What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သိထားသင့်တဲ့ ဖက်ရှင် အထာလေးတွေ

အရင်တစ်ပတ်က သိုးမွေးထည်တွေနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်ကလေးတွေကို ပြောပြပေးခဲ့တယ်။
အဲဒီမှာ စိန်ဆေးနည်း၊ အ၀တ်ဘီရိုထဲ အရောင်နဲ့ စီနည်း၊ လက်ပွေ့အိတ် ဆီစွန်းပြီး ကွက်သွားရင် ဘယ်လိုလုပ်မလဲ စတာတွေကိုပါ ပြောပြခဲ့တယ်။

အခုတစ်ပတ်မှာတော့ အ၀တ်အစားတွေ ထားသိုပုံမှားရင် မပျက်စီးသင့်ဘဲ ပျက်စီးရတာ၊ သက်တမ်းတိုကုန်တာတွေကို အဓိကထားပြီး ပြောပြမယ်။

 

wire hanger

၁၀။ အရင်ဆုံး ပြောချင်တာက အ၀တ်အစားတွေ ချိတ်တဲ့ ချိတ် hanger က ၀ါယာကြိုးနဲ့ လုပ်ထားတာဆိုရင် ပေါ့ပေါ့ပါးပါး အ၀တ်အစားတွေကို ချိတ်ဖို့အတွက်ပဲ သုံးစွဲပါ။

လေးလံတဲ့ အ၀တ်အစားတွေဆိုရင် အသားအပြား လက်နှစ်လုံးလောက် ရှိပြီး တောင့်တင်းတဲ့ ချိတ်ကို သုံးပါ။

ဝါယာကြိုး ချိတ်တွေက အလေးချိန်ကို တောင့်မခံနိုင်တော့ အ၀တ်အစားရဲ့ ပခုံးသားကို ပုံပျက်စေတတ်တယ်။

ပြီးတော့ ညှပ်ကလစ်သုံးပြီး ချိတ်ရမယ့် အ၀တ်အစားမျိုးဆိုရင် သိပ်အဆင်မပြေတော့ဘူး။

title block

 

၁၁။ ဆွယ်တာဆိုတာ ရာသီစာ။ နွေရာသီလို ပူပြင်းချိန်မှာ လနဲ့ချီပြီး မ၀တ်ဖြစ်ဘူး။

ဒီတော့ ကျကျနန စနစ်တကျ လျှော်လှမ်းပြီး သိမ်းဆည်းထားတဲ့အခါ သေသေသပ်သပ် ဖွဖွလေး ခေါက်ပြီး အ၀တ်ဘီဒို အံဆွဲထဲ သိမ်းထားရမယ်။

တကယ်လို့ အံဆွဲကြီးကြီး မရှိဘူး၊ ဒါမှ မဟုတ် အံဆွဲထဲ ပြည့်နေလို့ ချိတ်နဲ့ ချိတ်ထားချင်တယ်ဆိုရင်တော့ ဆွယ်တာဆိုတာ လေးလံတဲ့အ၀တ်အစားဆိုတာ ထည့်စဉ်းစားရတော့မယ်။

ဘယ်လိုတွေ ခေါက်ပြီး ချိတ်နဲ့ ချိတ်ရမလဲဆိုတာ ပုံမှ ဖော်ပြပေးထားပါတယ်။

sweaterhanger

 

 

