What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယောကျ်ားလေးတစ်ယောက်မှာ ရှိသင့်တဲ့ အဝတ်အစားများ

ယောကျ်ားလေးတစ်ယောက်မှာ ရှိသင့်တဲ့ အဝတ်အစားများ google

ယောကျ်ားလေးတစ်ယောက်မှာ ရှိသင့်တဲ့ အဝတ်အစားများ

အပြင်သွားခါနီး ဗီရိုရှေ့မတ်တပ်ရပ်ကာ ဘာဝတ်ရမလဲတွေးရင်း အချိန်တွေကုန်ဖူးကြလား။ 
ဗီရိုထဲမှာအကျႌတွေ အများကြီးရှိတယ်လို့ ထင်ရပေမယ့် တကယ်တမ်းဝတ်မယ်ဆိုရင်တော့ ဘာမှရေရေရာရာမရှိတော့တာ ယောက်ျားလေးအများစုရဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်မညစ်ရလေအောင် ယောကျာင်္းလေးတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ ဘယ်လိုမျိုးပစ္စည်းတွေ ရှိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) Suit ကောင်းကောင်းတစ်စုံ
ယောက်ျားလေးတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ အနည်းဆုံး အနောက်တိုင်း Suit ကောင်းကောင်းတစ်စုံတော့ ရှိထားသင့်ပါတယ်။
 လူကြီးလူကောင်းဆန်စွာသွားရမယ့် ပွဲလမ်းသဘင်တွေအတွက် Suit တစ်စုံကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

ပွဲတက်စရာကြုံလာမှ ပြေးဝယ်တာထက်စာရင် ကိုယ်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သေချာချုပ်ထားတဲ့ Fitting ကျကျ Suit တစ်စုံ ရှိထားတာ ပိုကောင်းပါတယ်နော်။

(၂) အဖြူရောင်ရှပ်အကျႌ
ယောက်ျားလေးအများစုကို သန့်သန့်ပြန့်ပြန့်နဲ့ စတိုင်မိုက်စေတာ အဖြူရောင်ရှပ်လေးတွေပါ။

ဘောင်းဘီနဲ့ပဲဝတ်မလား ပုဆိုးနဲ့ပဲဝတ်မလား အဆင်ပြေစေတဲ့အတွက် အဖြူရောင်ရှပ် ကောင်းကောင်းလေးတစ်ထည်ဟာလည်း မရှိမဖြစ်လိုအပ်တဲ့အထဲမှာ ပါဝင်ပါတယ်။

လည်ကတုံးကြိုက်ရင် လည်ကတုံး၊ ကော်လံနဲ့ကြိုက်ရင်ကော်လံ မိမိကြိုက်နှစ်သက်ရာရွေးချယ်ဝတ် ဆင်နိုင်ပါတယ်။

(၃) ပြောင်တီရှပ်
ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက် အလိုက်ဖက်ဆုံးဖက်ရှင်လေးတွေကတော့ ပြောင်တီရှပ်လေးတွေပါ။ 
လူငယ်ဆန်ဆန် ဘောင်းဘီတိုလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်သလို ဘောင်းဘီအရှည်နဲ့ အထာကျကျကွီး တစ်ယောက်အဖြစ်လည်း ဝတ်ဆင်လို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

တစ်ခါလေမှာ အရိုးရှင်းဆုံးက အဆန်းဆုံးဖြစ်သွားစေတာကြောင့် ရိုးရိုးရှင်းရှင်း ပြောင်တီရှပ်လေးတွေကလည်း လုံးဝမရှိမဖြစ်ရှိကိုရှိထားသင့်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေဖြစ်ပါတယ်။

