What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ပိုမို ဖက်ရှင်ကျသွားစေမယ့် အချက်များ

သင့်ကို ပိုမို ဖက်ရှင်ကျသွားစေမယ့် အချက်များ google

ဖက်ရှင်က လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီနေ့လဲ အမျိုးသမီး များ အတွက် ဖက်ရှင်နဲ့ဆိုင်သော အကြံပြုချက်များကို မျှဝေပေးချင်ပါတယ်။

(၁) ခြေချောင်းလေးတွေ ပိုသွယ်စေဖို့အတွက် ခါးအတိဂျက်ကတ်အင်္ကျီလေးတွေ၊ ထိပ်ချွန်ချွန်ဖိနပ်လေးတွေ၊ ခါးကျင်ကျင်စကတ်လေးတွေရွေးဝတ်ပါ။

(၂) ရုံးမှာ အရောင်စုံတွေ၊ အကွက်ပျောက်တွေ၊ အကြောင်အကျားတွေ မဝတ်ပါနဲ့။ ရုံးဝတ်စုံဟာ အရမ်းလည်း မကျပ်သင့်ပါ။ အရမ်းလည်း မတိုသင့်ပါ။ အရမ်းလည်း မဖော်သင့်ပါ။

Read: မလုပ်ဆောင်သင့်တော့တဲ့ ဖက်ရှင် အမူအကျင့်ဟောင်းများ

(၃) ဒေါင်လိုက်စပ်ကြောင်း၊ အစင်းနဲ့ V ပုံလည်ပင်းတို့နဲ့ အရပ်မြင့်ပုံပေါ်အောင် ဝတ်ပါ။ ဒီအဆင်တွေက အရပ်ရှည်သယောင်ဖြစ်စေပါတယ်။ ကန့်လန့်စင်းတွေကိုတော့ သတိထားဝတ်ပါ။

(၄) အရောင်တွေအများကြီးပါတဲ့ အဝတ်အစားမျိုးထက် အရောင်နည်းနည်းပဲပါတဲ့ အဝတ်အစားမျိုးကို ရွေးဝတ်ပါ။ ကြည့်ရတာ အရမ်းပြည့်စုံနေပါလိမ့်မယ်။

(၅) အဝတ်အစားတွေကိုမဝတ်ခင် ချည်စချည်နတွေ၊ ခွေးမွေး၊ ကြောင်မွေးတွေကို ဖယ်သွားပါ။ ဝတ်ကောင်းစားလှဖြစ်ပါရက် ခွေးမွေးတွေ တင်နေရင် ခပ်နွမ်းနွမ်းဖြစ်သွားမှာပါ။

Source:Lifestyle Mirror

Myanmar Textile and Garment Directory

Read 1384 times
Rate this item
(1 Vote)