What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစား fitting

အ၀တ်အစားက ၀တ်ဆင်သူ ကိုယ်ခန္ဓာနဲ့ ဘယ်လောက်အထိ အလိုက်အထိုက် ဖြစ်သလဲဆိုတာအတွက်

အ၀တ်အစား အံဝင်ခွင်ကျ fit ဖြစ်ခြင်းကို ဂရုစိုက်ကြရတယ်။ style ကောင်းပါလျက် fittting ကြောင့် ကမောက်ကမ ဖြစ်ရတာတွေ ရှိတယ်။
fitting ကို ဘာတွေက ဆုံးဖြတ်ပေးသလဲ။ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်း၊ ၀တ်ဆင်သူရဲ့ ဆန္ဒနဲ့ ရွေးချယ်မှု၊ ဘယ်လိုနေရာမှာဝတ်ပြီး ဘာတွေလုပ်ကိုင်မှာလဲ။ ဘာအတွက် ၀တ်ဆင်တာလဲ စတဲ့ အဓိကကျတဲ့အချက်တွေက ဆုံးဖြတ်ပေးတယ်။

အခြေခံကျကျ အချက် ငါး ချက်ဖြင့် အ၀တ်အစားရဲ့ fit ဖြစ်ခြင်းကို အကဲဖြတ်ကြတယ်။
အဲဒီ ၅ ချက်ကို ဖော်ပြပေးထားပါတယ်။

၁) ချည်ကြော grain
**********
အထည်ကို ရက်တာ ထောင်လိုက်နဲ့ ရေပြင်ညီ ချည်တွေပြေးထားတယ်။ အဲဒီချည်ကြောအတိုင်း ပိတ်စကို ဖြတ်တောက်ကြရတယ်။
၄၅ ဒီဂရီအစောင်းဖြတ်တဲ့နည်းကို သုံးတာ ရှိပေမဲ့ အသုံးနည်းပါတယ်။ အထူးသဖြင့် အမြောက်အမြား ချုပ်တဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ သုံးစွဲဖို့ မဖြစ်နိုင်ဘူး။

 

အခေါ်အဝေါ် ၂ ခု
***********
ပိတ်စရဲ့ အထည်သားမှာ ပိတ်စအနားသိမ်း (Selvage ) ကလနား ရှိတယ်။
အဲဒီ အနားသိမ်းကလနား ပြေးနေတဲ့အတိုင်း အပြိုင်ပြုနေတဲ့ ချည်ကြောကို lengthwise grain လို့ ခေါ်တယ်။ wrap လို့လည်း ခေါ်ကြတယ်။

အနားသိမ်း ကလနားကို ထောင့်မှန်ပြုပြီး ပြေးနေတဲ့ချည်ကြောကို crosswise grain လို့ ခေါ်တယ်။ weft လို့လည်း ခေါ်ကြတယ်။

တစ်နည်းပြောပြရရင် တိုင်တွေသဖွယ် နေရာယူထားတဲ့ တိုင်ချည်တွေ ပြေးထားတဲ့အကြောကို wrap သို့မဟုတ် lengthwise grain လို့ ခေါ်တယ်။
အဲဒီတိုင်ချည်တွေကြားထဲ ထောင့်မှန်ပြုပြီး ရက်ပေးထားတဲ့ ဖောက်ချည်တွေ ပြေးထားတဲ့အကြောကို weft သို့မဟုတ် crosswise grain လို့ ခေါ်ကြတယ်။

ရှည်ဆန့်တတ်တာမှာ အနံအတိုင်း ကန့်လန့်ပြေးတဲ့ Crosswise grain က အလျားအတိုင်း ထောင်လိုက်ပြေးတဲ့ lengthwise grain ထက် ပိုအားသာတယ်။
အ၀တ်အစား အများစုမှာ ကန့်လန့်ပြေးတဲ့ Crosswise grain နဲ့ ကိုယ်ခန္ဓာကို ပတ်ပတ်လည် ပတ်ပေးထားတယ်။ ကြမ်းပြင်နဲ့ အပြိုင်ပြုပေးထားတယ်။ အဲဒီချည်ကြောကို ထောင်လိုက်ထားပြီး ချုပ်ထားရင် အ၀တ်အစားက အောက်ကို ရှည်ဆန့်တတ်တယ်။ ပုံပျက်အိကျ ဖြစ်တတ်တယ်။ မြေဆွဲအားကြောင့် အခုလို ဖြစ်ရတယ်။ ရေပြင်ညီအတိုင်း ထားပြီး ချုပ်ပေးထားတော့ ကိုယ်ခန္ဓာ အဖောင်းအကြွ နေရာတွေမှာ အနည်းနဲ့အများ ရှည်ဆန့်ပေးပြီး အံကိုက်ဖြစ်အောင် ပြုပေးတဲ့ အကျိုးကျေးဇူးကို ရတယ်။
ဒီတော့ မတ်တတ်ရပ်နေတဲ့ ကိုယ်ခန္ဓာနဲ့ Crosswise grain ထောင့်မှန်ပြုနေအောင် အ၀တ်အစားကို ချုပ်ပေးထားကြတယ်။ အဲလို မဖြစ်ရင် ချုပ်ရိုးတွေမှာ လိန်နေတတ်တယ်။ ချိတ်နဲ့ တန်းလန်းချထားရင် အဲလို လိန်နေတာကို တွေ့ရပါတယ်။


