What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်နိုင်ငံအထည်အလိပ်လုပ်ငန်းများမှ ပိတ်စအမျိုးပေါင်း (၁) သိန်းကျော်ပြသမည့် ပြပွဲကြီးဖွင့်လှစ်

        တရုတ်နိုင်ငံ အထည်အလိပ်လုပ်ငန်း စက်ရုံပေါင်း (၁၅၀) ကျော်မှ ပိတ်စမျိုးစုံ အမျိုးပေါင်း (၁) သိန်းကျော် ပါဝင်ပြသသည့် China Textiles Brand Show Myanmar (2018) ပြပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် Myanmar Convention Center ၌ ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါပြပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအထည်အလိပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန်၊ နည်းပညာများရရှိစေရန်နှင့် ပြည်တွင်းအလုပ်အကိုင်အခွင်အလမ်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

        တရုတ်နိုင်ငံချည်မျှင်နှင့်အထည်အလိပ်ပို့ကုန်၊ သွင်းကုန်အသင်းမှ ဥက္ကဋ္ဌ Mr.Cao Jiachaung မှ ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများစွာနဲ့ တရုတ်-မြန်မာပူးပေါင်း၍ လေ့လာခွင့်များရရှိမည်ဖြစ်ပြီး ပိုမိုနက်နဲစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

        ဖွင့်ပွဲကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအထည်အလိပ် လုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံခေတ်မီနည်းပညာများဖြင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် ရရှိလာမည့် စီးပွားရေးအခွင့်အလမ်းများကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

        မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးမှလည်း မြန်မာအထည်ချုပ်လုပ်ငန်းသည် မြန်မာပြည်တွင်သာ အထည်အလိပ်များကိုထုတ်လုပ်ပြီး Supply Chain တစ်ခုလုံးဆောင်ရွက်နိုင်အောင် ပြင်ဆင် နေကြောင်းနှင့် တရုတ်အထည်အလိပ်ကုမ္ပဏီများမှ မြန်မာတွင် အထည်ချုပ်စက်ရုံများတည်ပြီး အထည်အလိပ်များ ထုတ်လုပ်မည်ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

        အခမ်းအနားကို တရုတ်စီးပွားကူးသန်းရောင်းဝယ်ရေးဌာန၊ ပြည်ပစီးပွားမြှင့်တင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုး Mr.Han Shengjian၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးမှ Counsellor Mr.Yu Bianjiang၊ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြန်မာနိုင်ငံအထည်အလိပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်မျိုးမင်းနှင့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

e1

 

e2

Source:ကုန်သည်စက်မှုအသင်းချုပ်

Read 1642 times
Rate this item
(1 Vote)
Tagged under