What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Gym wears အကြောင်းသိကောင်းစရာ

မိန်းကလေးဖြစ်ရတော့လဲကရိကထ ကအများသားနော်။

မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားအပြင် အခုကြည့်ဦး gym wears တဲ့။ လှချင်ပချင်လို့ gym သွားပါတယ်ဆိုမှ လှလှပပလဲဝတ်စားရမှာပေါ့နော်။ ဒါပေမဲ့ ချိန်းတွေ့ဖို့သွားတာလောက်တော့ ဘလင်းဘလင်းတွေကလဲမဖြစ်။ ဒါဝတ်ရင်ကျွတ်ကျလေမလား၊ ငါနဲ့ဆိုလှပါ့မလားလို့ ခေါင်းစားနေတဲ့သူတွေအတွက်တင်လိုက်တာပါ။ ကဲ.. ဒါဆို gym သွားရင် ဘာတွေဝတ်မလဲ တစ်ချက်လောက်ကြည့်ရအောင်နော်…

(၁) Undergarments (အတွင်းခံ)
ခါတိုင်းနေ့တိုင်းဝတ်နေကျ bra တွေဝတ်ရင် ခုန်တာတို့ပြေးတာတို့အချိန်ကျရင်အဆင်မပြေဖြစ်နေတတ်ပါတယ်။ (အပေါ်တက်သွားတာတို့ ဘာညာပေါ့ ) အာ့တော့ sports bra လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်ရင်ဝတ်တဲ့အတွင်းခံခွက်လေးတွေကို ဝတ်ပေးပါ။ တတ်နိုင်သလောက် bra ခွက်တစ်ခါတည်း ပါပြီးသားလေးကိုဝယ်ပါ။ ဝယ်တဲ့အခါလည်း ကိုယ်နဲ့ကွက်တိတော်တဲ့ size မျိုးကိုဝယ်ပါ။ 

Women Workout Sports Fitness Clothes Gym Bra Running Push Up Yoga Clothing Girl Sleep Training Vest

(၂) ခြေအိတ်
တချို့တွေကထင်ကြတယ်။ ဒီလောက်ချွေးတွေသံတွေတစ်ရွှဲရွှဲနဲ့ ခြေအိတ်ကြီး ဝတ်ရတာအိုက်တာပေါ့ဘာညာ။ ဒါပေမယ့်ခြေအိတ်ဝတ်ထားမှ ကိုယ့်ခြေထောက်ခြေဆီတွေထွက်လို့ဖြစ်စေ၊ ချွေးထွက်လို့ဖြစ်စေ အနံ့မကောင်းတာတွေဖြစ်မှာရော၊ ပွန်းပဲ့မှာတွေကိုရောကြိုကာကွယ်ပြီးသားဖြစ်မှာမို့ပါ။ ခြေအိတ်ရွေးတဲ့အခါမှာလဲ ပါးပါးလေးနဲ့ ခပ်တိုတိုရွေးရင် အပူသက်သာစေပါတယ်။

083bde25285d74d04766c57e3946c560 gym outfits workout outfits

(၃) အက်ႌ
ခပ်ပါးပါးနဲ့ သက်တောင့်သက်သာဖြစ်စေမယ့်အင်္ကျီကို ရွေးလိုက်ရင်တော့ ဘယ်တော့မှ မှားမှာမဟုတ်ပါဘူး။ နောက်ပြီး ဗိုက်သားလှလှရှိတဲ့သူတွေကတော့ ခါးတို sports wears လေးတွေဝတ်လို့ရပါတယ်။

26bf1e3decf1110d623b3ff980070d72

(၄) ဘောင်းဘီ
တော်တော်များများကတော့ အင်္ကျီနဲ့အရောင်လိုက်တဲ့ဘောင်းဘီတွေ ရွေးကြတာများတယ်။ အမှန်တော့အရောင်တွေ ဘာတွေထက် ကိုယ်နဲ့အဆင်ပြေဖို့ကအရေးကြီးဆုံးပါဘဲနော်။ ဆွဲသားနဲ့ကောက်ကြောင်းပေါ်စေမယ့်ဘောင်းဘီလေးတွေကတော့ တစ်မျိုးတစ်ဘာသာ ဆွဲဆောင်မှုရှိစေမှာပါနော့်အတိုလေးတွေကလဲကိုယ့်ရဲ့ခြေတံအလှကိုပေါ်လွင်စေမှာပါ။

Workout Clothes for Girls 22

တကယ် ဂရုစိုက်ရမှာကတော့ အားကစားသွားလုပ်တာမို့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးရှိဖို့က အရေးအကြီးဆုံးပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းလှလှလေးတွေပေါ်ဖို့ မကြပ်လွန်းမပွလွန်းဘဲ ကွက်တိဖြစ်နေတဲ့ size အမှန်ကိုရွေးတတ်ဖို့လဲလိုပါတယ်။ အဓိကက ကိုယ်ဝတ်ရတာ သက်တောင့်သက်သာရှိနေပြီဆိုမှ လေ့ကျင့်ခန်းကို ကောင်းကောင်းလုပ်လို့ရမှာ မဟုတ်လား? လှလှပပနဲ့ပေါ့ပေါ့ပါးပါးဖြစ်တော့ စိတ်လွတ်ကိုယ်လွတ်နဲ့ ယုံကြည်မှုရှိရှိလေ့ကျင့်ခန်းတွေလုပ်နိုင်ပြီပေါ့။

Read 3479 times
Rate this item
(1 Vote)