၂။ နေသားတကျ ရှိခြင်း
*********
နေသားတကျဖြစ်နေတာ ကောင်းမွန်တဲ့ အ၀တ်အစားကို ၀တ်ထားရင် ၀တ်ထားမှန်း မသိသာဘူး။ အတော် အဆင်ပြေတယ်။ အ၀တ်အစားမှာလည်း တွန့်ရာအရေးအကြောင်းတွေ မထွက်ပေါ်ဘူး။ အ၀တ်အစားက ကြီးနေရင်ဖြစ်ဖြစ် သေးနေရင်ဖြစ်ဖြစ် အတွန့်ကြောင်းတွေ အမြဲထွက်ပေါ်ပါတယ်။

၃။ မျှတခြင်း
****
အ၀တ်အစား ၀တ်ထားတဲ့သူကို ရှေ့မှ ကြည့်ကြည့်၊ နောက်မှ ကြည့်ကြည့် ၀ဲနဲ့ယာ အချိုးညီနေမှ ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ တစ်ဘက်ဘက်ကို လိုက်နေရင် အကြည့်ရဆိုးတယ်။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ထောင်လိုက်အလယ်မျဉ်းနဲ့ အ၀တ်အစားရဲက ထောင်လိုက်အလယ်မျဉ်းတို့ ညီညွှတ်နေရမယ်။ မမျှတတဲ့ အ၀တ်အစားကို ၀တ်ထားရင် ၀တ်ဆင်သူရဲက ကိုယ်နေဟန်ထား ဟန်ချက်လွဲနေတတ်တယ်။

၎။ လိုင်း
***
အ၀တ်အစားမှာ ချုပ်ရိုးလိုင်းတွေ၊ အလှဆင်တဲ့လိုင်းတွေ ပါတယ်။ ပြီးတော့ အထည်သားမှာလည်း အဆင်းလှအောင် ဖော်ထားတဲ့ အစင်းကြောင်း လိုင်းတွေ ပါတယ်။ အဲဒီ အ၀တ်အစား လိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အကောက်အကွေး ပင်ကိုသဘာဝလိုင်းတွေနဲ့ အဆင်ပြေရမယ်။ အဆင်မပြေဘူးဆိုရင် အ၀တ်အစားက တလွဲတချော်ဖြစ်နေသလို ဖြစ်နေပြီး ကြည့်မကောင်းဘူး။ ၀တ်ဆင်ထားတဲ့သူမှာလည်း သက်သောင့်သက်သာ မဖြစ်တော့ဘူး။

၅။ ချောင်ချိမှု
Ease လို့ ခေါ်တဲ့ ချောင်ချိမှုဟာလည်း အရေးကြီးတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေအတွက် တုပ်ထားတာ ဖြစ်မနေစေဖို့ ချောင်ချိမှု ရှိရမယ်။ ပြီးတော့ စတိုင်လ်ထုတ်ဖို့အတွက်လည်း ချောင်ချိမှုကို တမင် ဖန်တီးကြတယ်။


ဘယ်လိုတွေ ထည့်စဉ်းစားပြီး ပက်တန်ထုတ် အ၀တ်စတွေကို ချုပ်ပေးထားပေမဲ့ ၀တ်ဆင်မယ့်သူကိုယ်တိုင် အစမ်း ၀တ်ကြည့်ဖို့ လိုမယ်။ အထည်သားရဲ့ အဆင်အကွက်တွေက ဟန်ကျရဲ့လား။ လည်ပင်းပေါက်မှာ ထပ်ထားတဲ့ ကော်လာက အဆင်ပြေရဲ့လား။ ချိုင်းနေရာမှာ ချောင်ချောင်ချိချိ ရှိရဲ့လား။ ပခုံးတွေ လျှောမကျဘဲ fit ဖြစ်ရဲ့လား။ ချုပ်ရိုးတွေ ပြုတ်ထွက်အောင် ပြုနေတဲ့ နေရာ ရျှိနေသလား။

ကျပ်လို့ တင်းနေတဲ့နေရာတွေ ကျပ်လွန်းလို့ဖြစ်ဖြစ် ပွလွန်းလို့ဖြစ်ဖြစ် တွန့်နေတဲ့နေရာတွေကို ပပျောက်အောင် လုပ်ပေးကြတယ်။ အိုက်ကျနေတဲ့နေရာမျိုးတွေ မရှိအောင်လုပ်ကြတယ်။
တကယ်လို့ အမြောက်အမြား ချုပ်ဖို့ နမူနာ ထုတ်တယ်ဆိုရင် ပိုပြီး ဂရုစိုက်ကြတယ်။ fitting မော်ဒယ်ကို ငှားရမ်းပြီး ၀တ်ခိုင်းကြည့်ကြတယ်။

 

ease flow chart

ease flow chart2

 

WMA

Read 3817 times
Rate this item
(0 votes)