What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပါကစ္စတန် နိုင်ငံ၏ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းရန် ဘဲကောင်ရေ တစ်သိန်းကျော်စေလွှတ်ကာ တရုတ်ကူညီ

ပါကစ္စတန် နိုင်ငံ၏ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းရန် ဘဲကောင်ရေ တစ်သိန်းကျော်စေလွှတ်ကာ တရုတ်ကူညီ Google

လက်ရှိ ပါကစ္စတန်နိုင်ငံ ဝါဂွမ်းစိုက်ခင်းများသည် သဲကန္တာရ ကျိုင်းကောင်များ အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။

 

ထိုကျိုင်းကောင်များသည် အာဖရိကအရှေ့အလယ်ပိုင်းမှ ရောက်ရှိလာတာဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၏ဝါဂွမ်းနှင့် အခြားသီးနှံစိုက်ခင်းများကို

 

ဖျက်ဆီးလျက်ရှိပါတယ်။ ထိုကျိုင်းကောင်ပြဿနာသည် အာဖရိက အရှေ့အလယ်ပိုင်းဒေသတွင် စတင်ဖြစ်ပွားခဲ့ပြီ

 

စိုက်ခင်းတော်တော်များများလည်း ပျက်စီးခဲ့ကြောင်းသိရပါတယ်။ အာဖရိက အရှေ့အလယ်ပိုင်းရှိ စိုက်ခင်းများ ကုန်သလောက်နီးပါး

 

ပျက်စီးသွားတဲ့အခါမှာတော့ အဆိုပါကျိုင်းကောင်အုပ်ကြီးသည် ပါကစ္စတန် တောင်ပိုင်း ပန်ဂျပ်ပြည်နယ်အနီးသို့

 

ရွေ့ပြောင်းကျက်စားလာတာကိုလည်းတွေ့ရပါတယ်။

 

ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan သည် ပါကစ္စတန်တောင်ပိုင်းရှိ ကျိုင်းကောင် များနှင့် ပတ်သက်ပြီး

 

အရေးပေါ်အခြေအနေများထုတ်ပြန်ခဲ့ပါတယ်။ သို့ပေမယ့် ပါကစ္စတန် နိုင်ငံ၏ ကျိုင်းကောင်ပြဿနာကို ဖြေရှင်းရန် အတွက်

 

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ ဟာ ဘဲကောင် ရေ တစ်သိန်းကျော်စေလွှတ်ကာ အကူအညီပေးခဲ့ပါတယ်။

 

“ ဒီကျိုင်းကောင်တွေက နှိမ်နှင်းဖို့ တော်တော်ခက်ပါတယ်။ စိုက်ခင်းတွေရှိတဲ့နေရာမှာပဲ သူတို့က ကျက်စားတာဆိုတော့

 

ပိုးသတ်ဆေးတွေ ဖျန်းရင်လည်း အဲဒီစိုက်ခင်းတွေက ပျက်ဆီးမှာ။ အကောင်တွေက တစ်ရာနှစ်ရာမဟုတ်ဘူး။

 

ကျိုင်းကောင်ရေက သန်းနဲ့ ချီရှိတယ်။ ဒါ့ကြောင့် လွယ်လွယ်နဲ့ ဒီကောင်တွေကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တိရစ္ဆာန်ဂေဟ စနစ်အရ

 

သူတို့ကို စားတာ ဘဲတွေပဲ။ ဒါ့ကြောင့် အခုလို ဘဲ အကောင်ရေ တစ်သိန်းကို ပါကစ္စတန်နိုင်ငံကို စေလွှတ်လိုက်တာပဲ ဖြစ်ပါတယ်” လို့

 

တရုတ်နိုင်ငံမှ တိရစ္ဆာန်ဗေဒ သုတေသနပညာရှင်တစ်ဦး Lu Lizhi က ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံ ၏ အကူအညီသည် ပါကစ္စတန်နိုင်ငံ၏ ကျိုင်းကောင်ကပ်ဘေးကို ထိရောက်စွာ ဖြေရှင်း နိုင်လိမ့်မည် ဟု

 

ယုံကြည်ကြောင်း ပါကစ္စတန် သတင်းမီဒီယာများက ရေးသားခဲ့ကြပါတယ်။

 

အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ၁၃၆ ဦးကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>



ဖျက်ဆီးလျက်ရှိပါတယ်။ ထိုကျိုင်းကောင်းပြဿနာသည် အာဖရိက အရှေ့အလယ်ပိုင်းဒေသတွင် စတင်ဖြစ်ပွားခဲ့ပြီ


ပျက်စီးသွားတဲ့အခါမှာတော့ အဆိုပါကျိုင်းကောင်းအုပ်ကြီးသည် ပါကစ္စတန် တောင်ပိုင်း ပန်ဂျပ်ပြည်နယ်အနီးသို့ ရွေ့ပြောင်းကျက်စား


ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan သည် ပါကစ္စတန်တောင်ပိုင်းရှိ ကျိုင်းကောင်း များနှင့် ပတ်သက်ပြီးအရေးပေါ်အခြေအနေများထုတ်ပြန်ခဲ့ပါတယ်။







သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Lu Lizhi က ပြောကြားခဲ့ပါတယ်။




 

Myanmar Textile and Garment Directory 

 

Read 1287 times
Rate this item
(0 votes)
Tagged under