော့ တတ်သစ်စ ဖက်ရှင်ဒီဇိုင်နာလေးတွေအတွက် ဖက်ရှင်ဒီဇိုင်နာ တစ်ဦးတွင် ရှိရမည့် အရည်အချင်း ၁၀မျိုး ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁. စီးပွားရေး အမြင် ရှိခြင်းကလည်း လိုအပ်ပါတယ်။ ဘယ်လို ဈေးကွက်ရှိတယ်၊ ဘယ်လို ရောင်းရမယ် နဲ့ ငွေကြေးစီမံမှုတွေပါ သိသင့်ပါတယ်။

၂. ဆက်ဆံရေး ကောင်းမွန်မှုကလည်း အရေးကြီးပါတယ်။ ဒီဇိုင်နာတစ်ယောက်က လုပ်ငန်းအတွင်းမှာ ပါဝင်ပတ်သတ်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသင့်ပါတယ်။

၃. ပြိုင်ဆိုင်မှု ကလည်းအရေးပါပါတယ်။ ကိုယ့် ပစ္စည်းအရည်အသွေး ကစဉ်ဆက်မပြတ်ကောင်းမွန် နေသင့်ပါတယ်။

၎. တီထွင်မှု အားကောင်းမှုကလည်း အရေးပါပါတယ်။

၅. ပုံဆွဲလည်း တော်သင့်ပါတယ်။ ဒီတော့မှ ကိုယ့်အတွေးထဲက ဖက်ရှင်တွေကို စာရွက် အကြမ်းပေါ်မှာ ချရေးနိုင်မှာပါ။

၆. ပစ္စည်းကောင်းကို လည်းရွေးချယ်တတ်သင့်ပါတယ်။ ဥပမာ ပိတ်စအရောင်ကောင်းကောင်းရွေးတတ်တာပါ။

၇. အပ်ချုပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ရအောင်လုပ်နိုင်မှာပါ။

၈. အဖွဲ့အစည်းနဲ့ လုပ်တတ်ဖို့လည်း လိုအပ်ပါတယ်။ အဝတ်အစား ဒီဇိုင်းကနေ၊ ထုတ်လုပ်မှု၊ ချုပ်လုပ်မှု စသဖြင့် အဆင့်တွေအများကြီး ပါဝင်တဲ့အတွက် အဖွဲ့အစည်းနဲ့ အတူတကွလုပ်ဆောင်တတ်ဖို့ လိုပါတယ်။

၉. လက်ရှိ ဖက်ရှင် ရေစီးကိုလည်းနားလည်ဖို့လိုပါတယ်။

၁၀. ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဟာ ကိုယ့်ဒီဇိုင်း မထုတ်လုပ်ခင်ကတည်းက ပိတ်စနဲ့ ဘယ်လို ဒီဇိုင်းထွက်နိုင်တယ် ဆိုတာကို အမြင်ရှိဖို့လိုအပ်ပါတယ်။ အခြားလူတွေကိုလည်း နားလည်အောင် ရှင်းပြဖို့လိုအပ်ပါတယ်။

 

Source : Say.com.mm

Myanmar Textile and Garment Directory

Read 2300 times
Rate this item
(1 Vote)
Tagged under