(၄) ဂျင်းဘောင်းဘီ

အချိန်ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း အမြဲမိုက်နေတဲ့ ဖက်ရှင်တစ်ခုကို ပြောပါဆိုရင်တော့ ဂျင်းဖက်ရှင်ကလွဲရင် တခြားမရှိပါဘူး။ 
အပြင်ပဲသွားရင်ပဲဖြစ်စေ ပွဲတက်အနေနဲ့ပဲဖြစ်စေ အဆင်ပြေအောင် တွဲဖက်ဝတ်ဆင်နိုင်တဲ့အတွက် ယောက်ျားလေးတစ်ယောက်ရဲ့ ဗီဒိုထဲမှာ ဂျင်းဘောင်းဘီကလည်းမရှိမဖြစ်လိုအပ်ပါတယ်။

ဒါပေမယ့် အပြဲဒီဇိုင်းတွေပါတဲ့ ဂျင်းဘောင်းဘီတွေထက် ရိုးရိုးရှင်းရှင်းဂျင်းဘောင်းဘီတွေက ဘယ်နေရာသွားသွား ပွဲတိုးစေတယ်ဆိုတာတော့ သိထားဖို့လိုပါမယ်။

(၅) ဘောင်းဘီတို

အခုလိုပူအိုက်တဲ့ရာသီအတွက် အလိုက်ဖက်ဆုံးကတော့ ဘောင်းဘီအတိုဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။ 
ပေါ့ပေါ့ပါးပါးနဲ့ သွားလာရာမှာ စိတ်လွတ်လပ်လွတ်ရှိစေပြီး ကိုယ့်ကိုယ့်ကိုယုံကြည်မှုအပြည့် ရှိနေစေမှာဖြစ်ပါတယ်။ 
Chino ဘောင်းဘီ ၊ ဂျင်းဘောင်းဘီ ၊ Sport ဘောင်းဘီ စသည်ဖြင့် မိမိနှစ်သက်ရာဝတ်နိုင်ပါတယ်။

ဒါကြောင့် ဘောင်းဘီတိုဖက်ရှင်ကလည်း ယောကျာ်းလေးတစ်ယောက်ရဲ့ ဗီရိုထဲမှာ ရှိကိုရှိထားသင့်တဲ့ ဖက်ရှင်တစ်ခုပါပဲနော်။

(၆) Accessories ပစ္စည်း
ယောက်ျားလေးအများစုကတော့ Accessories ပစ္စည်းတွေ ဝတ်ဆင်ရတာ သိပ်သဘောကျကြမယ်မထင်ပါဘူး။
 ဒါပေမယ့် အနည်းဆုံးတော့ နာရီတစ်လုံး ၊ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်မှန်ကောင်းကောင်းတစ်လက် ၊ ခါးပတ် စတဲ့ပစ္စည်းလေးတွေတော့ရှိထားသင့်ပါတယ်။ 
လက်ပတ်လေးတွေ ၊ ဆွဲကြိုးလေးတွေကြိုက်တဲ့သူတွေအနေနဲ့လည်း မိမိတို့နှစ်သက်ရာ Accessories ပစ္စည်းလေးတွေဝယ်ထားလို့ရပါတယ်။

Accessories ပစ္စည်းလေးတွေက သိပ်အရေးမပါဘူးထင်ရပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖက်ရှင်ကိုပိုပြီး ထင်ရှားသွားစေတာကြောင့် ရှိထားရင်တော့အကောင်းဆုံးဖြစ်ပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အျပင္သြားခါနီး ဗီရိုေရွ႕မတ္တပ္ရပ္ကာ ဘာဝတ္ရမလဲေတြးရင္း အခ်ိန္ေတြကုန္ဖူးၾကလား။

ဗီရိုထဲမွာအက်ႌေတြ အမ်ားႀကီးရွိတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းဝတ္မယ္ဆိုရင္ေတာ့ ဘာမွေရေရရာရာမရွိေတာ့တာ ေယာက္်ားေလးအမ်ားစုရဲ႕ ျပႆနာတစ္ခုျဖစ္ပါတယ္။

