What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းတွင်းမှာ အထာကျကျနဲ့ ဂေါ်နေစေမယ့် ဖက်ရှင်များ

ဆောင်းတွင်းဆိုတာက ဖက်ရှင်ထုတ်လို့ အကောင်းဆုံး ရာသီတစ်ခုပဲ ဖြစ်ပါတယ်နော်။ ဒီလို ဆောင်းတွင်းမှာ ထသွားထလာပုံစံလေးက အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးတွေကို ပျိုမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။ လုံးဝကို ရိုးရှင်းတဲ့ ဖက်ရှင်လေးဖြစ်ပေမယ့် အားလုံးက လည်ပြန်ငေးချင်စရာ ဖက်ရှင်လေးတွေမို့ အထာကျနေစေမှာ အမှန်ပါနော်။

 

ဆွယ်တာနဲ့ စတိုင်လ်ပန်

sweater_.JPG

ဆောင်းတွင်းမှာ မပါမဖြစ်တဲ့ ဆွယ်တာလေးတွေက ဘယ်အချိန်မှ ရိုးမသွားစေတဲ့ ဖက်ရှင်မျိုးပါ။ ဆွယ်တာခါးတိုလေးကိုမှ စတိုင်လ်ပန် ဒါမှမဟုတ် ဂျင်းအပွဘောင်းဘီနဲ့ တွဲဝတ်ထားတဲ့ပုံစံက ရိုးရှင်းပေမယ့် ဆွဲဆောင်မှုပိုစေတဲ့ ဖက်ရှင်မျိုးပါ။

 

ကိုယ်ကျပ်နဲ့ ဂျင်း

sweater2_.JPG

ကိုယ်ကျပ်အင်္ကျီ ခါးတိုလက်ပြတ်လေးကို ဂျင်းဘောင်းဘီ အကျပ်လေးနဲ့ တွဲဝတ်ထားတဲ့ ပုံစံမျိုးက အရမ်းကို ဂေါ်တဲ့ဖက်ရှင်ပဲ ဖြစ်ပါ တယ်။ ညဘက် အပြင်တွေသွားတဲ့အချိန်မှာလည်း ဝတ်လို့အဆင်ပြေသလို တစ်ယောက်ယောက်နဲ့ ဒိတ်ထားတဲ့ အချိန်တွေမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျနေစေမယ့် ဖက်ရှင်မျိုးပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီဖက်ရှင်က ဘွတ်ဖိနပ်လေးနဲ့ဆို ပိုကြည့်ကောင်းစေပါ တယ်နော်။

 

အဖြူရောင်အမွှေးပွနဲ့ ဂျင်းအပွ

sweater3_.JPG

နောက်ထပ် ဆောင်းတွင်းဖက်ရှင်တစ်ခုက အဖြူရောင် အမွှေးပွအင်္ကျီ ဒါမှမဟုတ် ရှပ်အဖြူကို ဝတ်ဆင်လို့ရပြီး အောက်က ဂျင်းခပ်ပွပွလေးနဲ့ တွဲဝတ်ထားတဲ့ ပုံစံလေးက ဘယ်အချိန်ပဲဖြစ်ဖြစ် ကြည့်ကောင်းစေတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒေါက်မြှင့်ဖိနပ် ဒါမှမဟုတ် boots လေးစီးလိုက်ရုံနဲ့ လုံးဝပြီးပြည့်စုံနေစေမယ့် ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။

 

ဂျင်းအင်္ကျီ နဲ့ ဂျင်းအကျပ်

 

ဂျင်းအင်္ကျီ ထူထူလေးကို ဂျင်းဘောင်းဘီအကျပ်လေးနဲ့ တွဲဝတ်ထားတဲ့ ပုံစံက လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။ ဒီဖက်ရှင်မျိုးက sneaker အဖြူလေးတစ်ရံစီးလိုက်ရုံနဲ့ကို ဖက်ရှင်ကျနေစေမှာပါနော်။

 

Myanmar Textile & Garment Guide

Source: AM

Read 859 times
Rate this item
(0 votes)
Tagged under