What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်ထည်တွေကို ဝတ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ..

ချည်ထည်သည် သဘာဝက ပေးတဲ့အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ပြီးတော့ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာများစွာကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ချည်ထည်အဝတ်များကို ဝတ်မယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့...

 

အစိုဓာတ်ကို ထိန်းပေးနိုင်ခြင်း

ချည်ထည်ဆိုတာ အရည်စုတ်ယူအားကောင်းတဲ့ ပစ္စည်းဖြစ်တာကြောင့် အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အဝတ်ဖြစ်ပါတယ်။ ကိုယ်မှာ ကပ်ညှိနေနိုင်တဲ့ အရည်တွေကို စုတ်ယူပေးနိုင်တဲ့အတွက် အသားအရေ ထိန်းသိမ်းဖို့အတွက် အရမ်း အသုံးဝင်ပါတယ်။

 

ရာသီဥတု မရွေး ဝတ်ဆင်နိုင်ခြင်း

ချည်ထည်အဝတ်တွေဟာ ရာသီဥတုမရွေး ကိုယ် ပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။နွေရာသီမှာ အပူချိန်ကို ထိန်းညှိပေးနိုင်သလို အေးတဲ့ရာသီတွေမှာလည်း အကာအကွယ်ဖြစ်စေပါတယ်။ချည်ထည် အဝတ်အစားတွေက ကိုယ်မှာ မကပ်နေတတ်တဲ့အတွက် အသားအရေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

 

အသားအရည်နှင့် ဓာတ်မတည့်မှု မရှိခြင်း

ချည်ထည်တွေဟာ သဘာဝက ပေးတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် အသားအရည်နှင့်ဓာတ်မတည့်ခြင်း လုံး၀ မရှိပါဘူး။ ချည်ထည်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ဆေးပတ်တီးတွေမှာ အသုံးပြုတဲ့ ဓာတ်ပစ္စည်းတွေအတိုင်း ဖြစ်တာကြောင့် ဓာတ်မတည့်တာတွေ မဖြစ်နိုင်ပါဘူး။ ဥပမာ ကလေးတွေမှာ အသုံးပြုတဲ့ အဝတ်အစားတော်တော်များများ ချည်ထည်တွေကို အသုံးပြုထားတာကို ကြည့်ချင်းအားဖြင့် သိနိုင်ပါတယ်။

 

ကြာရှည်ခံနိုင်ခြင်း

လက်နဲ့ လျှော်ဖွတ်သည် ဖြစ်စေ ၊ အားကောင်းတဲ့ အဝတ်လျှော်စက်ဖြင့် လျှော်ဖွတ်သည် ဖြစ်စေ ချည်ထည်တွေဟာ များသောအားဖြင့် အလွယ်တကူ မပေါက်ပြဲနိုင်ပါဘူး။ အနံကင်းတဲ့ အသားဖြစ်တာကြောင့် အချိန်အကြာကြီး လျှော်ဖွတ်စရာလည်း မလိုသလို အချိန်ကုန် သက်သာခြင်း ၊ မီးအားသက်သာခြင်းနှင့် ဆပ်ပြာကုန်တာ သက်သာခြင်း အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။


အဆိပ်ဖြစ်စေမှု နည်းခြင်း

သဘာဝကပေးတဲ့ ပစ္စည်း ဖြစ်တာကြောင့် တစ်ခြား လူက ဖန်တီးထားတဲ့ အထည်တွေထက်စာရင် အဆိပ်သင့်စေမှု နည်းပါတယ်။ လူက ဖန်းတီးထားတဲ့ အထည်တွေဟာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အသားအရေနဲ့ ထိတွေ့တဲ့အခါ အန္တရာယ် ဖြစ်စေပါတယ်။

 

သက်သောင့်သက်သာ ရှိခြင်း

သက်သောင့်သက်သာ ရှိစေခြင်းဟာ ချည်ထည်တွေရဲ့ ထူးခြားသော ပင်ကို သဘောဖြစ်ပါတယ်။ ရာသီဥတု ဒဏ်ကို ကာကွယ်နိုင်ပြီးတော့ အဝတ်နဲ့ အသားရည်ကြားထဲမှာ လေဝင်လေထွက်ကောင်းစေပါတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး ဝတ်ဆင်ဖို့အတွက် သက်သောင့်သက်သာလည်း ရှိစေပါတယ်နော်..။

 

Myanmar Textile & Garment Guide

Read 1623 times
Rate this item
(1 Vote)