What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းကို နယ်စပ်ဒေသမှ တင်သွင်းနိုင်ရန် စီစဉ်နေ

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းကို နယ်စပ်ဒေသမှ တင်သွင်းနိုင်ရန် စီစဉ်နေ google

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေ အနေနဲ့ ကုန်ကြမ်းတွေကို မတ်လလောက်အထိသာ

 

အဆင်ပြေပြေဆောင်ရွက်နိုင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံတွေနှင့် အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းတွေကို

 

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ အဓိက တင်သွင်းနေရတာပဲဖြစ်ပါတယ်။

 

 သို့သော်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာ ဗိုင်းရက်စ် ပြန့်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ

 

ကုန်ကြမ်းတင်သွင်းမှုလျော့ကျနေပြီး ကုန်ကြမ်းရရှိမှုအတွက် လည်း အခက်ခဲတွေရှိနေပါတယ်။

 

ကုန်ကြမ်းတွေလုံးဝပြတ်တောက်သွားမယ်ဆိုရင်တော့ လက်ရှိ အလုပ်လုပ်နေကြတဲ့ အခြေခံပြည်သူတွေ အတွက်

 

ထိခိုက်မှုများရှိနိုင်ပြီး အချို့လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းများရပ်စဲခြင်းကဲ့သို့သော စီးပွားရေး

 

ရိုက်ခတ်မှုတွေနဲ့ကြုံတွေ့နိုင်ပါတယ်။

 

WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ကိုရိုနာဗိုင်းရက်စ် နဲ့ပတ်သက်ပြီး သဘောတူညီချက်ရှိလာမယ်ဆိုရင်

 

 နယ်စပ်ကုန်သွယ်ရေးကနေ ကုန်ကြမ်းတွေ ပြန်လည်တင်သွင်းနိုင်ဖို့ကို ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီး

 

တိုင်းဒေသကြီးဘက်ကနေ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက 

 

 ပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်ရေး ကော်မတီ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ

 

(၃၂ ) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

 

ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

<<< Zawgyi ဖြင့်ဖတ်ရန် >>>










နယ်စပ်ကုန်သွယ်ရေးကနေ ကုန်ကြမ်းတွေ ပြန်လည်တင်သွင်းနိုင်ဖို့အတွက် ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီး

တိုင်းဒေသကြီးဘက်ကနေကြိုးပမ်းဆောင်ရွက်နေတယ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက 

 


 


 


 

Myanmar Textile and Garment Directory

Read 1166 times
Rate this item
(0 votes)
Tagged under