ကိုယ့်ကို တစ်ဖက်သူက မြင်လိုက်တာနဲ့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ တန်းပြီးသိနိုင်ဖို့ ဖက်ရှင်က ပံ့ပိုးပေးနိုင်ပါတယ်။
ဒါကြောင့် ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တဲ့အခါမှာ ရှောင်ကြဉ်သင့်တဲ့ အဝတ်အစား(၅)မျိုးကို ပြောပြချင်ပါတယ်။
၁။ Junk Clothing
ပျက်စီးနေပြီးသား ပွန်းပဲ့နေပြီးသား အဝတ်အစားတွေကို ဝတ်ဆင်ခြင်း ဝယ်ယူခြင်းကနေ ရှောင်ကြဉ်ပါ။ တခါတလေ ဗီရိုထဲမှာ သိမ်းထားတဲ့ ကိုယ်အရမ်းကြိုက်တဲ့ အဝတ်အစားက ကြွက်ကိုက်ခံရတာမျိုး ခြစ်မိသွားတာမျိုး မီးပူတိုက်မိလို့ အပူကပ်သွားတာမျိုးဆိုရင် မဝတ်သင့်တော့ပါဘူး။ ဒါ့အပြင် ရေလျှော်ရလွန်းလို့ မွဲခြောက်ခြောက် စကပ်တွေ ဖိနပ်တွေ ဝတ်ဆင်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကိုလည်း အရောင်မှိန်စေပြီး လှပတင့်တယ်မှုလည်းမရှိပါဘူး။
၂။ လုံးဝမဝတ်ဖြစ်တဲ့အဝတ်အစား (သို့) တစ်ခါပဲဝတ်ဖြစ်ခဲ့တဲ့အဝတ်အစား
ဖြစ်တတ်ပါတယ်။ ကိုယ်ဝယ်လိုက်ပေမဲ့ တစ်ခါပဲဝတ်လို့ရတာမျိုး လုံးဝမဝတ်ဖြစ်တဲ့အဝတ်အစားမျိုးကို ဝယ်ယူခြင်းကနေ ရှောင်ကြဉ်ပါ။ ကိုယ့်ရဲ့ လှပတင့်တယ်မှုကို ပေါ်လွင်ခြင်းမရှိတဲ့ အဝတ်အစားမျိုးကို မဝယ်တာအကောင်းဆုံးပါပဲ။ တကယ်လို့ တစ်နေရာရာသွားဖို့အတွက် ရည်ရွယ်ထားတယ်ဆိုရင်တော့ သေချာသိမ်းထားပါ။ တစ်ချိန်ချိန်မှာ အသုံးလိုလာပါလိမ့်မယ်။
၃။ ကိုယ်နဲ့ မတော်တဲ့အဝတ်အစားများ
ကိုယ်အရမ်းကြိုက်လို့ဝယ်ထားပေမဲ့ ကိုယ့်အသားအရောင်နဲ့မလိုက်တာ ကိုယ်ကပိန်လွန်းပြီး အဝတ်အစားက ကြီးနေတာ ရှည်လွန်းနေတာ တိုလွန်းနေတာ စတဲ့စတဲ့ အဝတ်အစားမျိုးကို ဝယ်ယူခြင်း ဝတ်ဆင်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။
၎။ အိမ်နေရာင်းအဝတ်အစားများ
ဒီအဝတ်အစားတွေကို အပြင်မှာ လုံးဝမဝတ်ဆင်သင့်ပါဘူး။ မွဲခြောက်ခြောက် တီရှပ်နဲ့ ရောဂကျင့်ရာမှာ ဝတ်တဲ့ ဘောင်းဘီမျိုးကို တွဲဖက်ဝတ်ဆင်ပြီး မသွားသင့်ပါဘူး။ တစ်ခြားသူ သင့်ကိုမြင်တဲ့အခါ အရမ်းကို ပျင်းရိနေတယ်လို့ ခံစားရပါလိမ့်မယ်။
၅။ ကိုယ်ကြိုက်တဲ့အဝတ်အစားကို တစ်ချိန်လုံးဝတ်ဆင်ခြင်း
ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုပုံစံကို အမြဲပြောင်းလဲသင့်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ အကြိုက်တွေပြောင်းသွားတတ်သလို ဝတ်စားဆင်ယင်မှုပုံစံကိုလည်း ပြောင်းလဲလိုက်တာအကောင်းဆုံးပါ။ ကိုယ်ကြိုက်တဲ့အဝတ်အစားကို ဘယ်သွားသွား တစ်ခါလာလည်းဒါ တစ်ခါလာလည်းဒါဆိုတာမျိုး မဝတ်သင့်ပါဘူး။
Source:my style