What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ထိရှိလာ

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ထိရှိလာ google

ရန်ကုန်၊ ဇူလိုင် ၂၇   ပြည်တွင်းအလုပ်ကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနေသည့် အထည်ချုပ်လုပ်ငန်းမှာ စက်ရုံ ၆၃၃ ရုံ အထိရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ တရုတ်နိုင်ငံမှ ၂၁၆ ရုံ၊ မြန်မာအထည်ချုပ်လုပ်ငန်း ၁၁၁ ရုံ၊ ကိုရီးယားနိုင်ငံမှ ၆၃ ရုံ၊ ဂျပန်နိုင်ငံမှ ၁၉ ရုံအထိရှိနေ ပါတယ်။

အခြားသောနိုင်ငံစုံမှလည်း ရင်းနှီးမြုပ်နှံမှုတွေရှိ နေပြီး ၁၃၅ ရုံအထိရှိနေပါတယ်။

ဒါ့အပြင်လက်ရှိမှာ လည်ပတ်မှုရပ်နားထားတဲ့ လုပ်ငန်းပေါင်းက ၈၉ ရုံအထိရှိနေခဲ့ပါတယ်။

အလုပ်ကိုင်အခွင့်အလမ်းအားဖြင့် မြန်မာအထည်ချုပ်လုပ်ငန်းများမှ လုပ်သားအင်အား ၇သောင်း ၃ ထောင်ကျော်အထိ ဝင်ရောက်လုပ်ကိုင်နေပြီး

နိုင်ငံခြားသားအထည်ချုပ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ လုပ်သားပေါင်းက ၃ သိန်း ၇ သောင်းဝန်းကျင်အ ထိရှိနေပါတယ်။

တစ်လကိုစက်ရုံ ၄ ရုံမှ ၆ ရုံကြား ရင်းနှီးမြုပ်နှံမှု ပုံမှန်တိုးတက်နေပြီး ပြည်ပပို့ကုန်ပမာဏမှလည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကိုး လကျော်အတွင်း ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော်ဝင်ရောက်ခဲ့ တယ်လို့လည်း အသင်းတာဝန် ရှိသူတွေထံက သိရပါတယ်။

လာမယ့် ၂၀၂၄ မှာ ယင်းကဏ္ဍမှ ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြောင်း အသင်းဥက္ကဠ ဦးမြင့်စိုးက ပြောဆိုထားပါတယ်။

 

Source : SFJ

 

 

Read 2121 times
Rate this item
(1 Vote)
Tagged under