What's new

×

Warning

JUser: :_load: Unable to load user with ID: 845


``ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် ဆောင်ရန် ရှောင်ရန် fashion tips များ´´

``ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် ဆောင်ရန် ရှောင်ရန် fashion tips များ´´ facebook

 ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် ဘယ်လိုဖက်ရှင်မျိုးလေးတွေက အဆင်ပြေတယ်ဆိုတဲ့အကြောင်း ရေးပေးချင်ပါတယ်။

အရေးအကြီးဆုံးအနေနဲ့ ဘော်ဒီက ကိုယ့်အားနည်းချက်လို့ ထင်တဲ့ ဘယ်နေရာမဆို သူ့ကို highlight ပေးထားသလို ဖြစ်မနေအောင် ဝတ်ဆင်ပြီး အခြားနေရာတွေကို အာရုံလွှဲရမယ့် သဘောဟာ ဖက်ရှင်တိုင်းအတွက် အရေးပါနေပါတယ်။

ခု ဒီမှာလည်း ဒီအတိုင်းပါပဲနော်။ နံပါတ်စဉ်လေးတွေနဲ့ ကြည့်သွားလိုက်ရအောင်။

(၁) ပခုံးကျယ်တဲ့သူတွေအတွက် အရေးကြီးတာက လည်ပင်းခပ်ဝိုက်ဝိုက်၊ ခပ်ပြဲပြဲ အကျီမျိုးတွေ ရှောင်ဝတ်ရမှာပါ။ အဲ့ဒီအစား V shape လည်ပင်းတွေကို ရွေးနိုင်ပါတယ်။

21272361 1387089541411115 5652474635034807511 n

(၂)ခါးနေရာ ပေါ်လွင်စေမယ့်၊ အထူးသဖြင့် ဘော်ဒီကောက်ကြောင်း ပေါ်လွင်စေမယ့် အဝတ်အစားကို ရွေးချယ်ပြီး အာရုံလွှဲပါ။

Black olive sexy three quarter sleeves two way font b wear b font bodycon midi dress

(၃) စကတ်တွေထဲမှာဆိုရင်တော့ tennis skirt အကားလေးတွေ က ပခုံးကျယ်တဲ့ ပျိုမေတွေ ရွေးချယ်သင့်လှပါတယ်။ နောက် အပေါ်အကျီထက် စကတ်ကိုအာရုံရောက်စေမယ့် ဒီဇိုင်းတစ်ခုခုပါတဲ့ စကတ်မျိုး ရွေးပါ။

21231837 1387089571411112 6523636618056139001 n

(၄) အကျီပဲဖြစ်ဖြစ်၊ dress ဒါမှမဟုတ် jacket စတဲ့အရာတွေဆိုရင် အပေါ်ပိုင်း crop လုပ်ထားသလို ဖြစ်နေတဲ့ ဒီဇိုင်းမျိုးတွေကို ရှောင်ပြီး dress ဆိုလည်း ခါးနေရာခါး၊ လည်ပင်းမကျယ်ပဲ အဆင်ပြေမယ့် dress မျိုးရှာပါ။ အပေါ်ထပ် အကျီအပါးလေးတွေ နဲ့ jacket စတာတွေကို လက်မောင်းနဲ့ တသားတည်း ဖြစ်တာရွေးရပါလိမ့်မယ်။

21314736 1387089721411097 8336941423312368720 n

(၅) လက်မောင်းနေရာမှာ ဒီဇိုင်းတွေ လုပ်ထားတဲ့ အကျီ၊ dress၊ jacket စတာတွေကို မဝတ်မိပါစေနဲ့။ အဲ့ဒါတွေက ပခုံးကျယ်တာကို လူတွေပိုသိအောင် ပြလိုက်သလို ဖြစ်သွားစေတတ်လို့ပါ။ အထူးသဖြင့် လက်မောင်း၊ ပခုံးနေရာတွေမှာ ဖော့ခံချုပ်ထားတာ မျိုးတွေ နဲ့ အကျီလက်ဖောင်းစတာတွေပေါ့။

21369184 1387089828077753 4214630449070081254 n

(၆) အရောင်ရွေးချယ်မှုကတော့ ဖြစ်နိုင်ရင် အပေါ်ပိုင်းကို နည်းနည်း အရောင်ရင့် ဒါမှမဟုတ် မှောင်တာရွေးပါ။ ဒီဇိုင်းပိုင်းက အဆင်ပြေတယ် ဆိုရင်တော့ ဒီအချက်ကို ထားလိုက်ပါ။

21371228 1387089594744443 6052870897660962404 n

(၇)လည်ပင်းအတိ၊ အပိတ်တွေထက် လည်တိုင်ရိုးရှင်းပြီး ပေါ်စေမယ့် အကျီမျိုးရှာဝတ်ပါ။

21231790 1387089631411106 7990792104261794509 n

(၈)ကိုယ်က skinny jean ဝတ်တတ်တဲ့သူဆိုရင် အပေါ်က plain topလေးတွေနဲ့သာ တွဲပါ။

21369497 1387089528077783 3825872433332584672 n

ကဲ ဒီလောက်ဆိုရင်တော့ ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် fashion tips လေးတွေ ရလောက်ပြီလို့ထင်ပါတယ်နော်။ အားလုံးပဲ ဖက်ရှင်ကျလှနိုင်ကြပါစေရှင်။

source:i am fashion

Read 1468 times
Rate this item
(0 votes)