What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Nike sneaker တွေ ပစ္စည်းပြတ်မယ့်အရေး ရင်ဆိုင်နေရ

ဗီယက်နမ်မှာ delta ဗီဇပြောင်း ကိုဗစ်ပိုးကြောင့် Nike အတွက် ပစ္စည်းတွေ ချုပ်လုပ်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းနှစ်ခု ဖြစ်ကြတဲ့ Chang Shin Vietnam Co. Ltd. နဲ့ Pou Chen Corp. တို့ရဲ့ စက်ရုံတွေကို လော့ဒေါင်း ချထားတယ်။

ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားလို့ Nike ရဲ့အမှာစာတွေကို ထုတ်လုပ်ပေးပို့နိုင်တော့မှာ မဟုတ်ဘူး။ အခုလို ပေးသွင်းတဲ့ကွင်းဆက် ပြတ်သွားတာကြောင့် Nike ရဲ့ ထုတ်ကုန်တွေ ရောင်းချတဲ့ လက်လီဆိုင်တွေမှာ ပစ္စည်းပြတ်လပ်တာတွေ ကြုံတွေ့ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်တွင်းဈေးကွက်မှာ ပစ္စည်းတွေ ပြတ်လပ်နိုင်တယ်။
၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် မှာ Nike ရဲ့ ပြည်ပအမှာစာတွေမှာ ဗီယက်နမ်က ဝေစု ၄၉ % ရှိတာကြောင့် ထက်ဝက်နီးပါး ဖြစ်ပါတယ်။ Nike ရဲ့ ထုတ်ကုန်တွေထဲမှာ ရှူးဖိနပ်အမျိုးမျိုးကို ဗီယက်နမ်မှာ အများဆုံး ထုတ်လုပ်လျက် ရှိပါတယ်။ ၈၂ % ကို ဗီယက်နမ်က ရေကြောင်းဖြင့် တင်ပို့ပေးပါတယ်။
အခုအခါ Nike အတွက် ထုတ်လုပ်နေတဲ့ လုပ်ငန်းနှစ်ခုစလုံး အလုပ်ရပ်ဆိုင်းထားတာကြောင့် အမေရိကန် ဈေးကွက်အတွက် Nike ရဲ့ အားကစားရှူးဖိနပ် Nike sneaker တွေ အလျဉ်မီအောင် တင်သွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

 

Source: businessoffashion.com

Read 750 times
Rate this item
(0 votes)