What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇစ္ zip

(Zaw+Uni) ● ဇစ္ဟာ အ၀တ္အစားရဲ႕ အေရးအပါဆုံးေနရာမွာ ရွိတယ္။ ဇစ္ကြဲရင္ အရွက္ကြဲတယ္။ ဇစ္မေကာင္းရင္

အ၀တ္အေဟာင္းအျဖစ္ကုိ ေရာက္သြားတတ္တယ္။

● သတၱဳဇစ္ျဖစ္ျဖစ္၊ ပလတ္စတစ္ဇစ္ျဖစ္ျဖစ္ ဇစ္မွာ ရွိထုိက္တဲ့ ဂုဏ္ေတြက ဇစ္တာ၀န္ကုိ ထမ္းေဆာင္တာမွာ အားကုိးရတယ္။ တာရွည္ခံတယ္။ အ၀တ္အစားရဲ႕ သက္တမ္းကုန္တဲ့အထိ ဇစ္က ႀကံ႕ခုိင္ေနရမယ္။ ဇြဲဆြဲၿပီး ဖြင့္တာပိတ္တာမွာ လြယ္ကူရမယ္။ အဆင္ေျပရမယ္။ သတၱဳဇစ္က ပလတ္စတစ္ဇစ္နဲ႔ ႏႈိင္းစာရင္ အားနည္းနည္း ပုိစုိက္ရတယ္။ ၿပီးေတာ့ ေတာင့္မာတဲ့သေဘာရွိတယ္။ ဒါေၾကာင့္ ဖက္ရွည္ထည္ေတြမွာ ဇစ္ကုိ ဖုံးကြယ္ထားလုိရင္ ပလတ္စတစ္ဇစ္ကုိ ေရြးၾကတယ္။ ဇစ္ကုိ အဆင္းတန္ဆာတစ္ခုအျဖစ္ ေဖာ္ထုတ္ျပသထားတာမ်ဳိးလည္း ရွိပါတယ္။ ဇစ္ကုိ အေရာင္အဆင္းတစ္ခုအျဖစ္ သုံးလုိရင္ အေရာင္ဇစ္ေတြကုိ ထင္ထင္ရွားရွား သုံးၾကတယ္။ အခန္႔အထည္ဆုိရင္ေတာ့ သတၱဳဇစ္ကုိ သုံးၾကၿပီး ဇစ္သြားႀကီးႀကီး သုံးၾကတယ္။ သတၱဳဇစ္ေတြကုိ ေၾကးသတၱဳနဲ႔ လုပ္ထားေပးၾကတာေၾကာင့္ သံေခ်းတက္ျခင္း ကင္းေစတယ္။ သတၱဳဇစ္က ပလတ္စတစ္ဇစ္ထက္ ပုိအၾကမ္းခံတယ္။ ဒါေပမဲ့ အလူမီနီယမ္ သတၱဳဇစ္ေတြက ေရေလွ်ာ္ဖန္မ်ားရင္ ပ်က္တတ္တယ္။ ဆပ္ျပာရည္နဲ႔ အလူမီနီယမ္ ဓာတ္ျပဳမႈ ရွိၿပီး ဇစ္ပြန္းတာေၾကာင့္ ပ်က္ရတာ ျဖစ္ပါတယ္။

● သတၱဳဇစ္ကုိ တာရွည္ခံေစလုိၿပီး ဇစ္ဆြဲတဲ့အခါ ထစ္တာတစ္တာ မရွိလုိရင္ ဖေယာင္းတုိင္နဲ႔ ဇစ္တစ္ေလွ်ာက္ကုိ တုိက္ေပးၿပီး ဖေယာင္းအလႊာပါးပါး အစအနေလးေတြ ဇစ္သြားေတြၾကား ရွိေနေအာင္ လုပ္ေပးၿပီး ဇစ္ကုိ ဖြင့္ခ်ီပိတ္ခ်ီ လုပ္ေပးတယ္။ ဖေယာင္းအလႊာပါပါးက ဆီသဖြယ္ ဇစ္ေခါင္းနဲ႔ ဇစ္သြားအၾကား တာ၀န္ထမ္းေဆာင္ေပးလုိ႔ ဇစ္ဆြဲရတာ ေခ်ာမြတ္ေျပျပစ္ေနေစတယ္။ အခုလုိ ဖေယာင္းတုိက္တာကုိ အနည္းဆုံး ၃ လ တစ္ႀကိမ္ေတာ့ လုပ္ေပးသင့္တယ္။ သတၱဳဇစ္ကုိ ဖေယာင္းတုိက္တာ ေကာင္းေပမဲ့ ပလတ္စတစ္ဇစ္ေတြကုိေတာ့ ဖေယာင္း မတုိက္ရဘူး။ အခန္႔မသင့္ရင္ ဇစ္သြားေတြ ေခ်ာ္ထြက္ၿပီး ဇစ္က မစိေတာ့ဘူး။ ပလတ္စတစ္ကုိ ေခ်ာမြတ္ေစခ်င္ရင္ ဇစ္အဆုံးေနရာေတြမွာ ေခါင္းလိမ္းဆီ ဂ်ယ္လီကုိ ပါးပါးေလး သုတ္ေပးၾကတယ္။ ဇစ္ေခါင္းထဲ ဆီအလႊာ ရွိေနေအာင္ လုပ္ေပးတာ ျဖစ္တယ္။

