What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မပြုလုပ်သင့်တဲ့ ဖက်ရှင်အမှားတွေ

ဖက်ရှင်စတိုင်တစ်ခုကို ရွေးချယ်တဲ့အခါမှာ အမှား အမှန်ဆိုတာ မရှိပါဘူး။ စမတ်ကျစေမယ့် ဖက်ရှင် (သို့) ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို သင်ရွေးချယ်နိုင်ပါတယ်။

သို့သော်လည်း တစ်ခါတစ်လေမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အဝတ်အစားကြောင့် ကိုယ်ရဲ့ဖက်ရှင်က အပေါစားဆန်သလို ဖြစ်သွားနိုင်တယ်။ ဈေးကြီးပေးဝယ်မှ ဖက်ရှင်ကျတာမဟုတ်ပါဘူး။ လိုက်ဖက်မှုရှိပြီး မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီလို ဖက်ရှင်အမှားတွေကို မပြုလုပ်စေဖို့ အကြံပေးချင်ပါတယ်။

၁။ အလွန်အကျွံ့တောက်ပနေခြင်း

1
ဖက်ရှင် စည်းမျဉ်းတွေအရ ပြိုးပြိုးပျက်ပျက်တောက်နေတဲ့ လက်ဝတ်လက်စားတွေကို သင့်တော်တဲ့ နေရာဒေသ အလိုက်ဝတ်ဆင်သင့်ပါတယ်။ ဒါပင်မဲ့ နေ့စဉ်သွားလာလှုပ်ရှားတဲ့အခါမှာ တလက်လက်တောက်နေတဲ့ ကျောက်တွေနဲ့ စီခြယ်ထားတဲ့ အဝတ်အစားတွေဟာ သင့်ကို ပိုပြီး ပုံပျက်သွားနိုင်ပါတယ်။

၂။ brand တွေကို ဦးစားမပေးနဲ့

2
တချို့ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေဟာ နာမည်ကြီးအမှတ်တံဆိပ် ပုံစံအတိုင်း ထုတ်လုပ်ကြတယ်။ Discount ချတဲ့ဆိုင်ကနေ ကိုယ်ကြိုက်တဲ့ brand ကို ဝယ်ယူမိလိုက်တဲ့ အခါမှာ ကွာလတီအမှားတွေ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေအစား ကိုယ်နဲ့ လိုက်ဖက်မှုရှိမယ့် ဖက်ရှင်မျိုးကိုသာရွေးချယ်သင့်ပါတယ်။

၃။ ရှုပ်ရှက်ခက်နေတဲ့ အဆင်ဒီဇိုင်းများ

3
အစက်အပြောက် ဒီဇိုင်းနှင့် အဆင်းတွေကို ပေါင်းစပ်ခြင်းဟာ ဆိုးရွားလှပါတယ်။ အဲ့ဒီအစား အရောင်တစ်ခုထဲမှာ ရိုက်နှိပ်ထားတဲ့ အဆင်ဒီဇိုင်းမျိုးကို ရွေးချယ်ပါ။

 

ပိုအသက်ကြီးပြီး ပိုဝတယ်လို့ ထင်ရစေတဲ့ ဖက်ရှင် အမှားတွေ

 

၎။ အရောင်ဆန်းဆန်းများ

4
နီယွန်အရောင်တောက်တောက်တွေက ဒစ်စကိုပါတီပွဲတွေအတွက် အကောင်းဆုံး ဆင်မြန်းသင့်တဲ့အရောင်ပါပဲ။ သို့သော်လည်း တခြားနေရာတွေမှာ ဒီအရောင်ကို ပေါင်းစပ်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင် သင့်ရဲ့စတိုင်က လုံးဝကျရှုံးသွားလိမ့်မယ်။ အရောင်တောက်တောက်ကာလာတွေအစား အရောင်နုနုလေးတွေက သင့်ကို ပိုငယ်ရွယ်တယ်လို့ ထင်စေနိုင်တယ်။

၅။ လက်ဝတ်ရတနာ တွေကို အလွန်အကြူး မဝတ်ဆင်ပါနဲ့

5
လက်ဝတ်လက်စားတွေကို သင့်လျော်တဲ့ ပွဲအမ်းအနားတွေမှာ ဆင်မြန်းနိုင်ပါတယ်။ လိုတာထက် ပိုပြီး မဝတ်ဆင်သင့်ပါဘူး။ သင့်ကို ပိုပြီးတောဆန်စေတယ်။ တကယ်လို့ နားကပ် ဝတ်မယ်ဆိုရင် လည်ဆွဲမဝတ်ပါနဲ့။ လည်ဆွဲဝတ်မယ်ဆိုရင်လည်း တခြားအရာတွေ မဝတ်ဆင်ပါနဲ့။ ဒါမှသာ သင့်ရဲ့ဖက်ရှင်က ပိုပေါ်လွင်စေမှာပါ။

၆။ သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေ

6
ဒေါက်ဖိနပ်တွေဟာ သင့်ကို လှပစေပြီး မိန်းမဆန်စေတယ်။ ဒါပင်မဲ့ သင့်ကို သက်တောင့်သက်သာရှိစေမှာမဟုတ်ဘူး။ အဲ့ဒီအစား ပေါ့ပေါ့ပါးပါးရှိတဲ့ sneaker ဖိနပ်တွေကို ရွေးချယ်ပါ။

 

Author:TDA

 

Read 10111 times
Rate this item
(2 votes)