What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်အဝတ်အစားများ အမြဲသစ်လွင်တောက်ပနေစေဖို့

အကျီင်္အဖြူရောင်နဲ့ အရောင်နုတဲ့ အကျီင်္တွေက တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဝတ်ပြီးတာနဲ့ အရောင်မွဲ သွားပြီး သစ်လွင်တောက်ပခြင်း မရှိတော့ပါဘူး။ ဓာတုပစ္စည်းများ၊ အရောင်ချွတ်ဆေးများ ပါဝင်တဲ့ ဆပ်ပြာမှုန့်များနဲ့ လျှော်ဖွပ်ခြင်းကြောင့်လည်း အကျီင်္ဖြူလေးတွေ အရောင်လွှင့် သွားရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်မှာရှိတဲ့ သဘာဝပစ္စည်းများနဲ့ အကျီင်္ဖြူဖြူလေးသစ်လွင် တောက်ပဖို့ အတွက် ပြုလုပ်တဲ့ နည်းလမ်းလေး ရှိပါတယ်နော်။ အရောင်စွန်းထင်း နေတာတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အပြင် အကျီင်္အဖြူရောင်ကလည်း နဂိုအတိုင်း သစ်လွင်တောက်ပသွားတာကြောင့် တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။
(၁) ပထမဦးဆုံး ဖော်ပြပေးချင်တဲ့ နည်းလမ်းလေးကတော့ နွားနို့်ချဉ်နဲ့ လျှော်ဖွပ်ရမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ အရောင်ညစ်နွမ်းနေတဲ့ အကျီင်္ကို နွားနို့ချဉ်ထဲသို့ နှစ်နာရီခန့် ကြာအောင် စိမ်ထားပေးရမှာပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ အဝတ်လျှော်ဆပ်ပြာ အပျော့စားလေးနဲ့ပဲ လျှော်ဖွပ်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း မကြာခဏ လျှော်ဖွပ်ပေးမယ် ဆိုရင် အကျီင်္အဖြူရောင်က အမြဲသစ်လွင်တောက်ပနေမှာ အမှန်ပါပဲ။
(၂) ယခုနည်းလမ်းလေးကတော့ ဆပ်ပြာမှုန့်၊ သံပရာရည်၊ ဆား၊ နှင့်ရေ တို့ပဲ လိုအပ်ပါတယ်။ ရေနှစ်လီတာခန့်ကို ဆူပွက်အောင်တည်ြ့ပီး ဆားစားပွဲတင်ဇွန်း တစ်ဇွန်း၊ သံပုရာသီးသုံးလုံး အရည်ညှစ်ပြီး၊ ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ထိုအရောအနှောထဲသို့ အကျီင်္ကို မိနစ် ၄၀ ခန့် စိမ်ထားရမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ရေဖြင့် ဆေးကြောသန့်စင်ရုံပါပဲ။ တကယ့်ကို ထိရောက်တဲ့နည်းလမ်းလေး ဖြစ်တာကြောင့် စမ်းလုပ်ကြည့်လိုက်ပါနော်။
(၃) ရှာလကာရည် အကြည်ကလည်း အကျီင်္အရောင်စွန်းထင်းမှုကို ဖယ်ရှားပေးနိုင်တဲ့ အပြင် ညစ်နွမ်းနေတဲ့ အကျီင်္အဖြူရောင်ကို သစ်လွင်တောက်ပသွာစေတာကို တွေ့ရပါတယ်။ ရေတစ်လီတာထဲသို့ ရှာလကာရည် ဖန်ခွက်တစ်ဝက်ခန့် ရောစပ်ပြီး မိမိလျှော်ဖွပ်လိုတဲ့ အကျီင်္ဖြူကို မိနစ် ၄၀ခန့်စိမ်ထားလိုက်ပါ။ အကယ်၍ အကျီင်္ဖြူချိုင်းအောက်မှာ စွန်းထင်းနေတဲ့ ချွေးကွက်ကို ဖယ်ရှားချင်တယ် ဆိုရင်တော့ မိမိပြုလုပ်လိုတဲ့ နေရာကို ရှာလကာရည်အကြည် လောင်းချပြီး ပွတ်တိုက်လျှော်ဖွပ်ပေးပါ။ ပြီးရင်တော့ အဝတ်လျှော်ဆပ်ပြာနဲ့ ဆေးကြောလျှော်ဖွပ်လိုက်ရုံပါပဲနော်။
(၄) နောက်ထပ်နည်းလမ်းလေးကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာသီးကို အသုံးပြုတဲ့ နည်းလမ်းလေးပါပဲ။ မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်ရောစပ်ပြီး စားပွဲတင်ဇွန်းကို စွန်းထင်းနေတဲ့ အကျီင်္ပေါ်ကို သုတ်လိမ်းလိုက်ပါ။ ၅မိနစ်ခန့်ထားပြီး ရေဖြင့်မဆေးချသေးဘဲ ထက်ခြမ်းခြမ်းထားတဲ့ သံပုရာသီးစိတ်နဲ့အကျီင်္ပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့်ထားပြီး ဆပ်ပြာမှုန့်ဖြင့် ရေနွေးနွေးနဲ့ လျှော်ဖွပ်လိုက်ပါ။ ဒီနည်းလမ်းလေးက အရောင်စွန်းထင်းမှုကို ဖယ်ရှားပေးနိုင်တဲ့ အပြင်အကျီင်္အဖြူရောင်ကို ပိုမိုတောက်ပ လာစေနိုင်တာကြောင့် သဘာဝနည်းလမ်းကောင်းလေးပါပဲနော်။

source: myanmaplatform

Read 6532 times
Rate this item
(0 votes)