What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်းစတိုင်ကို ပြောင်းလဲစေဖို့ လိုအပ်တဲ့ ဖက်ရှင် ၈ မျိုး

မင်းရဲ့အ၀တ်ဘီဒိုထဲမှာ မရှိမဖြစ် ရှိထားသင့်တဲ့ အထည်စတိုင်တွေနဲ့ ဒီဇိုင်းတွေကို ဖော်ပြပေးချင်ပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ခေတ်ထဲမှာ ခေတ်ရေစီးကြောင်းနဲ့လည်း လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်သလို တွေ့ တိုင်း ၀ယ်စရာမလိုဘဲ ငွေကို ချွေတာနိုင်ပြီး ဖက်ရှင်စတိုင်ကျစေမယ့် အ၀တ်အစား အပြင်အဆင်တွေနဲ့ ဖိနပ်ဒီဇိုင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရည်အသွေးမြင့်တဲ့ အ၀တ်အစားတွေ ဖြစ်စေဖို့တော့ တိုက်တွန်းချင်ပါတယ်။

-အဖြူရောင် ကြယ်သီးတပ် ရှပ်အင်္ကျီ

အဖြူရောင်က ဘယ်နေရာမဆို သင့်လျော်တဲ့အရောင်ပါ။ အဖြူရောင် အင်္ကျီတစ်ထည်က ဘယ်တော့မှ သင့် ကို ရိုးမသွားစေတဲ့ ဖက်ရှင်ကို ရစေမှာပါ။ အဖြူရောင်ရှပ်ကို ဂျင်းဘောင်းဘီနဲ့ပဲတွဲတွဲ၊ အနက်ရောင် စတိုင်ပန်နဲ့ပဲတွဲ တွဲ အဆင်ပြေတဲ့၊ မတူညီတဲ့ ဖက်ရှင်နှစ်မျိုးကို ရစေမှာပါ။

-အနက်ရောင်ဂါဝန်

အနက်ရောင်ဂါဝန်ကတော့ သင့်အလှကို အမြဲပေါ်လွင်တောက်ပစေမယ့် အ၀တ်အထည်ပါ။ အနက်ရောင် ဂါဝန်ကို လက်ဝတ်ရတနာတွေနဲ့ ပေါင်းစပ်ပြီး ဒေါက်မြင့်အနက်ရောင်လေးနဲ့ တွဲဖက်လိုက်ရင်ဖြင့် ရပ်သပ်ရှုမောစေတဲ့ အလှကို ပိုင်ဆိုင်နိုင်မှာပါ။

-ဂျင်းဂျာကင်

နွေးထွေးမှု၊ လွတ်လပ်မှုကို ပေးစွမ်းနိုင်တဲ့ အ၀တ်အထည်ပါ။ အဖြူရောင် ကြယ်သီးတပ်အင်္ကျီနဲ့ တွဲဖက်နိုင် သလို စွယ်တာအင်္ကျီအပေါ်ထပ်အနေနဲ့လည်း လွတ်လပ်စွာ စတိုင်ကျနေမှာပါ။

-အဖြူရောင်တီရှပ်

အဖြူရောင်တီရှပ်တစ်ထည်ကလည်း လွတ်လပ်ပြီး ဖက်ရှင်ကျတဲ့ စတိုင်ကို ဖန်တီးပေးနိုင်ပါတယ်။ အဖြူရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စတိုင်ပါ။ အဲ့စတိုင်ကို Boots ဖိနပ်အမျိုးအစားနဲ့ တွဲဖက်လိုက် မယ် ဆိုရင်တော့ ပြည့်စုံလွတ်လပ်တဲ့ ဖက်ရှင်စတိုင်တစ်ခုကို ဖန်တီးနိုင်မှာပါ။

-စွယ်တာ

အမြဲမရိုးတဲ့ ဖက်ရှင်တွေထဲမှာ ခေါင်းစွပ်စွယ်တာလေးတွေလည်း ပါပါတယ်။ ခေါင်းစွပ်စွယ်တာကို ဂျင်းဂျာကင်၊ ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်မယ် ဆိုရင်တော့ ဖက်ရှင်ကျပြီး လွတ်လပ်နွေးထွေးနေစေမှာပါ။

-ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီ အရောင်ရင့်ရင့်လေးတွေပဲဖြစ်ဖြစ်၊ ဂျင်းပြာလေးတွေပဲဖြစ်ဖြစ် ဘယ်လို ဂျင်းဘောင်းဘီမျိုးမဆို အမြဲဆန်းသစ်တဲ့ဖက်ရှင်၊ မရိုးတဲ့ဖက်ရှင်ကို ဖြစ်စေလို့ မင်းရဲ့ အ၀တ်ဘီဒိုထဲမှာ ရှိနေရမယ့် အထည်ပါပဲနော်။

-အနက်ရောင်စတိုင်ပန်

စမတ်ကျစေပြီး ဆွဲဆောင်မှုရှိတဲ့ အလှကို ရစေမယ့် အထည်ပါ။ အင်္ကျီမရွေးတဲ့ ဘောင်းဘီစတိုင်တစ်ခုပါ။

-စကတ်

ဒူးလောက်ရှိတဲ့ စကတ်စတိုင်တွေက စတိုင်ကျစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ရိုးလည်း မရိုးသလို၊ ဆန်းလည်း သိပ်မဆန်းပေမဲ့ အမြဲတမ်း ဖက်ရှင်ကျနေစေတဲ့ အ၀တ်အထည်တစ်မျိုးပါပဲ။

Read 1428 times
Rate this item
(0 votes)