၁၂။ ဆွယ်တာကို ဖွဖွလေးခေါက်ပြီး အံဆွဲထဲ သိမ်းရင် ဆွယ်တာမှာ အရာထင်တာ၊ ခေါက်ရာတွန့်ရာ မထင်ဘူး။ သားရေထည်တွေ၊ စကပ်တွေဆိုရင် ခေါက်ရာကြီး ထင်းနေတဲ့အပြင် လှိုင်းတွန့်တွေပါ ထကုန်တတ်တယ်။
သားရေထည်မှာ ခေါက်ရာထင်ရင် အသားကြေသွားတတ်တယ်။
မီးပူတိုက်ပြီး ပြန့်အောင်လုပ်လို့လည်း မရဘူး။
ဒီတော့ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
ဒီတော့ ကလစ်ပါတဲ့ ချိတ်နဲ့ ချိတ်ပါ။ ကလစ်ပါတဲ့ချိတ် အဆင်သင့် မရှိရင် အ၀တ်လှန်းတဲ့အခါ ညှပ်တဲ့ ကလစ်တွေကို သုံးပါ။
ညှပ်တဲ့နေရာမှာ ကတ်ပြားမထူတထူကလေး ကြားခံပြီး ထည့်ပေးပါ။
ညှပ်ရဲ့အရာ သားရေသားမှာ ထင်ကျန်တာ မဖြစ်စေဖို့ ကာကွယ်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတ်ပြားကတော့ လုပ်ငန်းလိပ်စာကတ်ပြားကလေးတွေ ဖြစ်ပါတယ်။ တစ်ဖက်တစ်ချက်စီမှာ ထည့်ညှပ်ရမှာဆိုတော့
ဝဲဘက်မှာ နှစ်ကတ်၊ ယာဘက်အတွက် နှစ်ကတ်
စုစုပေါင်း လေးကတ်ရရင် လုံလောက်ပါပြီ။

 

leather


၁၃။ အ၀တ်အစားကို မ၀တ်ဘဲထားမှာ ကြာမယ့်သဘောရှိရင် ဖုန်တက်တာ သက်သာအောင် အပေါ်ကနေ ပလတ်စတစ်အိတ် စွပ်ပြီး ချိတ်နဲ့ ချိတ်သိမ်းထားမျိုး လုံးဝ မလုပ်လိုက်ပါနဲ့နော်။

အ၀တ်အစားတွေကို အသက်ရှူတဲ့သတ္တ၀ါတွေလို့ သဘောပိုက်ပြီး နေရာထားသိုပါ။ ပလတ်စတစ် အုပ်ထားရင် အနံ့အသက်တွေ လှောင်နေမယ့်အပြင် အစိုဓာတ်က ၀င်သွားပြီးရင် ပြန်ထွက်မလာတော့ဘူး။ အ၀တ်အစားကို အလိုလိုနေရင်း အောက်သိုးသိုးအနံ့ ကိန်းအောင်းသွားစေတတ်တယ်။
အ၀တ်တွေကို တန်းစီပြီး ချိတ်ထားတဲ့အခါမှာလည်း တစ်ထည်နဲ့တစ်ထည် နည်းနည်းလေး ခြားပေးထားပါ။

တစ်ထည်ကို ဆွဲထုတ်လိုက်ရင် ဘေးနားက အထည်နဲ့ ငြိတဲ့အထိ မနီးကပ်စေနဲ့။ ဆွဲထုတ်ယူတဲ့အထည်နဲ့ ငြိပါလာတာကို ပြန်တွန်းထည့်ရင်း တွန့်တာကြေတာ ဖြစ်ကုန်တတ်တယ်။ ဒီတော့ တစ်လက်မလောက် ကြားမှာ ခြားပြီး ချိတ်ပါ။ အဲဒီမှ လေ၀င်လေထွက် လေလမ်းကြောင်းပွင့်နေမယ်။ ဆွဲထုတ်ယူရင်လည်း မငြိတော့ဘူး။

no plastic bag

၁၄။ ဈေးမသေးတဲ့ ဘရာတွေကို လျှော်ပြီး လှန်းတဲ့အခါ အလယ်တည့်တည့်နေရာမှ အ၀တ်လှန်းတဲ့ ကြိုးတန်း ရှိနေပါစေ။ အပြားအပြန့်လိုက် ခင်းပြီး လှန်းထားနိုင်ရင်တော့ အကောင်းဆုံးပဲ။