ဒီလိုမ်ဳိး စိတ္မညစ္ရေလေအာင္ ေယာက်ာၤးေလးတစ္ေယာက္ရဲ႕ အဝတ္ဗီရိုထဲမွာ ဘယ္လိုမ်ဳိးပစၥည္းေတြ ရွိထားသင့္လဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

 

(၁) Suit ေကာင္းေကာင္းတစ္စုံ

ေယာက္်ားေလးတစ္ေယာက္ရဲ႕ အဝတ္ဗီရိုထဲမွာ အနည္းဆံုး အေနာက္တိုင္း Suit ေကာင္းေကာင္းတစ္စံုေတာ့ ရွိထားသင့္ပါတယ္။

 လူႀကီးလူေကာင္းဆန္စြာသြားရမယ့္ ပြဲလမ္းသဘင္ေတြအတြက္ Suit တစ္စံုကေတာ့ မရွိမျဖစ္လိုအပ္ပါတယ္။

ပြဲတက္စရာႀကံဳလာမွ ေျပးဝယ္တာထက္စာရင္ ကိုယ္ရဲ႕ ခႏၶာကိုယ္ အခ်ဳိးအစားနဲ႔ ေသခ်ာခ်ဳပ္ထားတဲ့ Fitting က်က် Suit တစ္စံု ရွိထားတာ ပိုေကာင္းပါတယ္ေနာ္။

 

(၂) အျဖဴေရာင္ရွပ္အက်ႌ

ေယာက္်ားေလးအမ်ားစုကို သန္႔သန္႔ျပန္႔ျပန္႔နဲ႔ စတိုင္မိုက္ေစတာ အျဖဴေရာင္ရွပ္ေလးေတြပါ။

ေဘာင္းဘီနဲ႔ပဲဝတ္မလား ပုဆိုးနဲ႔ပဲဝတ္မလား အဆင္ေျပေစတဲ့အတြက္ အျဖဴေရာင္ရွပ္ ေကာင္းေကာင္းေလးတစ္ထည္ဟာလည္း မရွိမျဖစ္လိုအပ္တဲ့အထဲမွာ ပါဝင္ပါတယ္။

လည္ကတံုးႀကိဳက္ရင္ လည္ကတံုး၊ ေကာ္လံနဲ႔ႀကိဳက္ရင္ေကာ္လံ မိမိႀကိဳက္ႏွစ္သက္ရာေရြးခ်ယ္ဝတ္ ဆင္ႏုိင္ပါတယ္။

 

(၃) ေျပာင္တီရွပ္

ေပါ့ေပါ့ပါးပါးနဲ႔ ထသြားထလာအတြက္ အလိုက္ဖက္ဆံုးဖက္ရွင္ေလးေတြကေတာ့ ေျပာင္တီရွပ္ေလးေတြပါ။

လူငယ္ဆန္ဆန္ ေဘာင္းဘီတိုေလးေတြနဲ႔လည္း တြဲဖက္ဝတ္ဆင္ႏိုင္သလို ေဘာင္းဘီအရွည္နဲ႔ အထာက်က်ကြီး တစ္ေယာက္အျဖစ္လည္း ဝတ္ဆင္လို႔ အဆင္ေျပေစမွာျဖစ္ပါတယ္။

တစ္ခါေလမွာ အရိုးရွင္းဆံုးက အဆန္းဆံုးျဖစ္သြားေစတာေၾကာင့္ ရိုးရိုးရွင္းရွင္း ေျပာင္တီရွပ္ေလးေတြကလည္း လံုးဝမရွိမျဖစ္ရွိကိုရွိထားသင့္တဲ့ ဖက္ရွင္ဒီဇိုင္းေလးေတြျဖစ္ပါတယ္။

 

(၄) ဂ်င္းေဘာင္းဘီ

အခ်ိန္ရာသီေတြ ဘယ္လိုပဲေျပာင္းေျပာင္း အၿမဲမိုက္ေနတဲ့ ဖက္ရွင္တစ္ခုကို ေျပာပါဆိုရင္ေတာ့ ဂ်င္းဖက္ရွင္ကလြဲရင္ တျခားမရွိပါဘူး။

