What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်မြို့ ၊ ဝန်ကြီးများရုံးတွင် ချည်မျှင်နှင့် အထည်အလိပ်ဆိုင် ဒီပလိုမာသင်တန်းကျောင်းဆင်း လက်ရာပြပွဲကို ကျင်းပမည်

ရန်ကုန်မြို့ ၊ ဝန်ကြီးများရုံးတွင် ချည်မျှင်နှင့် အထည်အလိပ်ဆိုင် ဒီပလိုမာသင်တန်းကျောင်းဆင်း လက်ရာပြပွဲကို ကျင်းပမည် Google

ချည်မျှင် နှင့် အထည်အလိပ်ဆိုင်ရာ ဖန်တီးချုပ်လုပ်တီထွင်မှု များနှင့် ဒီဇိုင်း အိုင်ဒီယာ အမြင်များကို လေ့လာလိုသေ

 

ဝါသနာရှင်များအတွက် ချည်မျှင် နှင့် အထည်ဆိုင်ရာ ဘာသာရပ် ဒီပလိုမာသင်တန်းဆင်းပြပွဲကို ရန်ကုန်မြို့ ၊ ဝန်ကြီးများရုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါပြပွဲကိုတော့ ယခုလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ပြပွဲတွင် ကျောင်းဆင်းလက်ရာ များအပြင် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲဝင် လက်ရာများကိုလည်

 

ခင်းကျင်းပြသသွားမှာဖြစ်တာကြောင့် မြန်မာ့ရက်ကန်း နှင့် အထည်အလိပ်များကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

 

ပြပွဲကို ဗြိတိသျှကောင်စီ နှင့် Swiss Agency for Development and Cooperation, the Embassy of Switzerland တို့၏

 

ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သော “လက်ခတ်သံ” စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ်


တင်ဆက်ပြသပြီး ကျောင်းသားကျောင်းသူတို့၏ ထူးခြားသော တီထွင် ဖန်တီးချုပ်လုပ်မှုများနှင့် ထိုလက်ရာများပေါ်ပေါက်လာစေရန်

 

ကျောင်းဆင်းလက်ရာပရောဂျက်များမှ တစ်ဆင့် အိုင်ဒီယာ များကိုမည်ကဲ့သို့ လေ့လာ ဖော်ထုတ်ခဲ့သည်တို့ကိုလည်း ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။

 

၎င်းအပြင် ကျောင်းသားကျောင်းသူများ နှင့်တွေ့ဆုံ မေးမြန်းခွင့်များရရှိမည်ဖြစ်ပြီး ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ

 

ဦးဆောင်ကျင်းပခဲ့သော ရက်ကန်းထည်ပညာရပ်ဆိုင်ရာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော

 


ရက်ကန်းကျောင်းများနှင့် ရက်ကန်း ပညာရှင်များ၏ လက်ရာအချို့ကိုလည်းမိတ်ဆက်တင်ပြထားသည်။

 

ထိုပြပွဲကို အမရပူရမြို့နယ်တွင်လည်း ပြုလုပ်ခဲ့ပြီးပြီ ဖြစ်ကြောင်းသိရသည်။

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

ချည်မျှင် နှင့် အထည်အလိပ်ဆိုင်ရာ ဖန်တီးချုပ်လုပ်တီထွင်မှု များနှင့် ဒီဇိုင်း အိုင်ဒီယာ အမြင်များကို လေ့လာလိုသော


 


ပြပွဲတွင် ကျောင်းဆင်းလက်ရာ များအပြင် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲဝင် လက်ရာများကိုလည်း










 

Source : Pyi Myanmar

Myanmar Textile and Garment Directory

Read 1072 times
Rate this item
(0 votes)
Tagged under