What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဈေးအကြီးဆုံးတီရှပ်များ

ကမ္ဘာ့ဈေးအကြီးဆုံးတီရှပ်များ google

ကမ္ဘာပေါ်မှာကိုယ်မထင်ထားတဲ့ အရာတွေက အံ့သြစရာကောင်းလောက်အောင်ဈေးကြီးနေတတ်ကြပါတယ်။


သာမန်ပုံစံလေးနဲ့ တီရှပ်လေးတစ်ထည်ဟာ ဘယ်လောက်မှမရှိပါဘူးလို့ သတ်မှတ်လိုက်ရင်တော့ သင်မှားသွားပါလိမါ့မယ်။ မထင်မှတ်လောက်အောင် ဈေးကြီးလွန်းတဲ့ တီရှပ်တွေလည်းရှိပါတယ်။


အံ့သြစရာကောင်းလောက်အောင် ဈေးကြီးလွန်းတဲ့ ကမ္ဘာဈေးအကြီးဆုံး တီရှပ် (၅) ထည်ကိုဖော်ပြပေးလိုက်ပါတယ်။

Run DMC Adidas T-Shirt

ဒီ တီရှပ်လေးကတော့ ၁၉၈၀ ခုနှစ်လောက် hip hop ပွဲတစ်ပွဲ ဖြစ်တဲ့ DMC ဖျော်ဖြေပွဲအတွက် Adidas ကုမ္ပဏီကထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ချည်မျှင်သားစစ်စစ်နဲ့ ပြုလုပ်ထားပြီး မြင်သူတိုင်းကို လိုချင်လာအောင် ဆွဲဆောင်ခဲ့တဲ့ တီရှပ်တစ်

ထည်လည်းဖြစ်ပါတယ်။ ဒီတီရှပ်လေးရဲ့ ဈေးနှုန်းလေးကတော့ တစ်ထည် ကို ဒေါ်လာ ၁၃၀၀၀ ဖြစ်ပြီး ယခုချိန်ထိကမ္ဘာ့ဈေးအကြီးဆုံးတီရှပ်တွေထဲမှာရှိနေဆဲပါ။

Joon Lennon’s “Home” T-shirt

ဒီတီရှပ်ဟာ နာမည်ကြီး စားသောက်ဆိုင်ပိုင်ရှင် “Home” ရဲ့ပိုင်ရှင် Joon Lennon ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုပါ။ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ တီရှပ်တစ်ထည်ပါ။ Joon Lennon ဟာ ပွဲတွေတက်နဲ့ အခါမှာပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါမျိုး မှာပဲဖြစ်ဖြစ်

ဒီတီရှပ်ကို အမြဲဝတ်ဆင်တတ်သူတစ်ဦးပါ။


နောက်ပိုင်းမှာတော့ အဲ့ဒီတီရှပ်ဟာ လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ ဒီတီရှပ် ဟာဝါဂွမ်းစစ်စစ်နဲ့သာပြုလုပ် ထားပြီး သူရဲ့ဈေးနှုန်လေးကတော့ ဒေါ်လာ ၁၆၄၀၀ ပဲဖြစ်ပါတယ်။

Hanes/UNICEF 1996 Olympics T-shirt


ဒီတီရှပ်လေးကတော့ ၁၉၉၆ ခုနှစ်ကကျင်းပတဲ့ အိုလန်ပစ် ပွဲမစမီက ယူနီဆက်က တစ်ကမ္ဘာမှာလုံးမှာရှိတဲ့ ဆင်းရဲသောကလေးငယ် တွေကိုလှူဒါန်းဖို့အတွက် ရန်ပုံငွေရှာဖို့ ဒီဇိုင်းရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။


ဒီတီရှပ်လေးရဲ့ ဒီဇိုင်းဟာအလွန်ရိုးရှင်းပြီး လူကြိုက်များခဲ့ပါတယ်။ ဒီတီရှပ်လေးကိုရောင်းချတဲ့အချိန်တုန်းက ဈေးနှုန်းမသတ်မှတ်ထားခဲ့ပါဘူး ။ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံးလေလံ ဒေါ်လာ ၄၂၀၀၀ နဲ့ အရောင်းထွက်ခဲ့ပါတယ်။

UNICEF Cargo Flight


ဒီတီရှပ်လေး ဟာလည်း ယူနီဆက် ကထုတ်တဲ့တီရှပ်လေးတစ်ထည်ပါပဲ။ ဒီတီရှပ်လေးကိုလည်း ယူနီဆက် က ကမ္ဘာဆင်းရဲတဲ့ ဒေသတွေကိုလှူဒါန်းဖို့အတွက် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ လေတံတင်ရောင်းချခဲ့တဲ့အခါမှာ ဒေါ်လာ ၃၀၀၀၀၀

နဲ့ အရောင်းထွက်ခဲ့တဲ့ တီရှပ်တစ်ထည်ပဲဖြစ်ပါတယ်။

ှSuperlative Luxury


ဒီတီရှပ်လေးကတော့ ကမ္ဘာဈေးအကြီးဆုံးတီရှပ် တစ်ထည်ပါ ။ တစ်နည်းအားဖြင့်ဒီတီရှပ်လေးကို ဇိမ်ခံတီရှပ် လို့လည်းခေါ်ပါတယ်။ ဇိမ်ခံကားအမှတ်တံဆိပ်ကုမ္ပဏီ တစ်ခုက ထုတ်လုပ်ထားပြီး လူကြိုက်များတဲ့ တီရှပ်တစ်ထည်ဆိုလည်းမမှားပါဘူး ။

ဒီတီရှပ်လေးရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀၀၀၀ ပဲဖြစ်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>


 



 


Run DMC Adidas T-Shirt

 T shirt1





 t shirt2





t shirt3


 


UNICEF Cargo Flight

t shirt4



ှSuperlative Luxury

shirt5

 



Reference ; moneyinc.com 

 

Myanmar Textile and Garment Directory

Read 1306 times
Rate this item
(1 Vote)
Tagged under