ခွက် cup ပုံမပျက်အောင် ဂရုစိုက်ဖို့ လိုတဲ့အပြင် အီလတ်စတစ်ကြိုးတွေ မနာအောင်လည်း ဂရုပြုပေးဖို့ လိုပါတယ်။ နာသွားရင် ကြိုးက မသိမသာ ရှည်ထွက်သွားတတ်တယ်။ အလိုလိုနေရင်း ကြိုးက ရှည်သွားရော။

gallery nrm 1421948398 bradrying

၁၅။ ဈေးမသေးတဲ့ ဘရာတွေကို အံဆွဲထဲ ထည့်သိမ်းရင် ဖြစ်ဖြစ်၊ ဘီဒိုထဲ တစ်နေရာမှာ စုပြီး ထားရင်ဖြစ်ဖြစ် ပြီးစလွယ် မထားပါနဲ့။ ခွက်တစ်ခုနဲ့တစ်ခု နေရာတကျ ထပ်ပြီး ထားပါ။ နည်းနည်းလေး ချဲထားပါ။ လေ၀င်လေထွက် ကောင်းအောင်နဲ့ မပိမိ မညပ်မိအောင် အခုလို ခြားပြီး ထားခိုင်းရတာ ဖြစ်ပါတယ်။

title block

 

၁၆။ ရေကူးဖို့ ၀တ်တဲ့ အပေါ်အောက် ဘီကနီကို ရေညှစ်ရင် လှည့်လိမ်ပြီး မညှစ်လိုက်ပါနဲ့နော်။ ဘီကနီတွေဟာ များသောအားဖြင့် အသားက အီလတ်စတစ်တွေ။ ဒီတော့ လှည့်လိမ်ပြီး ညှစ်တဲ့အခါ ပုံပျက်သွားတတ်တယ်။ ပုံပျက်သွားပြီဆိုရင် ပြန်မကောင်းတော့ဘူး။

ဝတ်တဲ့အခါ မလှမပတွေ ဖြစ်နေလိမ့်မယ်။ ဘယ်လိုရေညှစ်ရမလဲဆိုတာ့ မျက်နှာသုတ်ပုဝါ ထူထူကြီးကြီးပေါ် အပြန့်လိုက် ခင်းပြီး တင်ထားလိုက်ပါ။

ပြီးရင် မျက်နှာသုတ်ပုဝါကို အလိပ်အလော်တော်အရွယ်ဖြင့် လိပ်ပြီး လက်ဝါးနှစ်ဖက်ဖြင့် လိုက်ဖိပေးပါ။ ဘီကနီက ထွက်တဲ့ရေတွေကို မျက်နှာသုတ်ပုဝါက စုပ်ယူပြီး သိမ်းပေးထားလိမ့်မယ်။
အဲဒီလို ညှစ်ပြီး စိုနေတုန်းပဲ။ ဒီတော့ အခြောက်လှန်းတဲ့အခါ အပြားလိုက် ဖြန့်ခင်းထားပြီး လှန်းပါ။ မြန်မြန်ခြောက်ချင်ရင် အဲကွန်းခန်းထဲမှာ လှန်းပါ။

swimsuit bikini

၁၇။ မီးပူတိုက်ရင် အပူချိန် အပြင်းအပျော့ကို ဆီလျော်အောင် ကစားပေးပါ။ အသုံးပြုတာ ခဏရပ်ရင် မီးပူကို ထောင်လျက်သား ထားပါ။ မတ်တတ်ရပ်ခိုင်းထားပါ။ အ၀တ်ပေါ် ပြားလိုက် ခဏတင်ထားတာမျိုး မလုပ်ပါနဲ့။

ချည်သားတွေကို အနည်းနဲ့အများ မီးဟပ်ခံရတဲ့ဒဏ် ထိစေပါတယ်။ အဲဒီလို ထိထားတဲ့နေရာဟာ ဆွေးလွယ်သွားပြီး ပေါက်တာ ပြဲတာတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျ တစ်ချိန်တုန်းက မီးပူဖိထားမိလို့ဆိုတာ သိမှာ မဟုတ်ဘူး။ တရားခံ ပျောက်နေပြီး အထည်သားက ကြာကြာမခံတာလို့ပဲ ထင်မိတတ်ကြပါတယ်။

