What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများကို ဇန်နဝါရီလ မှစ၍ တင်ပို့ ခွင့်ပြုမည်ဟု ဘင်္ဂလားဒေ့ရှ် ထုတ်ပြန်

အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများကို ဇန်နဝါရီလ မှစ၍ တင်ပို့ ခွင့်ပြုမည်ဟု ဘင်္ဂလားဒေ့ရှ် ထုတ်ပြန် Google

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယကုန်ပစ္စည်းများကို စစ်တကောင်းနှင့် မိုင်းလား ဆိပ်ကမ်း များတွင် အခွန်ကောက်ခံခြင်းမရှိဘဲ ကုန်သွယ်ခွင့်ပြုတော့မည်။

ဘင်္ဂလားဒေ့ရှ် ရေကြောင်းအတွင်းရေးမှူးMohammad Abdus Samad သည် မကြာသေးမီက Dhaka ရှိ

ရေကြောင်းအတွင်းရေးမှူး အဆင့် ဆွေးနွေးပွဲ တွင် အိန္ဒိယနိုင်ငံ၏ လုပ်ဖော်ကိုင်ဖက် ရေကြောင်းအတွင်းရေးမှူး Gopal Krishna နှင့်တွေ့ဆုံစဉ် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချမှတ်ခဲ့ သည်။

အစောပိုင်းက အောက်တိုဘာလတွင် အိန္ဒိယဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းများကို ကုန်တွင်းပိတ်နိုင်ငံများက အရှေ့မြောက်ဒေသများသို့ ဝင်ခွင့်နှင့် ပုံမှန်လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ဆောင်ရန် သဘောတူညီခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ယခုကဲ့သို့သောပြုလုပ်ပေးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများပိုမိုပွင့်လင်းလာမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယဘက်မှလည်း၎င်း၏ ဆိပ်ကမ်းများအတွက် အခွန်ကောက်ခံခြင်းကို ဘင်္ဂလားဒေ့ရှ် အခွန်ကောက်ခံမှု နှုန်းအတိုင်းသာ ကောက်သွားမည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းကြောင်းဆက်သွယ်ခြင်းကိုတော့

မူလအတိုင်း အဝေးပြေးလမ်းမကြီးများပေါ်မူတည်၍ အခွန်များဆက်လက်ကောက်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံလုံး က မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 




 




 



  

Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 911 times
Rate this item
(0 votes)
Tagged under