Paris Fashion Week တွင် SS21(Spring/Summer 2021)ကို အနှစ်ချုပ်သောစကားလုံးများထဲမှ တစ်ခုမှာ 'home made' ပဲ ဖြစ်ပါတယ်။ အသစ်ပြုလုပ်ထားသော ရိုးရာလက်မှုပညာများကို မီလန်ကနေ ပြင်သစ်နိုင်ငံသို့ သယ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။
ဒီဇိုင်နာအများစု ရည်ရွယ် ပြောဆိုသည့်အချက်များမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေအပေါ် သက်ရောက်မှုမှာ ရေရှည်တည်တံ့ခိုင်မြဲသည့် အစပျိုးမှုများနှင့်ရှင်သန်ရပ်တည်ရေးအတွက် လက်တွေ့ကျမှုများကို အလေးထားနိုင်ဖို့ပဲ ဖြစ်တယ်။
Trendstop ကနေ Paris Spring Summer 2021 Fashion Week ရဲ့ အဓိကပြပွဲများကို မြင်တွေ့နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
Loewe

Loewe ၏ SS21 တင်ဆက်မှုတွင် အလွန်ပျော်ရွှင်စရာကောင်းအောင် ဖက်ရှင်၏စွမ်းအင်နဲ့ တီထွင်ဖန်တီးမှုကို အဓိကထားကာ ဖော်ပြခြင်း ဖြစ်ပါတယ်။ အမျိုးမျိုးသော သရုပ်ပြပုံစံများမှာ ballooning ဘောင်းဘီနဲ့ ဆင်တူ voluminous အင်္ကျီလက်ဖောင်းပုံစံများ၊ ဥရောပ Old Masters ကို သတိရစေမယ့် မီးခိုးရောင်အိတ်များနှင့် Loewe ၏ယဉ်ကျေးမှုဆိုင်ရာအမှတ်တံဆိပ်အသွင်သဏ္ဍာန်များဖြင့် အာရုံစူးစိုက်မှုများကို ကိုယ်စားပြုထားတာ တွေ့ရပါတယ်။
Balenciaga

ရာသီ၏အဓိက အကြောင်းအရာများကို လေ့လာကာ Balenciaga အတွက် Demna Gvasalia ၏စုဆောင်းမှုမှာ အသိအမှတ်ပြုလက်မှတ်များ ရထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့်အတူ ကျား၊မ မရွေး ပြန်လည်အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သော ဆိုးဆေးများနှင့်အပင်အမျှင်များနဲ့ပြုလုပ်ထားခြင်း၊ အနာဂတ်တွင် ၎င်းရဲ့အမှတ်တံဆိပ်များ တိုးတက်မှု ရှိစေရန် အစီအစဉ်များလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ဝတ်ဆင်ထားသည့် ဝတ်စုံများနှင့် ဖိနပ်များမှာ သက်တောင့်သက်သာရှိစေသော ခံစားမှုမျိုး ဖြစ်ပေါ်လာစေပါတယ်။
Kenzo

Kenzo အတွက် Felipe Oliveira Baptista စုဆောင်းမှုများ၏ ပျားများထိန်းထားသဖွယ် ဖုံးအုပ်ထားသော ဦးထုပ်များမှာ ဒီဇိုင်းပညာရှင်များ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့ပြီး သူတို့၏အကာအကွယ်အရည်အသွေးများကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အိတ်ကပ်ပေါင်းစုံပါသော အကျီများတွင် အိတ်ကပ်များမှာ အတွင်းပိုင်း၌ ရှိသော ပိုကြီးတဲ့ အိတ်များနှင့် အပြင်ဘက်က အဝတ်အထည်များ ပေါင်းစပ်ဖန်တီးထားပြီး အနာဂတ်စိတ်ကူးစိတ်သန်းများကို လက်တွေ့ကျအောင် ဖန်တီးထားတာလည်း တွေ့မြင်ရပါတယ်။
By htikehtike (Myanmar Textile & Garment Guide)
Ref: fashionunited.uk





