What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19 Lockdown ကြေငြာချက်နှင့် ပတ်သက်ပြီး တောင်အာဖရိက အထည်ချုပ်အသင်း လုပ်သားသဘောတူညီချက်များထုတ်ပြန်

COVID-19 Lockdown ကြေငြာချက်နှင့် ပတ်သက်ပြီး တောင်အာဖရိက အထည်ချုပ်အသင်း လုပ်သားသဘောတူညီချက်များထုတ်ပြန် google

တောင်အာဖရိကနိုင်ငံ၏ အထည်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အမျိုးသားညှိနှိုင်းရေးကောင်စီအဖွဲ့သည် နိုင်ငံတော်အစိုးရက ထုတ်ပြန်လိုက်သော

COVID-19 Lockdown National Collective Agreement ကိုအတည်ပြုလိုက်ကြောင်းသိရပါတယ်။

 

ထိုကဲ့သို့အတည်ပြုပြီးနောက်မှာတော့ တောင်အာဖရိကအထည်အလိပ်ကဏ္ဌ မှ တာဝန်ရှိသူများနှင့်အရေးပေါ်ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါတယ်။

 

ထိုဆွေးနွေးပွဲတွင် တောင်အာဖရိကအဝတ်အထည်နှင့်အထည်အလိပ်အလုပ်သမားများသမဂ္ဂ (SACTWU)၊တောင်အာဖရိက၏အဝတ်အထည်နှင့်အထည်အလိပ်အသင်း (ATASA) နှင့်

 

တောင်အာဖရိကအဝတ်အထည်အသင်း (SAAA) တို့ပါဝင်ဆွေးနွေးခဲ့ပြီး ပြည်တွင်းအထည်လိပ်ကဏ္ဌအနာဂတ်၊ အထည်အလိပ်လုပ်သားတို့၏ ခံစားခွင့်တို့နှင့်ပတ်သက်ပြီး

 

သဘောတူလက်မှတ်များရေးထိုးခဲ့ကြပါတယ်။

 

အဆိုပါ သဘောတူညီချက်များတွင် အထည်လုပ်ချုပ်လုပ်သား ၈၀,၀၀၀ အတွက်ရက်သတ္တပတ်ခြောက်ပတ်ပိတ်ဆို့မှုကာလအတွက်အပြည့်အဝလစာပေးခြင်း၊

 

အကျိုးခံစားခွင့်များနှင့်ပတ်သက်ပြီးချက်ချင်းလက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များကိုစီမံခန့်ခွဲရန် အတွက်'COVID-19 Lockdown Rapid Response Task Team'အသင်းတစ်ခု ကို

 

တည်ထောင်ရန်၊နိုင်ငံတော်အစိုးရမှစီစဉ်ပေးသော လုပ်သားအခွင့်အရေးများကို ခံစားခွင့်ရအောင် အမြန်ဆုံးဆောင်ရွက်ပေးသွားရန် စသည့်အချက်တို့ပါဝင်ကြောင်းသိရပါတယ်။

 

အလုပ်သမားများအား လုပ်ခပေးချေသည့်အခါတွင်လည်း အလုပ်လက်မဲ့အာမခံရန်ပုံငွေ (UIF) နှင့်အလုပ်ရှင်တို့၏ ရန်ပုံငွေတို့ဖြင့်ပေးချေသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

လက်ရှိဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြသော သဘောတူ ဆုံးဖြတ်ချက်များကို အလုပ်သမားဝန်ကြီးဌာနအပါအဝင် ပြည်တွင်းအထည်အလိပ်ကုမ္ပဏီများသို့ အရေးပေါ်ပြန်တမ်းအနေဖြင့် အမြန်ဆုံး အသိပေး

 

အကြောင်းကြားမည်ဖြစ်ကြောင်းသိရပါတယ်။

<<<Zawgyi>>>

ေတာင္အာဖရိကႏိုင္ငံ၏ အထည္ထုတ္လုပ္မႈလုပ္ငန္းဆိုင္ရာ အမ်ိဳးသားညႇိႏႈိင္းေရးေကာင္စီအဖြဲ႕သည္ ႏိုင္ငံေတာ္အစိုးရက ထုတ္ျပန္လိုက္ေသာ