 

hang sweat cloth
၁၈။ ချွေးစိုနေတဲ့ အ၀တ်အစားကို ချွတ်ချပြီးရင် လုံးထွေးပြီး မထားပါနဲ့။ အထူးသဖြင့် ချွေးစုပ်တဲ့အသားဆိုရင် ပိုဆိုးတယ်။ အထည်သားမှ အနံ့စွဲသွားလိမ့်မယ်။ ရေလျှော်ရင် အနံ့ပျောက်သွားတယ် ထင်ရပေမဲ့ နောက်တစ်ကြိမ် ချွေးစိုတဲ့အခါ အနံ့အဟောင်း ပြန်ထွက်လာပြီး အနံ့သစ်နဲ့ ပေါင်းပြီး အနံ့အတော်ဆိုးနေလိမ့်မယ်။ ဒီတော့ ချွေးနံ့တွေ လေထဲ လွင့်ပါသွားအောင် လှန်းပေးထားပါ။ လျှော်တော့မှ ယူပြီး လျှော်လိုက်ပါ။

၁၉။ အတော်များများ သိထားပြီးသာ ဖြစ်နေနိုင်တဲ့အချက်က ဂျင်းကို စက်ထဲထည့်ပြီး လျှော်တဲ့အခါ ကြယ်သီး၊ ချိတ် စတာတွေ တပ်ပါ။ ဇစ်ကို ဆွဲတင်ပါ။ ဇစ်မဆွဲဘဲ လျှော်ရင် ဇစ်မှာပါတဲ့ သွားကလေးတွေ ထိခိုက်ပွန်းစားတတ်တယ်။ ပွန်းစားဖန်များရင် ဇစ်ဆွဲတဲ့အခါ အထစ်အငေါ့ ဖြစ်အောင် ဒုက္ခပေးလိမ့်မယ်။ ပြီးရင် အတွင်းအပြင် ပြောင်းပြန်လှန်ပါ။ အခုလို အပြင်ကို အတွင်းဘက် ပို့လိုက်တော့ စက်ထဲမှာ ပွတ်တိုက်တဲ့အခါ ဆေးမှိန်အောင် ပြုတာ သက်သာသွားစေပါတယ်။ အရောင်မကျတော့ဘူးပေါ့။

jean turn

၂၀။ ဂျင်းဘောင်းဘီကို သန့်သန့်လေး ၀တ်ပေမဲ့ အနံ့အသက် မကောင်းလို့ ရေလျှော်ရလေ့ရှိတယ်။ ရေလျှော်တဲ့အတွက် ဂျင်းဘောင်းဘီ အနည်းနဲ့အများ အရောင်ကျတဲ့အပြင် အသားက ပါးလာတယ်။ ပုံပျက်တယ်။ ဇစ်တွေ ကြယ်သီးတွေ နာတယ်။ ဒီတော့ ရေလျှော်ရတဲ့ ကြိမ်ရေကို နည်းနိုင်သမျှ နည်းလိုတယ်ဆိုရင် နည်းတစ်နည်း ရှိတယ်။ အပေအကျံကြောင့် လျှော်ရတာ မဟုတ်ဘဲ အနံ့အသက်ကြောင့်သာ လျှော်ရတာဆိုရင် အဲဒီနည်းကို သုံးသင့်တယ်။ ဘာမှ မခက်ဘူး။ ပလတ်စတစ် အိတ်ငယ်တစ်လုံးထဲ ဂျင်းဘောင်းဘီကို ခေါက်ထည့်။ အိတ်အ၀ကို လုံအောင် စည်း။ ပြီးရင် ရေခဲသေတ္တာရဲ့ ရေခဲတဲ့နေရာမှာ ထား။ တစ်ည သိပ်ထားလိုက်ပြီး မနက်ကျမှ ပြန်ထုတ်လိုက်ပါ။ အနံ့အသက်တွေ ဖြစ်ပေါ်နေစေတဲ့ ဘက်တီးရီယားတွေ အကုန်လုံးနီးပါးကို အအေးဒဏ်က သတ်ပေးလိုက်ပြီ။

freezerjeans

ကျန်းမာရွှင်လန်းပါစေ။

textiledirectory.com.mm

Read 2475 times
Rate this item
(0 votes)