● ဇစ္ပါတဲ့ အ၀တ္အစားကုိ အ၀တ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ရင္ ဇစ္ကုိ အဆုံးအထိ ဆြဲစိေပးထားမွာ ဇစ္အထိအနာ သက္သာေစတယ္။ ဇစ္ျဖဳတ္လ်က္သား ေလွ်ာ္ရင္ ဇစ္သြား၊ ဇစ္ထိပ္ဖ်ား၊တုိ႔ ထိခုိက္ေစတတ္တယ္။ ပုိဆုိးတာက အဆုံးအထိလည္း မဖြင့္၊ အဆုံးအထိလည္ မပိတ္ တုိ႔လုိ႔တန္းလန္း ဇစ္တစ္၀က္တစ္ပ်က္ ပြင့္လ်က္သားျဖင့္ စက္ထဲ ထည့္ေလွ်ာ္တာပဲ။ ဇစ္ေခါင္းကုိ ေဆာင့္ေဆာင့္ဆြဲၿဖဲတဲ့ဒဏ္ ထိေရာက္တယ္။ အဲဒီ ဇစ္ေခါင္းရွိေနတဲ့ ေနရာမွာ ရွိတဲ့ ဇစ္သြားေတြကုိ ထိခုိက္ေစတယ္။

● ဇစ္ၾကာၾကာေကာင္းေစဖုိ႔ အႀကံေပးခ်က္ေတြကေတာ့ ဇစ္ပါတဲ့ အ၀တ္အစားကို စက္ထဲ ထည့္ေလွ်ာ္ေတာ့မယ္ဆုိရင္ ဇစ္ကုိ အဆုံးအထိ ဆြဲစိ္ပါ။ ၿပီးရင္ အ၀တ္အစားကုိ အတြင္းအျပင္လွန္ၿပီးမွ စက္ထဲကုိ ထည့္ပါ။ တခ်ဳိ႕ဇစ္ေတြက ဇစ္ကုိ ေရာက္တဲ့ေနရာမွာ မေရြ႕ေအာင္ ခ်ဳပ္ေပးထားတဲ့ အစြယ္ေလးေတြပါတယ္။ အဲဒီလုိ ဇစ္မ်ဳိးဆုိရင္ ဇစ္စြယ္ေတြကုိ ခ်ဳပ္ေပးထားတဲ့ အေနအထားမွာ ထားေပးပါ။

 Uni

● ဇစ်ဟာ အဝတ်အစားရဲ့ အရေးအပါဆုံးနေရာမှာ ရှိတယ်။ ဇစ်ကွဲရင် အရှက်ကွဲတယ်။ ဇစ်မကောင်းရင် အဝတ်အဟောင်းအဖြစ်ကို ရောက်သွားတတ်တယ်။

● သတ္တုဇစ်ဖြစ်ဖြစ်၊ ပလတ်စတစ်ဇစ်ဖြစ်ဖြစ် ဇစ်မှာ ရှိထိုက်တဲ့ ဂုဏ်တွေက ဇစ်တာဝန်ကို ထမ်းဆောင်တာမှာ အားကိုးရတယ်။ တာရှည်ခံတယ်။ အဝတ်အစားရဲ့ သက်တမ်းကုန်တဲ့အထိ ဇစ်က ကြံ့ခိုင်နေရမယ်။ ဇွဲဆွဲပြီး ဖွင့်တာပိတ်တာမှာ လွယ်ကူရမယ်။ အဆင်ပြေရမယ်။ သတ္တုဇစ်က ပလတ်စတစ်ဇစ်နဲ့ နှိုင်းစာရင် အားနည်းနည်း ပိုစိုက်ရတယ်။ ပြီးတော့ တောင့်မာတဲ့သဘောရှိတယ်။ ဒါကြောင့် ဖက်ရှည်ထည်တွေမှာ ဇစ်ကို ဖုံးကွယ်ထားလိုရင် ပလတ်စတစ်ဇစ်ကို ရွေးကြတယ်။ ဇစ်ကို အဆင်းတန်ဆာတစ်ခုအဖြစ် ဖော်ထုတ်ပြသထားတာမျိုးလည်း ရှိပါတယ်။ ဇစ်ကို အရောင်အဆင်းတစ်ခုအဖြစ် သုံးလိုရင် အရောင်ဇစ်တွေကို ထင်ထင်ရှားရှား သုံးကြတယ်။ အခန့်အထည်ဆိုရင်တော့ သတ္တုဇစ်ကို သုံးကြပြီး ဇစ်သွားကြီးကြီး သုံးကြတယ်။ သတ္တုဇစ်တွေကို ကြေးသတ္တုနဲ့ လုပ်ထားပေးကြတာကြောင့် သံချေးတက်ခြင်း ကင်းစေတယ်။ သတ္တုဇစ်က ပလတ်စတစ်ဇစ်ထက် ပိုအကြမ်းခံတယ်။ ဒါပေမဲ့ အလူမီနီယမ် သတ္တုဇစ်တွေက ရေလျှော်ဖန်များရင် ပျက်တတ်တယ်။ ဆပ်ပြာရည်နဲ့ အလူမီနီယမ် ဓာတ်ပြုမှု ရှိပြီး ဇစ်ပွန်းတာကြောင့် ပျက်ရတာ ဖြစ်ပါတယ်။