အျပင္ပဲသြားရင္ပဲျဖစ္ေစ ပြဲတက္အေနနဲ႔ပဲျဖစ္ေစ အဆင္ေျပေအာင္ တြဲဖက္ဝတ္ဆင္ႏိုင္တဲ့အတြက္ ေယာက္်ားေလးတစ္ေယာက္ရဲ႕ ဗီဒိုထဲမွာ ဂ်င္းေဘာင္းဘီကလည္းမရွိမျဖစ္လိုအပ္ပါတယ္။

ဒါေပမယ့္ အၿပဲဒီဇိုင္းေတြပါတဲ့ ဂ်င္းေဘာင္းဘီေတြထက္ ရိုးရုိးရွင္းရွင္းဂ်င္းေဘာင္းဘီေတြက ဘယ္ေနရာသြားသြား ပြဲတိုးေစတယ္ဆိုတာေတာ့ သိထားဖို႔လိုပါမယ္။

 

(၅) ေဘာင္းဘီတုိ

အခုလိုပူအိုက္တဲ့ရာသီအတြက္ အလိုက္ဖက္ဆံုးကေတာ့ ေဘာင္းဘီအတိုဖက္ရွင္ေလးေတြပဲျဖစ္ပါတယ္။

ေပါ့ေပါ့ပါးပါးနဲ႔ သြားလာရာမွာ စိတ္လြတ္လပ္လြတ္ရွိေစၿပီး ကိုယ့္ကိုယ့္ကိုယံုၾကည္မႈအျပည့္ ရွိေနေစမွာျဖစ္ပါတယ္။

Chino ေဘာင္းဘီ ၊ ဂ်င္းေဘာင္းဘီ ၊ Sport ေဘာင္းဘီ စသည္ျဖင့္ မိမိႏွစ္သက္ရာဝတ္ႏုိင္ပါတယ္။

ဒါေၾကာင့္ ေဘာင္းဘီတိုဖက္ရွင္ကလည္း ေယာက်ာ္းေလးတစ္ေယာက္ရဲ႕ ဗီရိုထဲမွာ ရွိကိုရွိထားသင့္တဲ့ ဖက္ရွင္တစ္ခုပါပဲေနာ္။

 

(၆) Accessories ပစၥည္း

ေယာက္်ားေလးအမ်ားစုကေတာ့ Accessories ပစၥည္းေတြ ဝတ္ဆင္ရတာ သိပ္သေဘာက်ၾကမယ္မထင္ပါဘူး။

 ဒါေပမယ့္ အနည္းဆံုးေတာ့ နာရီတစ္လံုး ၊ ကိုယ့္မ်က္ႏွာနဲ႔လိုက္ဖက္တဲ့ မ်က္မွန္ေကာင္းေကာင္းတစ္လက္ ၊ ခါးပတ္ စတဲ့ပစၥည္းေလးေတြေတာ့ရွိထားသင့္ပါတယ္။

လက္ပတ္ေလးေတြ ၊ ဆြဲႀကိဳးေလးေတြႀကိဳက္တဲ့သူေတြအေနနဲ႔လည္း မိမိတို႔ႏွစ္သက္ရာ Accessories ပစၥည္းေလးေတြဝယ္ထားလို႔ရပါတယ္။

Accessories ပစၥည္းေလးေတြက သိပ္အေရးမပါဘူးထင္ရေပမယ့္ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ဖက္ရွင္ကိုပိုၿပီး ထင္ရွားသြားေစတာေၾကာင့္ ရွိထားရင္ေတာ့အေကာင္းဆံုးျဖစ္ပါတယ္။

 

 

credit : Kwee

 

Embroidery Machines & Services အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

 

Read 1863 times
Rate this item
(0 votes)
Tagged under