What's new



ထိုင်းပရီမီယံပိုးထည် ပြည်ပတင်ပို့မှု အစိုးရ မြှင့်တင်မည်

ထိုင်းပရီမီယံပိုးထည် ပြည်ပတင်ပို့မှု အစိုးရ မြှင့်တင်မည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အီတလီရှိ လူငယ်ဝယ်လက်များဆီသို့ ပရီမီယံပိုးထည်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို မြှင့်တင်ရန် စီစဉ်နေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က စနေနေ့(ဇွန် ၁၇)တွင် ပြောကြားခဲ့သည်။

.

Thailand Textile Institute ၏ ပရီမီယံ Thai Silk စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒီဇိုင်းအသစ်အဆန်း ထုတ်ထားသော ပိုးထည်ပစ္စည်းအမျိုးမျိုးကို ဈေးကွက်သို့ တင်ပို့နိုင်ရန် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

.

ထိုင်းအစိုးရက ၂၀၁၉ ခုနှစ်တွင်  ဒီဇိုင်းအသစ်များဖြင့် ထိုင်းပိုးထည်များကို ပြည်တွင်းဝယ်လက်များအကြား အရောင်းမြှင့်တင်ခြင်း စတင်ခဲ့ပါသည်။

 ဒီဇိုင်းအသစ်များဖြင့် ပိုးထည်ထုတ်ကုန်များ ထုတ်လုပ်ခဲ့ရာ အဝတ်အစား၊ အိတ်၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။

.

ပိုးထည်လုပ်ငန်းရှင် ၁,၆၁၈ဦးတို့သည် ၎င်းထုတ်ကုန်များထံမှ ဘတ် ၆.၆ သန်း ရရှိခဲ့ပြီး ယခုအခါ ပြည်ပဈေးကွက်များသို့ တင်ပို့မည်ဟု Anucha က ပြောကြားသည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 378 times
Rate this item
(0 votes)