Textile ကနေ ယောင်းတို့အတွက် ကျန်းမာရေးအရအမြဲမဝတ်သင့်သာဖက်ရှင်တွေကို ပြောပြပေးချင်ပါတယ်နော်။
(၁)အတွင်းခံဘောင်းဘီ
ယောင်းဟာ swimsuit အတွင်းခံဘောင်းဘီတွေဝတ်ရတာ ကြိုက်နှစ်သက်တတ်တယ်ဆိုရင် အခုပဲလျှော့ဝတ်လိုက်ပါ။ အဲ့အတွင်းခံဘောင်းဘီတွေဟာ ယာယံတာတွေ၊ အမျိုးသမီးအတွင်းအင်္ဂါကူးစက်ရောဂါ၊ အသားအရည်ပူလောင်တာတွေဖြစ်ဖို့ ပိုများပါတယ်ရှင့်။
နွေရာသီမှာဆိုရင် ပိုတောင် မဝတ်သင့်ပါဘူးနော်။
(၂)ဒေါက်ဖိနပ်အမြင့်
လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ခြေထောက်နဲ့ပတ်သတ်တဲ့ အရိုးနာကျင်မူပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတတ်သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ယောင်းတို့ဟာ မစီးမဖြစ်လို့ဆိုရင်လည်း အချိန်ယူပြီး ခြေထောက်လေ့ကျင်ခန်းလေးကို လုပ်ပေးပါ။ အထူးသဖြင့်တော့ အကြိမ်အရေတွက် လျှော့စီးပေးတာ အကောင်းဆုံးပါပဲ။
(၃)Pencil skirts
ပုံထဲကလိုPencil skirts တွေဟာ ယောင်းရဲ့ ခြေထောက်ကို ပူးကပ်နေစေတာအမှန်ပါပဲ။ လမ်းလျှောက်တဲ့အခါ လိုသလိုသွားလို့ မရတဲ့ စကပ်တွေပါ။ အဲ့စကပ်တွေဟာ ယောင်းရဲ့ဒူးအတွက်လည်း မကောင်းပါဘူးနော်။
(၄)အတွင်းခံအင်္ကျီ
မိန်းမတစ်ယောက်ရဲ့ အတွင်းခံအင်္ကျီဆိုဒ်ဟာ ကြီးလိုလည်းဝတ်လို့မကောင်းသလို၊ ငယ်လို့လည်း ဝတ်လို့မကောင်းပါဘူး။
ပိုဆိုးတာက ကိုယ်ရဲ့ဆိုဒ်ထက်ငယ်တာဝတ်မိပြီး အသားအရည်တွေ ပူလောင်သွားတတ်သလို ပုခုံး၊ကျောနှင့် ကျောရိုးတွေမှာလည်း အကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတော်တော်များများဖြစ်တတ်ပါတယ်နော်။
(၅)တင်းကျပ်လွန်းတဲ့ဘောင်းဘီရှည်
တင်းကျပ်နေတဲ့ ဘောင်းဘီတွေဟာလည်း ယောင်းရဲ့ ကျန်မာရေးကို များစွာထိခိုက်နိုင်ပါတယ်နော်။
ဘယ်လိုမကောင်းစေသလဲဆိုတော့ ကျပ်ထုတ်နေတဲ့အတွက် သွေးလည်ပတ်မှု မကောင်းသလို၊ ပြန်ချွတ်တဲ့အခါမှာလည်း အသားအရည်တွေထုံထိုင်းစေပြီး ပေါင်သားတွေကိုနာကျင်စေပါ တယ်။
ဗိုက်မှာ ကျပ်ထုတ်နေတဲ့အခါ အစာကြေစနစ်အတွက်လည်းမကောင်းပါဘူးနော်။
Source : trend myanamr
Myanmar Textile and Garment Directory