● သတ္တုဇစ်ကို တာရှည်ခံစေလိုပြီး ဇစ်ဆွဲတဲ့အခါ ထစ်တာတစ်တာ မရှိလိုရင် ဖယောင်းတိုင်နဲ့ ဇစ်တစ်လျှောက်ကို တိုက်ပေးပြီး ဖယောင်းအလွှာပါးပါး အစအနလေးတွေ ဇစ်သွားတွကြေား ရှိနေအောင် လုပ်ပေးပြီး ဇစ်ကို ဖွင့်ချီပိတ်ချီ လုပ်ပေးတယ်။ ဖယောင်းအလွှာပါပါးက ဆီသဖွယ် ဇစ်ခေါင်းနဲ့ ဇစ်သွားအကြား တာဝန်ထမ်းဆောင်ပေးလို့ ဇစ်ဆွဲရတာ ချောမွတ်ပြပြေစ်နေစေတယ်။ အခုလို ဖယောင်းတိုက်တာကို အနည်းဆုံး ၃ လ တစ်ကြိမ်တော့ လုပ်ပေးသင့်တယ်။ သတ္တုဇစ်ကို ဖယောင်းတိုက်တာ ကောင်းပေမဲ့ ပလတ်စတစ်ဇစ်တွေကိုတော့ ဖယောင်း မတိုက်ရဘူး။ အခန့်မသင့်ရင် ဇစ်သွားတွေ ချော်ထွက်ပြီး ဇစ်က မစိတော့ဘူး။ ပလတ်စတစ်ကို ချောမွတ်စေချင်ရင် ဇစ်အဆုံးနေရာတွေမှာ ခေါင်းလိမ်းဆီ ဂျယ်လီကို ပါးပါးလေး သုတ်ပေးကြတယ်။ ဇစ်ခေါင်းထဲ ဆီအလွှာ ရှိနေအောင် လုပ်ပေးတာ ဖြစ်တယ်။

● ဇစ်ပါတဲ့ အဝတ်အစားကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရင် ဇစ်ကို အဆုံးအထိ ဆွဲစိပေးထားမှာ ဇစ်အထိအနာ သက်သာစေတယ်။ ဇစ်ဖြုတ်လျက်သား လျှော်ရင် ဇစ်သွား၊ ဇစ်ထိပ်ဖျား၊တို့ ထိခိုက်စေတတ်တယ်။ ပိုဆိုးတာက အဆုံးအထိလည်း မဖွင့်၊ အဆုံးအထိလည် မပိတ် တို့လို့တန်းလန်း ဇစ်တစ်ဝက်တစ်ပျက် ပွင့်လျက်သားဖြင့် စက်ထဲ ထည့်လျှော်တာပဲ။ ဇစ်ခေါင်းကို ဆောင့်ဆောင့်ဆွဲဖြဲတဲ့ဒဏ် ထိရောက်တယ်။ အဲဒီ ဇစ်ခေါင်းရှိနေတဲ့ နေရာမှာ ရှိတဲ့ ဇစ်သွားတွေကို ထိခိုက်စေတယ်။

● ဇစ်ကြာကြာကောင်းစေဖို့ အကြံပေးချက်တွေကတော့ ဇစ်ပါတဲ့ အဝတ်အစားကို စက်ထဲ ထည့်လျှော်တော့မယ်ဆိုရင် ဇစ်ကို အဆုံးအထိ ဆွဲစိ်ပါ။ ပြီးရင် အဝတ်အစားကို အတွင်းအပြင်လှန်ပြီးမှ စက်ထဲကို ထည့်ပါ။ တချို့ဇစ်တွေက ဇစ်ကို ရောက်တဲ့နေရာမှာ မရွေ့အောင် ချုပ်ပေးထားတဲ့ အစွယ်လေးတွေပါတယ်။ အဲဒီလို ဇစ်မျိုးဆိုရင် ဇစ်စွယ်တွေကို ချုပ်ပေးထားတဲ့ အနေအထားမှာ ထားပေးပါ။

 

 

Read 1865 times
Rate this item
(0 votes)