What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Amazon Fashion နဲ့ DBS ပူးပေါင်း၍ လူနေမှုပုံစံဒီဇိုင်း brand များ ထုတ်လုပ်

Amazon Fashion နှင့် DBS Lifestyle LLP တို့သည် အိန္ဒိယဒီဇိုင်နာများဖြစ်သော JJ Valaya၊ Ashish N Soni၊ Manish Arora ၊ Suneet Varma တို့နဲ့ RIVER Season 1 တွင် အတူ ပူးပေါင်း၍ ဖန်တီးနိုင်တဲ့ ဒီဇိုင်းမျိုးစုံသော အမှတ်တံဆိပ်ကို ပူးတွဲဖွင့်လှစ်ခဲ့ပါတယ်။

 

နေ့စဉ်လိုအပ်ချက်များနှင့်အညီ အသင့်ဝတ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

 

ယခုအခါ Consumers များအနေနဲ့ Amazon.in တွင် ဒေါ်လာ ၉၉၉ မှ စတင်ဆွဲဆောင်ထားသောဈေးနှုန်းများဖြင့် ၎င်းတို့၏အကြိုက်ဆုံးဒီဇိုင်နာများထံမှ ကန့်သတ်ထုတ်ဝေထားတဲ့ စတိုင်များကို ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

 

အမျိုးသားများ၊ အမျိုးသမီးများအတွက်ပါ ရွေးချယ်ထားခြင်းကြောင့် ၀ ယ်ယူသူများအနေဖြင့် ဈေးနှုန်းချိုသာသည့်အပြင် နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းနဲ့အညီ ကောင်းမွန်စွာပေါင်းစပ်ထည့်သွင်းနိုင်ရန်အတွက် ဝယ်ယူသူများအား ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမည်ဖြစ်ကြောင်း ကုမ္ပဏီကြေငြာချက်တွင် ဖော်ပြထားပါတယ်။

 

အဆိုပါ ပူးပေါင်းဖန်တီးမှုမှာ အဆင့် ၂ နှင့် အဆင့် ၃ မြို့များရှိ ပြိုင်ဘက်ကင်းသောဒေသတွင်း ကွဲပြားခြားနားတဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တယ်လို့ သိရပါတယ်။

 

အထူးသဖြင့် COVID 19 အကျိုးသက်ရောက်မှုကြောင့် RIVER က သူတို့ရဲ့ လက်လီ ရောင်းချနေတဲ့ ကြော်ငြာများကို နိုင်ငံတဝှမ်းရှိ ဖောက်သည်များ ပိုမိုလူသိများပြီး ဈေးဝယ်သူများကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အွန်လိုင်းနဲ့ ပူးပေါင်းပြီး ယုံကြည်စိတ်ချရတဲ့ ပါတနာများရရန် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ဖြန့်ဖြူးမှု အားနည်းခြင်းနဲ့ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် လက်လှမ်းမမီနိုင်သော အခက်အခဲများကို ရင်ဆိုင်နေရတယ်လို့ Amazon က ပြောကြားခဲ့ပါတယ်။

 

RIVER season တစ်ခုချင်းစီတွင် ခေတ်ပြိုင် silhouette များထဲမှ ဒီဇိုင်နာများ၏သီးခြားလက်မှတ်စတိုင်များကို အံ့သြဖွယ်ကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုအနေနဲ့ ပြုလုပ်လိမ့်မယ်လို့ ဆိုပါတယ်။

 

ရိုးရာဝတ်စုံများ၊ sarees များ၊ တစ်ဆက်တည်းဝတ်စုံများ၊ ပေါ့ပေါ့ပါးပါး အကျီများ၊ evening cocktail sarees များ၊ အမျိုးသားများနဲ့အမျိုးသမီးများအတွက် သီးသန့်ခွဲခြားထားတဲ့ အနောက်တိုင်းနဲ့ တိုင်းရင်းသားဝတ်စုံပေါင်း ၂၇၀ ကျော် RIVER ရဲ့ Season I တွင် ပါဝင်ခဲ့ပါတယ်။

 

ထို selection ထဲတွင် ဒီဇိုင်နာများဖြစ်သော JJ Valaya မှ Royal sport chic၊ Manish Arora မှ Disco gypsy၊ Suneet Verma ၏ Floral glam နဲ့ Millennial man ရဲ့ Ashish N Soni တို့ရဲ့ trends ဖြစ်စေတဲ့ ခေါင်းစဉ်များနဲ့ သူတို့တစ်ဦးချင်းစီမှ တတ်နိုင်သော collections လေးမျိုးပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။

 

By Myanmar Textile & Garment Guide
Ref: fibre2fashion.com

Read 587 times
Rate this item
(0 votes)