တရုတ်နိုင်ငံ၏ စားသုံးသူတွေက ပါကစ္စတန်နိုင်ငံရဲ့ အထည်အလိပ် အထွက်နှုန်းကို သိသိသာသာဆွဲဆောင် မြှင့်တင်ပေးနိုင်ပြီး Covid-19 အပြီးမှာ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အထည်အလိပ်ကဏ္ဍကိုအထောက်အပံ့ပေး ကူညီနိုင်ပါလိမ့်မည်။
“ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာတာက နှေးကွေးပြီး တဖြည်းဖြည်းချင်း တိုးတက်လာနေပါတယ်၊ တရုတ်စီးပွားရေးက တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာနေပြီ” လို့ China Cotton Net မှထုတ်ပြန်သော China Cotton Market ၏လစဉ်အစီရင်ခံစာတွင် Gwadar Proက ဩဂုတ်လ ၂၃ရက်နေ့က ပြောကြားခဲ့ပါသည်။
ဇူလိုင်လတွင် တရုတ်နိုင်ငံရဲ့ အထည်အလိပ်တင်သွင်းမှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စျေးကွက်မျှော်မှန်းချက်ထက်များစွာမြင့်တက်ခဲ့ပါသည်။
ထို့ကြောင့် သြဂုတ်လတွင် တရုတ်၏ အထည်အလိပ်လိုအပ်ချက်က သိသိသာသာမြင့်တက်ခဲ့ပြီး ဆောင်းဦးရာသီနှင့် ဆောင်းရာသီတွင် အ၀တ်အထည် အော်ဒါများ တိုးများလာသည်နှင့်အမျှ အထည်အလိပ်လိုအပ်ချက်များ တိုးတက်လျက်ရှိပါသည်။
ဇူလိုင်လတွင် ပါကစ္စတန်သည် ဝါဂွမ်းတန်ချိန် ၃၆၆၀၀တန် တင်ပို့ခဲ့ပါသည်။ ဤအတောအတွင်း ပါကစ္စတန်နိုင်ငံသည် အထည်အလိပ်နှင့်အ ၀တ်အထည် ဒေါ်လာ ၉၅၉ သန်းဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် ၅.၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ယင်းသည် မေလတွင် ၃၆.၇၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဧပြီလတွင် ၆၄.၅၁ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါသည်။
လက်ရှိအချိန်တွင် ပါကစ္စတန်၏ ပြည်တွင်းအထည်အလိပ်လုပ်ငန်းသည် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး တရုတ်နိုင်ငံရှိ အထည်အလိပ်လုပ်ငန်းသည် ၀ယ်လိုအား အလွန်မြင့်တက်လာပါသည်။
ပါကစ္စတန် ဝါဂွမ်းဈေးနှုန်းသည် ပြီးခဲ့သည့်အပတ်က ဆက်လက်မြင့်တက်နေပြီး downstreamစီးပွားရေးလုပ်ငန်းများမှ ၀ယ်လိုအား မြင့်တက်နေပါသည်။
Covid-19အေးကာလအတွင်း အထည်အလိပ်နှင့်အထည်ချုပ်စက်ရုံများသည် စွမ်းဆောင်ရည် ပြည့်ဝစွာ ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ယခုလိုအချိန်နှင့်နှိုင်းယှဉ်ပါက အထည်အလိပ်နှင့်အထည်အလိပ်တင်ပို့မှုသည် ဇူလိုင်လတွင် ၁၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါသည်။
By Myanmar Textile & Garment Guide
Ref:The Nation