COVID-19 Lockdown National Collective Agreement ကိုအတည္ျပဳလိုက္ေၾကာင္းသိရပါတယ္။

ထိုကဲ့သို႔အတည္ျပဳၿပီးေနာက္မွာေတာ့ ေတာင္အာဖရိကအထည္အလိပ္ကဏၭ မွ တာဝန္ရွိသူမ်ားႏွင့္အေရးေပၚေဆြးေႏြးပြဲမ်ားျပဳလုပ္ခဲ့ပါတယ္။

ထိုေဆြးေႏြးပြဲတြင္ ေတာင္အာဖရိကအဝတ္အထည္ႏွင့္အထည္အလိပ္အလုပ္သမားမ်ားသမဂၢ (SACTWU)၊ေတာင္အာဖရိက၏အဝတ္အထည္ႏွင့္အထည္အလိပ္အသင္း (ATASA) ႏွင့္

ေတာင္အာဖရိကအဝတ္အထည္အသင္း (SAAA) တို႔ပါဝင္ေဆြးေႏြးခဲ့ၿပီး ျပည္တြင္းအထည္လိပ္ကဏၭအနာဂတ္၊ အထည္အလိပ္လုပ္သားတို႔၏ ခံစားခြင့္တို႔ႏွင့္ပတ္သက္ၿပီး

သေဘာတူလက္မွတ္မ်ားေရးထိုးခဲ့ၾကပါတယ္။

အဆိုပါ သေဘာတူညီခ်က္မ်ားတြင္ အထည္လုပ္ခ်ဳပ္လုပ္သား ၈၀,၀၀၀ အတြက္ရက္သတၱပတ္ေျခာက္ပတ္ပိတ္ဆို႔မႈကာလအတြက္အျပည့္အဝလစာေပးျခင္း၊

အက်ိဳးခံစားခြင့္မ်ားႏွင့္ပတ္သက္ၿပီးခ်က္ခ်င္းလက္ေတြ႕အေကာင္အထည္ေဖာ္မႈဆိုင္ရာကိစၥရပ္မ်ားကိုစီမံခန႔္ခြဲရန္ အတြက္'COVID-19 Lockdown Rapid Response Task Team'အသင္းတစ္ခု ကို

တည္ေထာင္ရန္၊ႏိုင္ငံေတာ္အစိုးရမွစီစဥ္ေပးေသာ လုပ္သားအခြင့္အေရးမ်ားကို ခံစားခြင့္ရေအာင္ အျမန္ဆုံးေဆာင္႐ြက္ေပးသြားရန္ စသည့္အခ်က္တို႔ပါဝင္ေၾကာင္းသိရပါတယ္။

အလုပ္သမားမ်ားအား လုပ္ခေပးေခ်သည့္အခါတြင္လည္း အလုပ္လက္မဲ့အာမခံရန္ပုံေငြ (UIF) ႏွင့္အလုပ္ရွင္တို႔၏ ရန္ပုံေငြတို႔ျဖင့္ေပးေခ်သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိေဆြးေႏြးပြဲတြင္ ဆုံးျဖတ္ခဲ့ၾကေသာ သေဘာတူ ဆုံးျဖတ္ခ်က္မ်ားကို အလုပ္သမားဝန္ႀကီးဌာနအပါအဝင္ ျပည္တြင္းအထည္အလိပ္ကုမၸဏီမ်ားသို႔ အေရးေပၚျပန္တမ္းအေနျဖင့္ အျမန္ဆုံး အသိေပး

အေၾကာင္းၾကားမည္ျဖစ္ေၾကာင္းသိရပါတယ္။

 

textile picture

 

ဖက္ရွင္ဒီဇိုင္နာ ၅၀၃ ေယာက္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Textile & Garment Directory

Read 990 times
Rate this item
(0 votes)
Tagged under