သင့်ဟာ ဘယ်ဖိနပ်အမျိုးအစားကို အကြိုက်ဆုံးလဲ။ ဘယ်လိုဖိနပ်မျိုးကို ပုံမှန်စီးဖြစ်သလဲ။ ဒီနေ့မှာတော့ Textile ကနေ စီးထားတဲ့ဖိနပ်ကို ကြည့်ပြီး စိတ်နေသဘောထားလေးတွေ ခန့်မှန်းကြည့်မယ်။
ညှပ်ဖိနပ်
ဘဝကို ရိုးရှင်းစွာ နေထိုင်ချင်ကြသူများပါ။ အချုပ်အနှောင်ကင်းပြီး ဘဝကို အေးအေးဆေးဆေးနေချင်သူပါ။ ဘဝကို ပျော်ရွှင်စွာ နေထိုင်သူများဖြစ်ပြီး တစ်ကိုယ်စာ ကြိုတင်ပြင်ဆင်ထားတတ်သူများဖြစ်ပါတယ်။
boot ဖိနပ်
အပေါင်းအသင်းများသူများဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကလွဲ၍ သူများစကား နားမယောင်တတ်သူပါ။ အပျော်အပါး မက်ပါတယ်။ သူများအပေါ် မနာလိုစိတ် မရှိသူများဖြစ်ပါတယ်။
ဒေါက်ဖိနပ် အချွန်
သင်ဟာ သွက်လက်သူပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး လူဝင်ဆံ့သူလည်း ဖြစ်ပါတယ်။ စကားပြောကောင်းပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားတတ်ပါတယ်။
ဘယ်သူနဲ့မဆိုအဆင်ပြေအောင် ပြောဆိုဆက်ဆံတတ်ပြီး လူမှုရေးအားကောင်းသူ လို့ ဆိုနိုင်ပါတယ်။ သင်ဟာပိုက်ဆံဖြုန်းရတာကိုလည်း နှစ်သက်ပါတယ်။
ခုံမြင့် ဒေါက်ဖိနပ်
သင်ဟာ တည်ငြိမ်မလိုလိုနဲ့ တကယ်တမ်းကျတော့ အပေါင်းအသင်းများပါတယ်။ အရာရာကို ထောင့်စေ့အောင် စဉ်းစားတတ်ပါတယ်။ မဟုတ်မခံစိတ်ရှိသူပါ။
ကြိုးသိုင်းဖိနပ်
သင်ဟာ ခေတ်မီပါတယ်။ အတွေးအခေါ်လူငယ်ဆန်ပါတယ်။ နေရာနဲ့လိုက်ဖက်တဲ့ အပြင်အဆင်မျိုး သင်ပြုလုပ်တတ်ပါတယ်။ စိတ်ထားနူးညံ့ပေမယ့် ရံဖန်ရံခါ ဒေါသကြီးပါတယ်။
ဖိနပ်အပါး
သနားကြင်နာတတ်ပါတယ်။ နူးညံ့သိမ်မွေ့ပါတယ်။ ဖိနပ်က ပေါ့ပါးသလို စီးသူကလည်း စိတ်လက်ပေါ့ပါးတတ်ပါတယ်။ ဟန်ဆောင်မှု မရှိတဲ့ ရိုးရှင်းသူများပါ။
တုံးထူ ဒေါက်ဖိနပ်
သင်ဟာ စိတ်မြန်လက်မြန်ရှိပါတယ်။ ရင့်ကျက်ပါတယ်။ သူများနဲ့ မတူတဲ့ ရှုထောင့်မျိုးက တွေးတတ်ပါတယ်။ကြင်နာသနားတတ်သူလည်း ဖြစ်ပါတယ်။
Source : for her myanmar
Myanmar Textile & Garment Directory
ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ဆိုင်တွေကို သိချင်ရင်တော့