What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၈၀/၂၀ စည်းမျဉ်းနှင့်​ အဝတ်​အထည်

၈၀/၂၀ စည်းမျဉ်းနှင့်​ အဝတ်​အထည်​ google

၈၀/၂၀ စည်းမျဉ်း ဆိုတာကတော့ "​နေ့စဉ်​ လုပ်​​ဆောင်​​ နေတဲ့ အရာအားလုံးထဲက အ​ရေးကြီးတဲ့ ၂၀ ရာခိုင်​နှုန်းကို ​သေချာ အာရုံစိုက်​မယ်​ ဆိုရင်​ ကျန်​တဲ့ ၈၀ရာခိုင်​နှုန်းကို

အလွယ်​တကူ ရနိုင်​မယ်​" ဆိုတာဘဲ ဖြစ်​ပါတယ်​။

၈၀/၂၀ စည်းမျဉ်းဆိုတာ စာဖတ်​သူများ ရင်းနှီးပြီးသား ဖြစ်​မယ်​ ထင်​ပါတယ်​။

အဝတ်​အထည်​ အတွက်​ ၈၀/၂၀ စည်းမျဉ်း က ဘာလဲ?

ဒါကတော့ ရိုးရှင်းပါတယ်​။ ၈၀ ရာခိုင်​နှုန်း ဖြစ်​တဲ့ လှပခြင်း၊ သပ်​ရပ်​ခြင်း၊ မိမိကိုယ်​ကိုယုံကြည်​ခြင်း၊ လူအများရဲ့ ​အာရုံစိုက်​မှု၊ ယုံကြည်​မှု၊ ​လေးစားမှု စတဲ့ များပြား လှတဲ့ အချက်​​တွေကို ရရှိဖို့ ၂၀ ရာခိုင်​နှုန်း ဖြစ်​တဲ့ အချက်​ (၃) ချက်​ ကို အာရုံစိုက်​ ရပါမယ်​။

၁။ သင့်​​တော်​ခြင်း (Fit)
အ​ရေးကြီးဆုံးအချက်​တခုပါ။ အရွယ်​အစား သင့်​​တော်​မှုကို ဂရုစိုက်​ရပါမယ်​။ မိမိခန္ဓာကိုယ်​နဲ့ သင့်​​တော်​တဲ့ အဝတ်​အစားဖြစ်​ဖို့ အ​ရေးကြီးပါတယ်​။
- အဝတ်​အထည်​ရဲ့ အတိုအရှည်​က သိသာမြင်​သာတဲ့ အချက်​တခု ဖြစ်​ပါတယ်​။ ​နောက်​ပြီး အဝတ်​အထည်​ရဲ့ အကျဉ်းအကျယ်​ ကလည်း ဝတ်​ဆင်​သူကို သက်​​တောင့်​သက်​သာ ရှိ​စေမှုနဲ့ အမြင်​တင့်​တယ်​​စေမှု အတွက်​ အဓိက ကျပါတယ်​။

Read: ချည်မျှင် နှင့် အထည်အလိပ် နည်းပညာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနား

၂။ ပိတ်​စ အမျိုးအစား (Fabrics)
အဝတ်​အထည်​ရဲ့ ပိတ်​စ အမျိုးအစားကို ဂရုစိုက်​ ရပါမယ်​။
- အဝတ်​အထည်​ အမျိုးအစား နဲ့ ကိုက်​ညီတဲ့ ပိတ်​စကို ​ရွေးခြယ်​ ရပါမယ်​။ ရှပ်​အင်္ကျီများ အတွက်​ဆိုရင်​ ချည်​သားကို​ ရွေးခြယ်​ခြင်းက တင့်​တယ်​မှုရှိသလို မြန်​မာပြည်​ ရာသီဥတု နဲ့လည်း ကိုက်​ညီပါတယ်​။

၃။ စတိုင်​ကျခြင်း Style
အဝတ်​အထည်​များရဲ့ ဒီဇိုင်းနဲ့ ဓ​လေ့ထုံးစံ​တွေကို ဂရုစိုက်​ရမယ်​။
- ရိုးရှင်းတဲ့ဒီဇိုင်းဖြစ်​ရမယ်​ သို့​သော်​ ​ခေတ်​နဲ့ညီရမယ်​။(ဥပမာ- ​​ဘော်​ဒီဖစ်​ စတစ်​​ကော်​လာ ရှပ်​အင်္ကျီ)
- ဓ​လေ့ထုံးစံဖြစ်​ရမယ်​ သို့​သော်​ ​ပြုပြင်​ဖို့ လွယ်​ကူရမယ်​။
( ဥပမာ- ပုဆိုးနဲ့ စတစ်​​ကော်​လာအဖြူ အစား ပုဆိုးနဲ့အ​ရောင်​ လိုက်​ဖက်​မယ့်​ အခြား​သော ရှပ်​အင်္ကျီ)

အကျဉ်းချုပ်​ ပြောရမယ်ဆိုရင်
1. Fit
2. Fabrics
3. Style
ဒီ (၃) ချက်​ကို ဂရုစိုက်​ခြင်းဖြင့်​ မိတ်​​ဆွေရဲ့ အဝတ်​အထည်​​ ရွေးချယ်​ခြင်းကို ပိုမို လွယ်​ကူမယ်​လို့​ မျှော်​လင့်​ပါတယ်​။

Source: ELEGANCE
Myanmar Textile and Garment Directory

Read 2133 times
Rate this item
(1 Vote)