What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်္ကြန်ဖက်ရှင်နဲ့ သတိထားသင့်တဲ့အချက်များ

သင်္ကြန်ဖက်ရှင်နဲ့ သတိထားသင့်တဲ့အချက်များ google

မကြာခင်မှာ မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်ရက်ကြီးကို ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ သင်္ကြန် ပွဲတော် ဆိုရင် လူကြီး၊ လူငယ်မရွေး ပျော်ရွှင်ကြတာ အမှန်ပါ။

သင်္ကြန်လည်ဖို့ စဉ်းစားထားတဲ့သူတွေအတွက် သင်္ကြန်ဖက်ရှင်နဲ့ သတိထားသင့်တဲ့အချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဝတ်ဆင်သင့်တဲ့ အဝတ်အစား
သင်္ကြန်ရက်မှာ လည်မယ့် ခေတ်ရေစီး ထဲက လူငယ်တွေနဲ့ မဏ္ဍပ် ထိုင်ပြီး ရေကစား ကြမယ့် အမျိုးသမီး အမျိုးသားများ အတွက် အဝတ်အစားက အရေးကြီးပါတယ်။ သင်္ကြန်အတွက်ဆိုရင် ရေစိုစိုမှာ ပေါ်လွင်ထင်ရှားနေစေမယ့် ခေါင်းစွပ် Hoddy၊ အင်္ကျီ သင်္ကြန် ဝတ် ဖက်ရှင်၊ ဂျင်းကုတ်၊ လည်သာကုတ် တို့လိုမျိုး မထူလွန်း မပါးလွန်းတဲ့ လက်ရှည် အင်္ကျီ တွေကို သင်္ကြန် အရောင်တွေ ဖြစ်တဲ့ ဖြူ၊ ပြာ၊ နီ၊ ဝါ အရောင် တောက်တောက် စွပ် ကျယ်၊ လက်ပြတ်၊ တီရှပ်တွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒါမှလည်း သင်္ကြန်မဏ္ဍပ်တွေမှာ အပြိုင်အဆိုင် ပက်ကြမယ့် ခပ်ကြမ်းကြမ်း ရေပက်ဒဏ်နဲ့ နေပူဒဏ်တွေကို ကောင်းကောင်း ခံနိုင်ရည် ရှိမှာပါ။

(၂) ဘယ်လို ဖိနပ်မျိုးကို ဝတ်ဆင်မလဲ။
အမုန်းကဲပြီး ခုန်ကြ ကကြမယ့် လူငယ်တွေအတွက် All Star Boots လန်းလန်းလေး တရန်လောက်လည်း ရှိသင့်ပါတယ်။

Read :  Ruffled blouse/Dress (အတွန့်အဖတ် ဖက်ရှင်)

(၃) အသားအရေကို ဂရုစိုက်ပါ။
သင်္ကြန်မှာဆိုရင် မဏ္ဍပ်ထိုင်တာပဲဖြစ်ဖြစ် လည်တာပဲဖြစ်ဖြစ် သင်္ကြန်ဖက်ရှင်ဆိုပြီး အတိုအပြတ်ချည်း သီးသန့်ဝတ်မယ်ဆိုရင်တော့ တနေကုန် ရေစိုတဲ့ဒဏ်၊ နေလောင်တဲ့ ဒဏ်တွေကြောင့် သင်္ကြန်ပြီးတာနဲ့ အသားအရေက ပျက်စီးသွားနိုင်ပါတယ်။ ဒီတော့ သင်္ကြန်တွင်းလေးရက်စလုံး ရေပက်တာပဲဖြစ်ဖြစ် ရေပက်ခံ အလည်သွားတာပဲ ဖြစ်ဖြစ် အသားအရေကို ဆိုးဆိုးဝါးဝါး မပျက်စီး ရအောင် Skin Care တွေသာမက အဝတ်အစားနဲ့ လည်း အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

(၄) ကျန်းမာအောင် နေပါ။
ဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ ကျန်မာခြင်းသည် လာဘ်တစ်ပါးလို့လဲ ဆိုရိုးရှိပါတယ်။ သင်္ကြန်လည်လို့ ဖျားနာနေမယ်ဆိုရင် နောက်နေ့ကျ ရေပက်ခံထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ရေကစားပြီး ပြန်လာရင် နွေးနွေးထွေးထွေးနေပြီးတော့ မဖျားရအောင် ဆေးကြိုတင်သောက်ထားသင့်ပါတယ်နော်။ ဒါကြောင့် မဏ္ဍပ်ထိုင်မယ့်သူတွေထက် ရေပက်ခံအလည်ထွက်ကြမယ့် သူတွေက အဝတ်အစားဝတ်တဲ့ ဖက်ရှင်နဲ့အတူ အသားအရေနဲ့ ကျန်းမာရေးအတွက်ကိုလည်း ပိုပြီး ဂရုစိုက်သင့်ပါ တယ်။

Source: Myanmar Textile and Garment Directory

Read 1401 times
Rate this item
(0 votes)